လုပ်ထုံးလုပ်နည်း ချွတ်ယွင်းချက်ကြောင့် ၁၅ မှတ်လျှော့ခံထားရမှုမှ လွတ်မြောက်လာရန် မျှော်လင့်ချက်ရှိလာတဲ့ ဂျူဗင်တပ်

စီးရီးအေထိပ်သီးဂျူဗင်တပ်ဟာလုပ်ထုံးလုပ်နည်းချွတ်ယင်းချက်ကြောင့်စီးရီးအေတွင်ရမှတ်၁၅မှတ်လျှော့ချခြင်းခံထားရမှုမှလွတ်မြောက်လာရေးမျှော်လင့်ချက်ရှိလာပါတယ်။

ယခုနှစ်အစောပိုင်းတုန်းကဂျူဗင်တပ်ဟာဘဏ္ဍာရေးစာရင်းလိမ်ပြမှုကြောင့်ကြီးမားတဲ့ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ La Gazzetta dello Sport ကဂျူဗင်တပ်အသင်းရဲ့ရှေ့နေများက၎င်းတို့အားစုံစမ်းစစ်ဆေးမှုများမှာယခင်ကာလများတုန်းကအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ရာအကျုံးမဝင်ခြင်းမရှိကြောင်းတရားရုံးတွင်တင်ပြထားပါတယ်။

ဂျူဗင်တပ်ရှေ့နေများကစုံစမ်းစစ်ဆေးမှုမှာ၂၀၂၁ခုနှစ်၊ဧပြီလ၂၁ရက်နေ့တွင်မှစတင်ကာရက်၆၀ကြာစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဇူလိုင်လ၁၄ရက်နေ့နှင့်နောက်ပိုင်းစာရွက်စာတမ်းများမှာစစ်ဆေးမှုတွင်အကျုံးမဝင်ကြောင်းဆိုထားပါတယ်။

ဂျူဗင်တပ်ဟာဇူလိုင်လ၁၄ရက်နေ့နောက်ပိုင်းဘဏ္ဍာရေးဆိုင်ရာအချက်အလက်စာရွက်စာတမ်းအပြည့်အစုံမပြသနိုင်မှုကြောင့်ရမှတ်၁၅မှတ်လျှော့ချခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

တဖက်တွင်ဂျူဗင်တပ်အားကစားဒါရိုက်တာဖီဒီရီကိုနှင့်ယခင်အားကစားဒါရိုက်တာဖေဘီယိုပါရာတီခီတို့မှာအယူခံအောင်မြင်သွားကြ၍ ဘောလုံးလောကတွင်ဆက်လက်တာဝန်ထမ်းဆောင်နိုင်ပါမယ်။

ယင်းသို့သောအခြေအနေများကြောင့်ဂျူဗင်တပ်ဟာအယူခံအောင်မြင်မှုရရှိလာလိမ့်မယ်အပြည့်အဝယုံကြည်နေပြီဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဂျူဗင်တပ်ဟာအမှတ်ပေးဇယားအဆင့်၇နေရာတွင်ရပ်တည်နေပြီးချန်ပီယံလိဂ်ဝင်ခွင့်အဆင့်၄နေရာမှရိုးမားနှင့်ရမှတ်၁၂မှတ်တည်းသာကွာဟပါတယ်။တကယ်လို့များရမှတ်၁၅မှတ်အလျှော့မခံရပါကဂျူဗင်တပ်ဟာဒုတိယနေရာမှအင်တာမီလန်နှင့်ရမှတ်၅၀အတူတူဖြစ်လာပါမယ်။

 

ZawGyi

လုပ္ထုံးလုပ္နည္း ခြၽတ္ယြင္းခ်က္ေၾကာင့္ ၁၅ မွတ္ေလွ်ာ့ခံထားရမႈမွ လြတ္ေျမာက္လာရန္ ေမွ်ာ္လင့္ခ်က္ရွိလာတဲ့ ဂ်ဴဗင္တပ္

စီးရီးေအထိပ္သီးဂ်ဴဗင္တပ္ဟာလုပ္ထုံးလုပ္နည္းခြၽတ္ယင္းခ်က္ေၾကာင့္စီးရီးေအတြင္ရမွတ္၁၅မွတ္ေလွ်ာ့ခ်ျခင္းခံထားရမႈမွလြတ္ေျမာက္လာေရးေမွ်ာ္လင့္ခ်က္ရွိလာပါတယ္။

ယခုႏွစ္အေစာပိုင္းတုန္းကဂ်ဴဗင္တပ္ဟာဘ႑ာေရးစာရင္းလိမ္ျပမႈေၾကာင့္ႀကီးမားတဲ့ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

ဒါေပမဲ့ La Gazzetta dello Sport ကဂ်ဴဗင္တပ္အသင္းရဲ႕ေရွ႕ေနမ်ားက၎တို႔အားစုံစမ္းစစ္ေဆးမႈမ်ားမွာယခင္ကာလမ်ားတုန္းကအျဖစ္အပ်က္ကိုစုံစမ္းစစ္ေဆးခဲ့ျခင္းျဖစ္ရာအက်ဳံးမဝင္ျခင္းမရွိေၾကာင္းတရား႐ုံးတြင္တင္ျပထားပါတယ္။

ဂ်ဴဗင္တပ္ေရွ႕ေနမ်ားကစုံစမ္းစစ္ေဆးမႈမွာ၂၀၂၁ခုႏွစ္၊ဧၿပီလ၂၁ရက္ေန႔တြင္မွစတင္ကာရက္၆၀ၾကာစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ဇူလိုင္လ၁၄ရက္ေန႔ႏွင့္ေနာက္ပိုင္းစာ႐ြက္စာတမ္းမ်ားမွာစစ္ေဆးမႈတြင္အက်ဳံးမဝင္ေၾကာင္းဆိုထားပါတယ္။

ဂ်ဴဗင္တပ္ဟာဇူလိုင္လ၁၄ရက္ေန႔ေနာက္ပိုင္းဘ႑ာေရးဆိုင္ရာအခ်က္အလက္စာ႐ြက္စာတမ္းအျပည့္အစုံမျပသႏိုင္မႈေၾကာင့္ရမွတ္၁၅မွတ္ေလွ်ာ့ခ်ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

တဖက္တြင္ဂ်ဴဗင္တပ္အားကစားဒါ႐ိုက္တာဖီဒီရီကိုႏွင့္ယခင္အားကစားဒါ႐ိုက္တာေဖဘီယိုပါရာတီခီတို႔မွာအယူခံေအာင္ျမင္သြားၾက၍ ေဘာလုံးေလာကတြင္ဆက္လက္တာဝန္ထမ္းေဆာင္ႏိုင္ပါမယ္။

ယင္းသို႔ေသာအေျခအေနမ်ားေၾကာင့္ဂ်ဴဗင္တပ္ဟာအယူခံေအာင္ျမင္မႈရရွိလာလိမ့္မယ္အျပည့္အဝယုံၾကည္ေနၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဂ်ဴဗင္တပ္ဟာအမွတ္ေပးဇယားအဆင့္၇ေနရာတြင္ရပ္တည္ေနၿပီးခ်န္ပီယံလိဂ္ဝင္ခြင့္အဆင့္၄ေနရာမွ႐ိုးမားႏွင့္ရမွတ္၁၂မွတ္တည္းသာကြာဟပါတယ္။တကယ္လို႔မ်ားရမွတ္၁၅မွတ္အေလွ်ာ့မခံရပါကဂ်ဴဗင္တပ္ဟာဒုတိယေနရာမွအင္တာမီလန္ႏွင့္ရမွတ္၅၀အတူတူျဖစ္လာပါမယ္။