လုပ်ပွဲကစားမှုပျက်သွားအောင် ကိုယ့်ဂိုးကို နှစ်ကြိမ်သွင်းခဲ့တဲ့ ဂါနာပရီးမီးယားလိဂ်နောက်ခံလူ

ဂါနာပရီးမီးယားလိဂ်မှနောက်ခံလူတစ်ဦးဟာအသင်းကလုပ်ပွဲကစားနေမှုကိုသိရှိရပြီးနောက်လုပ်ပွဲပျက်ပြယ်သွားအောင်ကိုယ့်ဂိုးကိုယ်နှစ်ဂိုးသွင်းယူခဲ့ကြောင်းသိရပါတယ်။

အင်တာအယ်လစ်နောက်ခံလူမတ်ရှ်မန်းမူဆာဟာပြီးခဲ့တဲ့အပတ်တုန်းကအရှန်တီဂိုးနှင့်ပွဲစဉ်မှာလုပ်ပွဲကစားနေကြောင်းသိရပြီးနောက်လုပ်ပွဲပျက်ပြယ်သွားအောင်ကိုယ့်ဂိုးကိုယ်နှစ်ဂိုသွင်းခဲ့တာလည်းဖြစ်ပါတယ်။

အယ်လစ်ကအရှန်တီဂိုးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်နေချိန်တွင်မူဆာဟာပွဲပြီးခါနီး၁၂မိနစ်အတွင်းမှာ ၂ဂိုးသွင်းခဲ့တာဖြစ်ပြီး၇-၀ရလဒ်ဖြစ်သွားပြီးနောက်ချက်ချင်းလူစားလဲခြင်းခံခဲ့ရပါတယ်။

ပွဲအပြီးတွင်မူဆာက “နည်းပြကိုကျွန်တော်သာအရန်ခုံကနေဝင်ကစားခွင့်ရမယ်ဆိုရင်လောင်းကြေးပျက်အောင်လုပ်မယ်လို့ကတိပေးခဲ့ပါတယ်။အသင်းဟိုတယ်မှာရှိနေတုန်းက လောင်းကြေးတစ်ခုနဲ့ပတ်သက်ပြီးကြားခဲ့ရပါတယ်။ကျွန်တော်ကလပ်အင်တာအယ်လီကို၅-၁ဂိုးနဲ့အနိုင်ရမယ်ဆိုပြီးလောင်းကြေးထိုးသံကြားခဲ့ရပါတယ်။ဒီတော့လောင်းကြေးထပ်ထားတာပျက်သွားအောင်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

မူဆာဟာကိုယ့်ဂိုးကိုယ်နှစ်ဂိုးသွင်းပြီးနောက်ချက်ချင်းပင်လူစားလဲခြင်းခံခဲ့ရပြီးကလပ်မှာလည်းအမှတ်ပေးဇယားကြမ်းခင်းမှာရပ်တည်ကာတန်းဆင်းခဲ့ရပါတယ်။

အေရှန်တီဂိုးက၎င်းတို့ဟာပွဲချိန်ပြည့်အားသွန်ခွန်စိုက်ဖြင့်ကစားခဲ့ပြီးအသင်းရဲ့ကြိုးစားအားထုတ်မှုဖြင့်ကြီးကျယ်တဲ့ဂိုး၅ဂိုးရခဲ့ကြောင်း၊ပွဲပြီးရန်၁၃မိနစ်တွင်ပြိုင်ဘက်ကစားသမားက ကိုယ့်ဂိုးကိုယ်နှစ်ကြိမ်သွင်းမှုအပေါ်နားမလည်နိုင်အောင်ဖြစ်ရကြောင်း၊လုပ်ပွဲမကစားခဲ့ကြောင်းကြေညာသွားပါတယ်။

လက်ရှိအချိန်တွင်ဂါနာဘောလုံးအဖွဲ့ချုပ်ကအထက်ပါအဖြစ်အပျက်အားစုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းကြေညာသွားပါတယ်။

ZawGyi

လုပ္ပြဲကစားမႈပ်က္သြားေအာင္ ကိုယ့္ဂိုးကို ႏွစ္ႀကိမ္သြင္းခဲ့တဲ့ ဂါနာပရီးမီးယားလိဂ္ေနာက္ခံလူ

ဂါနာပရီးမီးယားလိဂ္မွေနာက္ခံလူတစ္ဦးဟာအသင္းကလုပ္ပြဲကစားေနမႈကိုသိရွိရၿပီးေနာက္လုပ္ပြဲပ်က္ျပယ္သြားေအာင္ကိုယ့္ဂိုးကိုယ္ႏွစ္ဂိုးသြင္းယူခဲ့ေၾကာင္းသိရပါတယ္။

အင္တာအယ္လစ္ေနာက္ခံလူမတ္ရွ္မန္းမူဆာဟာၿပီးခဲ့တဲ့အပတ္တုန္းကအရွန္တီဂိုးႏွင့္ပြဲစဥ္မွာလုပ္ပြဲကစားေနေၾကာင္းသိရၿပီးေနာက္လုပ္ပြဲပ်က္ျပယ္သြားေအာင္ကိုယ့္ဂိုးကိုယ္ႏွစ္ဂိုသြင္းခဲ့တာလည္းျဖစ္ပါတယ္။

အယ္လစ္ကအရွန္တီဂိုးအား၅-၀ဂိုးျဖင့္ရႈံးနိမ့္ေနခ်ိန္တြင္မူဆာဟာပြဲၿပီးခါနီး၁၂မိနစ္အတြင္းမွာ ၂ဂိုးသြင္းခဲ့တာျဖစ္ၿပီး၇-၀ရလဒ္ျဖစ္သြားၿပီးေနာက္ခ်က္ခ်င္းလူစားလဲျခင္းခံခဲ့ရပါတယ္။

ပြဲအၿပီးတြင္မူဆာက “နည္းျပကိုကြၽန္ေတာ္သာအရန္ခုံကေနဝင္ကစားခြင့္ရမယ္ဆိုရင္ေလာင္းေၾကးပ်က္ေအာင္လုပ္မယ္လို႔ကတိေပးခဲ့ပါတယ္။အသင္းဟိုတယ္မွာရွိေနတုန္းက ေလာင္းေၾကးတစ္ခုနဲ႔ပတ္သက္ၿပီးၾကားခဲ့ရပါတယ္။ကြၽန္ေတာ္ကလပ္အင္တာအယ္လီကို၅-၁ဂိုးနဲ႔အႏိုင္ရမယ္ဆိုၿပီးေလာင္းေၾကးထိုးသံၾကားခဲ့ရပါတယ္။ဒီေတာ့ေလာင္းေၾကးထပ္ထားတာပ်က္သြားေအာင္လုပ္ဖို႔ဆုံးျဖတ္ခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မူဆာဟာကိုယ့္ဂိုးကိုယ္ႏွစ္ဂိုးသြင္းၿပီးေနာက္ခ်က္ခ်င္းပင္လူစားလဲျခင္းခံခဲ့ရၿပီးကလပ္မွာလည္းအမွတ္ေပးဇယားၾကမ္းခင္းမွာရပ္တည္ကာတန္းဆင္းခဲ့ရပါတယ္။

ေအရွန္တီဂိုးက၎တို႔ဟာပြဲခ်ိန္ျပည့္အားသြန္ခြန္စိုက္ျဖင့္ကစားခဲ့ၿပီးအသင္းရဲ႕ႀကိဳးစားအားထုတ္မႈျဖင့္ႀကီးက်ယ္တဲ့ဂိုး၅ဂိုးရခဲ့ေၾကာင္း၊ပြဲၿပီးရန္၁၃မိနစ္တြင္ၿပိဳင္ဘက္ကစားသမားက ကိုယ့္ဂိုးကိုယ္ႏွစ္ႀကိမ္သြင္းမႈအေပၚနားမလည္ႏိုင္ေအာင္ျဖစ္ရေၾကာင္း၊လုပ္ပြဲမကစားခဲ့ေၾကာင္းေၾကညာသြားပါတယ္။

လက္ရွိအခ်ိန္တြင္ဂါနာေဘာလုံးအဖြဲ႕ခ်ဳပ္ကအထက္ပါအျဖစ္အပ်က္အားစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္းေၾကညာသြားပါတယ္။