လူကာကူကို ပေါင်၉၇.၅သန်းဖြင့်ခေါ်ယူခဲ့ပေမယ့် အပြောင်းအရွှေ့မှာ ပေါင် ၃၈ သန်းအမြတ်ထွက်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကရိုမဲလူလူကာကူကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၉၇.၅သန်းသုံးစွဲကာခေါ်ယူခဲ့ပေမယ့်နွေရာသီတွင်ပေါင်၃၈သန်းဝန်းကျင်အမြတ်ထွက်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်ဘီလျှံနာရိုမန်အေဘရာမိုဗစ်ချ်ဟာသောမတ်စ်တူချယ်အားဥရောပချန်ပီယံဘွဲ့ကာကွယ်ရန်ငွေများစွာသုံးခွင့်ပြုခဲ့ပါတယ်။

ချဲလ်ဆီးဟာလူကာကူအားခေါ်ယူလိုက်မှုနဲ့အတူပရီးမီးယားလိဂ်ဖလားအတွက်အဓိကစိန်ခေါ်သူဖြစ်လာခဲ့ပါတယ်။

 

ဒါ့အပြင်၎င်းတို့ဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးမိနစ်မှာအက်သလက်တီကိုဆောလ်နီဂွက်ဇ်ကိုပေါင်၄.၅သန်းဖြင့်အငှားဖြင့်ခေါ်ယူခဲ့ပါတယ်။၎င်းတို့ဟာဖူလ်ဟမ်ဂိုးသမားဟောင်းဘက်တီနယ်လီကိုလည်းအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့ပါတယ်။

ချဲလ်ဆီးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်စုစုပေါင်ပေါင်၁၀၂သန်းအထိအသုံးပြုခဲ့ပါတယ်။

တစ်ဖက်တွင်ချဲလ်ဆီးဟာအသင်းရဲ့ကစားသမားများကိုရောင်းချမှုကနေငွေများစွာပြန်ရှာနိုင်ခဲ့ပါတယ်။၎င်းတို့ဟာနွေရာသီမှာအေဘရာဟမ်ကိုရိုးမားသို့ပေါင်၃၈.၅သန်းဖြင့်လည်းကောင်း၊တိုမိုရီကိုအေစီမီလန်သို့ပေါင်သန်း၃၀ဖြင့်လည်းကောင်း၊ဇူးမားကိုဝက်စ်ဟမ်းသို့ပေါင်သန်း၃၀ဖြင့်လည်းကောင်းရောင်းချမှုအပါအဝင်ကစားသမားရောင်းချမှုမှပေါင်သန်းတစ်ရာကျော်ရှာဖွေနိုင်ခဲ့ပါတယ်။

ZawGyi

လူကာကူကို ေပါင္၉၇.၅သန္းျဖင့္ေခၚယူခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕မွာ ေပါင္ ၃၈ သန္းအျမတ္ထြက္ခဲ့တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းက႐ိုမဲလူလူကာကူကိုကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၉၇.၅သန္းသုံးစြဲကာေခၚယူခဲ့ေပမယ့္ေႏြရာသီတြင္ေပါင္၃၈သန္းဝန္းက်င္အျမတ္ထြက္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ဘီလွ်ံနာ႐ိုမန္ေအဘရာမိုဗစ္ခ်္ဟာေသာမတ္စ္တူခ်ယ္အားဥေရာပခ်န္ပီယံဘြဲ႕ကာကြယ္ရန္ေငြမ်ားစြာသုံးခြင့္ျပဳခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာလူကာကူအားေခၚယူလိုက္မႈနဲ႔အတူပရီးမီးယားလိဂ္ဖလားအတြက္အဓိကစိန္ေခၚသူျဖစ္လာခဲ့ပါတယ္။

ဒါ့အျပင္၎တို႔ဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးမိနစ္မွာအက္သလက္တီကိုေဆာလ္နီဂြက္ဇ္ကိုေပါင္၄.၅သန္းျဖင့္အငွားျဖင့္ေခၚယူခဲ့ပါတယ္။၎တို႔ဟာဖူလ္ဟမ္ဂိုးသမားေဟာင္းဘက္တီနယ္လီကိုလည္းအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္စုစုေပါင္ေပါင္၁၀၂သန္းအထိအသုံးျပဳခဲ့ပါတယ္။

တစ္ဖက္တြင္ခ်ဲလ္ဆီးဟာအသင္းရဲ႕ကစားသမားမ်ားကိုေရာင္းခ်မႈကေနေငြမ်ားစြာျပန္ရွာႏိုင္ခဲ့ပါတယ္။၎တို႔ဟာေႏြရာသီမွာေအဘရာဟမ္ကို႐ိုးမားသို႔ေပါင္၃၈.၅သန္းျဖင့္လည္းေကာင္း၊တိုမိုရီကိုေအစီမီလန္သို႔ေပါင္သန္း၃၀ျဖင့္လည္းေကာင္း၊ဇူးမားကိုဝက္စ္ဟမ္းသို႔ေပါင္သန္း၃၀ျဖင့္လည္းေကာင္းေရာင္းခ်မႈအပါအဝင္ကစားသမားေရာင္းခ်မႈမွေပါင္သန္းတစ္ရာေက်ာ္ရွာေဖြႏိုင္ခဲ့ပါတယ္။