လူကာကူကို ပေါင် ၉၇.၅ သုံးပြီးခေါ်ယူဖို့အတွက် ကစားသမားကိုးဦးရင်းခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာယခုနွေရာသီအပြောင်းအရွှေ့မှာအသားတင်အပြောင်းအရွှေ့အသုံးစရိတ် ပေါင်၁.၅သန်းသာရှိသေးကြောင်းသိရပါတယ်။

ချဲလ်ဆီးဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာဖူလ်ဟမ်မှထွက်ခွာလာတဲ့မားကပ်စ်ဘက်တီနယ်လီအပါအဝင်ကစားသမားနှစ်ဦးတည်းသာကိုသာခေါ်ယူထားပါသေးတယ်။

ချဲလ်ဆီးဟာယခုနွေမှာဒုတိယမြောက်အပြောင်းအရွှေ့အဖြစ်အင်တာမီလန်တိုက်စစ်မှူးလူကာကူအားပြောင်းရွှေ့ကြေးပေါင်၉၇.၅သန်းဖြင့်စတမ်းဖို့ဒ်ဘရစ်ချ်သို့ပြန်လည်ခေါ် ဆောင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာလူကာကူအားစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြန်လည်ခေါ်ဆောင်နိုင်ရန်အတွက်ကစားသမားစုစုပေါင်း၉ဦးအထိရောင်းချမှုပြုလုပ်ခဲ့ရပါတယ်။

ဦးစွာချဲလ်ဆီးဟာဖီကာယိုတိုမိုရီကိုအေစီမီလန်သို့ပေါင်၂၅သန်းဖြင့်ရောင်းချခဲ့ပြီးအင်္ဂလန်ယူ-၂၁ဗဟိုနောက်ခံလူကိုခရစ္စတယ်ပဲလေ့စ်သို့ပေါင်သန်း၂၀ဖြင့်ရောင်းချခဲ့ပါတယ်။

ယင်းနောက်ချဲလ်ဆီးဟာဝါရင့်တိုက်စစ်မှူးဂျရူးကိုအေစီမီလန်သို့ပေါင်၁သန်းဖြင့်လည်းကောင်း၊အငှား၆ကြိမ်တိုင်တိုင်ချထားတဲ့ဗစ်တာမော့စ်ကိုစပါးတပ်မော်စကိုသို့ပေါင်၄သန်းဖြင့်လည်းကောင်း၊လီဗာမန်တိုနှင့်ဆီမြူးတို့ကိုဆောက်သမ်တန်သို့ပေါင်၅သန်း၊ပေါင်၁.၅သန်းဖြင့်လည်းကောင်း၊လီဝစ်ဘိတ်ကိုလိဒ်သို့ပေါင်၁.၅သန်းဖြင့်လည်းကောင်း၊အူဘိုကိုဂျန့်သို့ပေါင်၄သန်းဖြင့်လည်းကောင်းရောင်းချခဲ့ပါတယ်။

ချဲလ်ဆီးဟာနောက်ဆုံးရောင်းချမှုအဖြစ်အင်္ဂလန်တိုက်စစ်မှူးအေဘရာဟမ်ကိုရိုးမားသို့ပေါင်၃၄သန်းဖြင့်ရောင်းချခဲ့ပါတယ်။

ချဲလ်ဆီးဟာယခုနွေရာသီမှာအပြောင်းအရွှေ့ကိစ္စလုပ်ဆောင်မှုပြီးစီးပုံမရသေးပါဘူး။၎င်းတို့ဟာဆီဗီလာစတားခွန်ဒီကိုအပြောင်းအရွှေ့ဈေးကွက်မပိတ်မီခေါ်ယူဖို့စီစဉ်ထားပါသေးတယ်။

zawgyi

လူကာကူကို ေပါင္ ၉၇.၅ သုံးၿပီးေခၚယူဖို႔အတြက္ ကစားသမားကိုးဦးရင္းခဲ့ရတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာအသားတင္အေျပာင္းအေ႐ႊ႕အသုံးစရိတ္ ေပါင္၁.၅သန္းသာရွိေသးေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာဖူလ္ဟမ္မွထြက္ခြာလာတဲ့မားကပ္စ္ဘက္တီနယ္လီအပါအဝင္ကစားသမားႏွစ္ဦးတည္းသာကိုသာေခၚယူထားပါေသးတယ္။

ခ်ဲလ္ဆီးဟာယခုေႏြမွာဒုတိယေျမာက္အေျပာင္းအေ႐ႊ႕အျဖစ္အင္တာမီလန္တိုက္စစ္မႉးလူကာကူအားေျပာင္းေ႐ႊ႕ေၾကးေပါင္၉၇.၅သန္းျဖင့္စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ျပန္လည္ေခၚ ေဆာင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာလူကာကူအားစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ျပန္လည္ေခၚေဆာင္ႏိုင္ရန္အတြက္ကစားသမားစုစုေပါင္း၉ဦးအထိေရာင္းခ်မႈျပဳလုပ္ခဲ့ရပါတယ္။

ဦးစြာခ်ဲလ္ဆီးဟာဖီကာယိုတိုမိုရီကိုေအစီမီလန္သို႔ေပါင္၂၅သန္းျဖင့္ေရာင္းခ်ခဲ့ၿပီးအဂၤလန္ယူ-၂၁ဗဟိုေနာက္ခံလူကိုခရစၥတယ္ပဲေလ့စ္သို႔ေပါင္သန္း၂၀ျဖင့္ေရာင္းခ်ခဲ့ပါတယ္။

ယင္းေနာက္ခ်ဲလ္ဆီးဟာဝါရင့္တိုက္စစ္မႉးဂ်႐ူးကိုေအစီမီလန္သို႔ေပါင္၁သန္းျဖင့္လည္းေကာင္း၊အငွား၆ႀကိမ္တိုင္တိုင္ခ်ထားတဲ့ဗစ္တာေမာ့စ္ကိုစပါးတပ္ေမာ္စကိုသို႔ေပါင္၄သန္းျဖင့္လည္းေကာင္း၊လီဗာမန္တိုႏွင့္ဆီျမဴးတို႔ကိုေဆာက္သမ္တန္သို႔ေပါင္၅သန္း၊ေပါင္၁.၅သန္းျဖင့္လည္းေကာင္း၊လီဝစ္ဘိတ္ကိုလိဒ္သို႔ေပါင္၁.၅သန္းျဖင့္လည္းေကာင္း၊အူဘိုကိုဂ်န႔္သို႔ေပါင္၄သန္းျဖင့္လည္းေကာင္းေရာင္းခ်ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာေနာက္ဆုံးေရာင္းခ်မႈအျဖစ္အဂၤလန္တိုက္စစ္မႉးေအဘရာဟမ္ကို႐ိုးမားသို႔ေပါင္၃၄သန္းျဖင့္ေရာင္းခ်ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာယခုေႏြရာသီမွာအေျပာင္းအေ႐ႊ႕ကိစၥလုပ္ေဆာင္မႈၿပီးစီးပုံမရေသးပါဘူး။၎တို႔ဟာဆီဗီလာစတားခြန္ဒီကိုအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီေခၚယူဖို႔စီစဥ္ထားပါေသးတယ္။