လူကာကူကို ဘယ်လိုအသုံးပြုရမလဲ ချဲလ်ဆီးမသိကြောင်း ကွန်တီပြောကြားလာ

အန်တိုနီယိုကွန်တီကချဲလ်ဆီးအသင်းမှာရိုမဲလူလူကာကူအားဘယ်လိုအသုံးပြုရမလဲဆိုတာမသိကြောင်းနှင့်သောမတ်စ်တူချယ်ဟာဘယ်လ်ဂျီယံတိုက်စစ်မှူးရဲ့အကောင်းဆုံးအရည်အသွေးထွက်ပေါ်လာအောင်ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းပြောကြားလိုက်ပါတယ်။

လူကာကူဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကအင်တာမီလန်မှအသင်းဟောင်းသို့ပေါင်၉၈သန်းဖြင့်ပြန်ရောက်လာခဲ့သူဖြစ်ပြီးပထမဆုံးကစားတဲ့လေးပွဲတွင်လေးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်အင်တာမီလန်တွင်လူကာကူတွဲခဲ့ဖူးတဲ့အန်တိုနီယိုကွန်တီကချဲလ်ဆီးအနေဖြင့် လက်ရှိအသုံးပြုနေတဲ့နည်းကိုမသုံးဘဲကွဲပြားတဲ့စနစ်ကိုအသုံးပြုပါက ဘယ်လ်ဂျီယံတိုက်စစ်မှူးရဲ့သွင်းဂိုးပိုမိုမြင်တွေ့ရမယ်လို့ဆိုလာပါတယ်။

လူကာကူဟာမနေ့ညတုန်းကဂျူဗင်တပ်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ဂိုးမသွင်းနိုင်ခဲ့ပြီးနောက်သုံးပွဲဆက်ဂိုးပေါက်ပျောက်နေပါတယ်။

ကွန်တီက “သူ့မှာနည်းစနစ်ပိုင်းအားလုံးရှိနေတော့ဒီထက်ပိုကောင်းအောင်လုပ်နိုင်သေးတယ်။သူကတကယ့်ထိပ်တန်းအဆင့်အတွက်အသင့်ဖြစ်နေတဲ့သူပါ။ဒါပေမယ့်ကစားသမားတစ်ဦးဟာအနားမယူခင်နေ့အထိတိုးတက်နေရပါမယ်။ပွဲချိန်အတွင်းမှာ လူကာကူအပြောင်းအလဲလုပ်နိုင်တဲ့အခိုက်ကာလရှိပါတယ်။သူကကွင်းရဲ့ဘယ်နေရာမှာမဆိုထိခိုက်အောင်လုပ်နိုင်တဲ့သူဖြစ်တာကြောင့်ရင်ဆိုင်ရခက်ခဲတဲ့သူပါ။သူလို့ဗဟိုတိုက်စစ်မှူးတစ်ဦးပိုင်ဆိုင်ထားရင်သူ့ကိုသုံးရပါမယ်။ချဲလ်ဆီးကတော့သူ့ကိုဘယ်သုံးရမလဲဆိုတာသိပုံမရပါဘူး။ပြီးခဲ့တဲ့ရာသီတုန်းကသူတို့မှာအထောင်တိုက်စစ်မှူးမရှိခဲ့ပါဘူး။နေရာအပြောင်းအလဲတွေလုပ်ပြီးတော့ဘဲသုံးခဲ့ပါတယ်။ချဲလ်ဆီးအနေဖြင့်လူကာကူကိုအသုံးပြုတတ်သွားရင်သူတို့ကဒီရာသီမှာချန်ပီယံလိဂ်မှာအနိုင်ယူရမယ့်အသင်းဖြစ်လာပါလိမ့်မယ်”လို့ပြောကြားခဲ့ပါတယ်။

လူကာကူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက၂၄ဂိုးသွင်းယူကာကွန်တီရဲ့အင်တာမီလန်အား၁၁နှစ်အတွင်းပထမဆုံးစီးရီးအေဖလားရရှိအောင်ကူညီခဲ့ပါတယ်။

ZawGyi

လူကာကူကို ဘယ္လိုအသုံးျပဳရမလဲ ခ်ဲလ္ဆီးမသိေၾကာင္း ကြန္တီေျပာၾကားလာ

အန္တိုနီယိုကြန္တီကခ်ဲလ္ဆီးအသင္းမွာ႐ိုမဲလူလူကာကူအားဘယ္လိုအသုံးျပဳရမလဲဆိုတာမသိေၾကာင္းႏွင့္ေသာမတ္စ္တူခ်ယ္ဟာဘယ္လ္ဂ်ီယံတိုက္စစ္မႉးရဲ႕အေကာင္းဆုံးအရည္အေသြးထြက္ေပၚလာေအာင္ေဖာ္ထုတ္ႏိုင္ျခင္းမရွိေသးေၾကာင္းေျပာၾကားလိုက္ပါတယ္။

လူကာကူဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကအင္တာမီလန္မွအသင္းေဟာင္းသို႔ေပါင္၉၈သန္းျဖင့္ျပန္ေရာက္လာခဲ့သူျဖစ္ၿပီးပထမဆုံးကစားတဲ့ေလးပြဲတြင္ေလးဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္အင္တာမီလန္တြင္လူကာကူတြဲခဲ့ဖူးတဲ့အန္တိုနီယိုကြန္တီကခ်ဲလ္ဆီးအေနျဖင့္ လက္ရွိအသုံးျပဳေနတဲ့နည္းကိုမသုံးဘဲကြဲျပားတဲ့စနစ္ကိုအသုံးျပဳပါက ဘယ္လ္ဂ်ီယံတိုက္စစ္မႉးရဲ႕သြင္းဂိုးပိုမိုျမင္ေတြ႕ရမယ္လို႔ဆိုလာပါတယ္။

လူကာကူဟာမေန႔ညတုန္းကဂ်ဴဗင္တပ္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ဂိုးမသြင္းႏိုင္ခဲ့ၿပီးေနာက္သုံးပြဲဆက္ဂိုးေပါက္ေပ်ာက္ေနပါတယ္။

ကြန္တီက “သူ႔မွာနည္းစနစ္ပိုင္းအားလုံးရွိေနေတာ့ဒီထက္ပိုေကာင္းေအာင္လုပ္ႏိုင္ေသးတယ္။သူကတကယ့္ထိပ္တန္းအဆင့္အတြက္အသင့္ျဖစ္ေနတဲ့သူပါ။ဒါေပမယ့္ကစားသမားတစ္ဦးဟာအနားမယူခင္ေန႔အထိတိုးတက္ေနရပါမယ္။ပြဲခ်ိန္အတြင္းမွာ လူကာကူအေျပာင္းအလဲလုပ္ႏိုင္တဲ့အခိုက္ကာလရွိပါတယ္။သူကကြင္းရဲ႕ဘယ္ေနရာမွာမဆိုထိခိုက္ေအာင္လုပ္ႏိုင္တဲ့သူျဖစ္တာေၾကာင့္ရင္ဆိုင္ရခက္ခဲတဲ့သူပါ။သူလို႔ဗဟိုတိုက္စစ္မႉးတစ္ဦးပိုင္ဆိုင္ထားရင္သူ႔ကိုသုံးရပါမယ္။ခ်ဲလ္ဆီးကေတာ့သူ႔ကိုဘယ္သုံးရမလဲဆိုတာသိပုံမရပါဘူး။ၿပီးခဲ့တဲ့ရာသီတုန္းကသူတို႔မွာအေထာင္တိုက္စစ္မႉးမရွိခဲ့ပါဘူး။ေနရာအေျပာင္းအလဲေတြလုပ္ၿပီးေတာ့ဘဲသုံးခဲ့ပါတယ္။ခ်ဲလ္ဆီးအေနျဖင့္လူကာကူကိုအသုံးျပဳတတ္သြားရင္သူတို႔ကဒီရာသီမွာခ်န္ပီယံလိဂ္မွာအႏိုင္ယူရမယ့္အသင္းျဖစ္လာပါလိမ့္မယ္”လို႔ေျပာၾကားခဲ့ပါတယ္။

လူကာကူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက၂၄ဂိုးသြင္းယူကာကြန္တီရဲ႕အင္တာမီလန္အား၁၁ႏွစ္အတြင္းပထမဆုံးစီးရီးေအဖလားရရွိေအာင္ကူညီခဲ့ပါတယ္။