လူကာကူကို ရည်ရွယ်ပြီး ရေးသားသီဆိုထားတဲ့ သီချင်းတစ်ပုဒ်ထွက်ပေါ်လာ

အင်တာမီလန်တိုက်စစ်မှူးလူကာကူဟာအသင်းကို၁၁နှစ်ကြာဝေးကွာနေတဲ့စကူဒက်တိုဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီနိုင်ခဲ့ပြီးနောက်သူ့ကိုရည်ရွယ်ထားတဲ့သီချင်းတစ်ပုဒ်ထွက်ပေါ်ဂုဏ်ပြုခြင်းခံရပါတယ်။

ယင်းသီချင်းကို Tommy Kuti၊Yves the Male နှင့်Slim Gong တို့ကသီဆိုထားတာဖြစ်ပြီးသီချင်းအမည်က Numero 9 ဖြစ်ပါတယ်။

ယင်းသီချင်းကလူကာကူအင်တာမီလန်တွင်ဝတ်ဆင်တဲ့ကျောနံပါတ်၉ကိုရည်ရွယ်တာဖြစ်ပါတယ်။သီချင်းထဲမှာသူ့ကိုနောက်ခံလူများထိန်းချုပ်နိုင်ခြင်းမရှိတဲ့အကြောင်းပါဝင်ပါတယ်။

ဒါ့အပြင်ဇလာတန်အီဘရာဟီမိုဗစ်ကသူ့ကိုယ်သူ The King Of Milan လို့ပြောဆိုမှုကိုတုံ့ပြန်တဲ့အနေဖြင့်လူကာကူကို New King Of The Reign of Milano ဆိုပြီးတော့လည်းတင်စားသီဆိုထားတာတွေ့ရပါတယ်။

လူကာကူဟာယခုရာသီမှာစီးရီးအေမှာ၂၃ဂိုးအထိသွင်းယူပြီးအင်တာမီလန်ကိုစကူဒက်တိုဖလားရရှိအောင်ကူညီထားနိုင်ပါတယ်။

ZawGyi





