လူကာကူကဲ့သို့ ကစားသမားမျိုးကို ကလော့ပ်နှင့် ဂွါဒီယိုလာတို့ ဘယ်တော့မှ ခေါ်ယူမည်မဟုတ်

မန်ယူဂန္ထဝင်ကစားသမားဂယ်ရီနဗီးလ်ကမန်စီးတီးနည်းပြပက်ဂွါဒီယိုလာနှင့်လီဗာပူးနည်းပြဂျာဂင်ကလော့ပ်တို့မှာချဲလ်ဆီးသို့တစ်ကျော့ပြန်လာတဲ့ရိုမဲလူလူကာကူကဲ့သို့ကစားသမားမျိုးကိုဘယ်တော့မှခေါ်ယူလိမ့်မည်မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာမနေ့ညတုန်းကလူကာကူအားအင်တာမီလန်မှပေါင်၉၇.၅သန်းဖြင့်၅နှစ်စာချုပ်ချုပ်ဆိုကာခေါ်ယူလိုက်ပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာအေစီမီလန်သို့ဝါရင့်တိုက်စစ်မှူးဂျရူးပြောင်းရွှေ့သွားမှု၊တိုက်စစ်မှူးတီမိုဝါနာဂိုးသွင်းခြေပျောက်နေမှု၊အထောင်တိုက်စစ်မှူးလိုအပ်နေမှုတို့ကြောင့်လူကာကူအားခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအင်တာမီလန်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၄၄ပွဲကစားခဲ့ရာမှာဂိုး၃၀အထိသွင်းယူကာစကူဒက်တိုဖလားရရှိအောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်မန်ယူကစားသမားဟောင်းဂယ်ရီနဗီးလ်ကလီဗာပူးနှင့်မန်စီးတီးဟာလူကာကူရဲ့ကစားဟန်ကြောင့်မည်သည့်အခါမျှခေါ်ယူလိမ့်မည်မဟုတ်လို့ဆိုလာပါတယ်။

နဗီးလ်က “ဂျာဂင်ကလော့ပ်ကတော့လူကာကူကိုဘယ်တော့မှခေါ်ဆောင်မှာမဟုတ်ပါဘူး။ပက်ဂွါဒီယိုလာလည်းခေါ်မှာမဟုတ်ပါဘူး။ဒါပေမယ့်ချဲလ်ဆီးကအဲဒီလိုတိုက်စစ်မှူးမျိုးကိုသုံးခဲ့ဖူးတဲ့ကလပ်ပါ။ကော့စတာ၊ဒရော့ဘာကခန္ဓာကိုယ်အားပြုပြီးတိုက်စစ်လိုင်းကိုဦးဆောင်ကြသူတွေပါ။သူတို့ဟာဒီစတိုင်ကိုသုံးလာတာနှစ်ပေါင်း၂၀ရှိလာပါပြီ။ချဲလ်ဆီးနဲ့လည်းလိုက်ဖက်ပါတယ်။တိုက်စစ်ကနေဖိအားပေးတဲ့စတိုင်ကကလော့ပ်နဲ့လုံးဝမလိုက်ဖက်ပါဘူး။အိုးထရက်ဖို့ဒ်မှာလည်းဘယ်တုန်းကမှအံ့မဝင်ခဲ့ဖူးပါဘူး။မန်ယူပရိသတ်တွေကတိုက်လိုခိုက်လိုစိတ်ပြင်းတဲ့သူကိုပဲလိုချင်ကြပါတယ်။ကာဗာနီဆိုရင်အံဝင်တယ်။သူ့ရဲ့အကောင်းဆုံးနှစ်တွေကျန်ခဲ့ပြီဆိုပေမယ့်သူကလူကာကူထက်လုပ်အားကောင်းတယ်။ပြီးတော့ဘောလုံးမရှိတဲ့အချိန်မှာလည်းလူကာကူထက်ပိုကောင်းတယ်။လူကာကူထက်ပိုကောင်းတယ်လို့မဆိုလိုပါဘူ။လူကာကူဟာချဲလ်ဆီးမှာ၂၅ဂိုးတော့သွင်းပါလိမ့်မယ်။ဒါပေမယ့်သူကမန်ယူနဲ့အံမဝင်ပါဘူး။လီဗာပူးနဲ့အံမဝင်ပါဘူး။တစ်ချို့ကစားသမားတွေကတစ်ချို့ကလပ်မှာအံဝင်ပါတယ်။မန်ယူမှာတော့သူကဘယ်တော့မှအံဝင်မှာမဟုတ်ပါဘူး။အချိန်အခါကြောင့်လား၊မန်နေဂျာကြောင့်လား၊အဆင်မပြေတာတော့အမှန်ပါပဲ”လို့ပြောကြားသွားပါတယ်။

လူကာကူဟာအင်တာမီလန်သို့မပြောင်းမီမန်ယူမှာနှစ်ရာသီကြာကစားခဲ့ပြီး၉၆ပွဲကစားခဲ့ရာမှာ၄၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးရောက်လူကာကူကမူစတမ်းဖို့ဒ်ဘရစ်ချ်တစ်ကျော့ပြန်လာချိန်တွင်ပရိသတ်များအတွက်အကောင်းဆုံးလုပ်ဆောင်ပြရန်အသင့်ဖြစ်နေပြီလို့ဆိုသွားပါတယ်။

လူကာကူက “ဒီအံ့ဩစရာကောင်းတဲ့ကလပ်သို့ပြန်လာခွင့်ရလို့ဝမ်းသာရပါတယ်။ကျွန်တော့်အတွက်ခရီးရှည်ကြီးတစ်ခုပါ။ကလေးတစ်ယောက်အနေနဲ့ဒီကိုရောက်လာပြီးအများကြီးသင်ယူခဲ့ရပါတယ်။အခုအတွေ့အကြုံတွေအများကြီး၊ရင့်ကျက်မှုတွေအများကြီးနဲ့ပြန်ရောက်လာပါပြီ”လို့ဆိုသွားပါတယ်။

ZawGyi

လူကာကူကဲ့သို႔ ကစားသမားမ်ိဳးကို ကေလာ့ပ္ႏွင့္ ဂြါဒီယိုလာတို႔ ဘယ္ေတာ့မွ ေခၚယူမည္မဟုတ္

မန္ယူဂႏၴဝင္ကစားသမားဂယ္ရီနဗီးလ္ကမန္စီးတီးနည္းျပပက္ဂြါဒီယိုလာႏွင့္လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္တို႔မွာခ်ဲလ္ဆီးသို႔တစ္ေက်ာ့ျပန္လာတဲ့႐ိုမဲလူလူကာကူကဲ့သို႔ကစားသမားမ်ိဳးကိုဘယ္ေတာ့မွေခၚယူလိမ့္မည္မဟုတ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာမေန႔ညတုန္းကလူကာကူအားအင္တာမီလန္မွေပါင္၉၇.၅သန္းျဖင့္၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာေခၚယူလိုက္ပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာေအစီမီလန္သို႔ဝါရင့္တိုက္စစ္မႉးဂ်႐ူးေျပာင္းေ႐ႊ႕သြားမႈ၊တိုက္စစ္မႉးတီမိုဝါနာဂိုးသြင္းေျခေပ်ာက္ေနမႈ၊အေထာင္တိုက္စစ္မႉးလိုအပ္ေနမႈတို႔ေၾကာင့္လူကာကူအားေခၚယူလိုက္တာလည္းျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအင္တာမီလန္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၄၄ပြဲကစားခဲ့ရာမွာဂိုး၃၀အထိသြင္းယူကာစကူဒက္တိုဖလားရရွိေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္မန္ယူကစားသမားေဟာင္းဂယ္ရီနဗီးလ္ကလီဗာပူးႏွင့္မန္စီးတီးဟာလူကာကူရဲ႕ကစားဟန္ေၾကာင့္မည္သည့္အခါမွ်ေခၚယူလိမ့္မည္မဟုတ္လို႔ဆိုလာပါတယ္။

နဗီးလ္က “ဂ်ာဂင္ကေလာ့ပ္ကေတာ့လူကာကူကိုဘယ္ေတာ့မွေခၚေဆာင္မွာမဟုတ္ပါဘူး။ပက္ဂြါဒီယိုလာလည္းေခၚမွာမဟုတ္ပါဘူး။ဒါေပမယ့္ခ်ဲလ္ဆီးကအဲဒီလိုတိုက္စစ္မႉးမ်ိဳးကိုသုံးခဲ့ဖူးတဲ့ကလပ္ပါ။ေကာ့စတာ၊ဒေရာ့ဘာကခႏၶာကိုယ္အားျပဳၿပီးတိုက္စစ္လိုင္းကိုဦးေဆာင္ၾကသူေတြပါ။သူတို႔ဟာဒီစတိုင္ကိုသုံးလာတာႏွစ္ေပါင္း၂၀ရွိလာပါၿပီ။ခ်ဲလ္ဆီးနဲ႔လည္းလိုက္ဖက္ပါတယ္။တိုက္စစ္ကေနဖိအားေပးတဲ့စတိုင္ကကေလာ့ပ္နဲ႔လုံးဝမလိုက္ဖက္ပါဘူး။အိုးထရက္ဖို႔ဒ္မွာလည္းဘယ္တုန္းကမွအံ့မဝင္ခဲ့ဖူးပါဘူး။မန္ယူပရိသတ္ေတြကတိုက္လိုခိုက္လိုစိတ္ျပင္းတဲ့သူကိုပဲလိုခ်င္ၾကပါတယ္။ကာဗာနီဆိုရင္အံဝင္တယ္။သူ႔ရဲ႕အေကာင္းဆုံးႏွစ္ေတြက်န္ခဲ့ၿပီဆိုေပမယ့္သူကလူကာကူထက္လုပ္အားေကာင္းတယ္။ၿပီးေတာ့ေဘာလုံးမရွိတဲ့အခ်ိန္မွာလည္းလူကာကူထက္ပိုေကာင္းတယ္။လူကာကူထက္ပိုေကာင္းတယ္လို႔မဆိုလိုပါဘူ။လူကာကူဟာခ်ဲလ္ဆီးမွာ၂၅ဂိုးေတာ့သြင္းပါလိမ့္မယ္။ဒါေပမယ့္သူကမန္ယူနဲ႔အံမဝင္ပါဘူး။လီဗာပူးနဲ႔အံမဝင္ပါဘူး။တစ္ခ်ိဳ႕ကစားသမားေတြကတစ္ခ်ိဳ႕ကလပ္မွာအံဝင္ပါတယ္။မန္ယူမွာေတာ့သူကဘယ္ေတာ့မွအံဝင္မွာမဟုတ္ပါဘူး။အခ်ိန္အခါေၾကာင့္လား၊မန္ေနဂ်ာေၾကာင့္လား၊အဆင္မေျပတာေတာ့အမွန္ပါပဲ”လို႔ေျပာၾကားသြားပါတယ္။

လူကာကူဟာအင္တာမီလန္သို႔မေျပာင္းမီမန္ယူမွာႏွစ္ရာသီၾကာကစားခဲ့ၿပီး၉၆ပြဲကစားခဲ့ရာမွာ၄၂ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးေရာက္လူကာကူကမူစတမ္းဖို႔ဒ္ဘရစ္ခ်္တစ္ေက်ာ့ျပန္လာခ်ိန္တြင္ပရိသတ္မ်ားအတြက္အေကာင္းဆုံးလုပ္ေဆာင္ျပရန္အသင့္ျဖစ္ေနၿပီလို႔ဆိုသြားပါတယ္။

လူကာကူက “ဒီအံ့ဩစရာေကာင္းတဲ့ကလပ္သို႔ျပန္လာခြင့္ရလို႔ဝမ္းသာရပါတယ္။ကြၽန္ေတာ့္အတြက္ခရီးရွည္ႀကီးတစ္ခုပါ။ကေလးတစ္ေယာက္အေနနဲ႔ဒီကိုေရာက္လာၿပီးအမ်ားႀကီးသင္ယူခဲ့ရပါတယ္။အခုအေတြ႕အႀကဳံေတြအမ်ားႀကီး၊ရင့္က်က္မႈေတြအမ်ားႀကီးနဲ႔ျပန္ေရာက္လာပါၿပီ”လို႔ဆိုသြားပါတယ္။