လူကာကူနှင့်တီမိုဝါနာ ဒဏ်ရာရရှိသွားမှုကြောင့် တိုက်စစ်ပြဿနာကြုံလာတဲ့ ချဲလ်ဆီး

သောမတ်စ်တူချယ်ကရိုမဲလူလူကာကူနှင့်တီမိုဝါနာတို့မှာမယ်လ်မိုနှင့်ပွဲတွင်ရရှိခဲ့တဲ့ဒဏ်ရာကြောင့်ရက်သတ္တပတ်အနည်းငယ်ကြာအနားယူရတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

နောက်ဆုံးခြောက်ပွဲဆက်ဂိုးပေါက်ပျောက်နေတဲ့လူကာကူဟာဆွီဒင်အသင်းငယ်လေးနှင့်ပွဲစဉ်တွင်ဂိုးပေါက်ပြန်တွေ့ရေးအထူးကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့်လူကာကူရောကစားဖော်ဝီမိုဝါနာပါ မယ်လ်မိုအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာဂိုးပေါက်မတွေ့ခဲ့ဘဲဒဏ်ရာကိုယ်စီသာပိုင်ဆိုင်ခဲ့ကြပါတယ်။

ဂျာမနီလူမျိုးနည်းပြသောမတ်စ်တူချယ်ရဲ့ပြောကြားမှုအရ၎င်းတို့နှစ်ဦးဟာရက်သတ္တပတ်အနည်းငယ်ကြာအနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။

တူချယ်က “လူကာကူကခြေကျင်းဝတ်အဆစ်နည်းနည်းလွဲသွားတာ။တီမိုကတံကောက်ကြောထိသွားတာ။သူတို့နှစ်ဦးလုံးအချိန်တစ်ခုအနားယူရပါမယ်။ပွဲတစ်ချို့ကိုသူတို့လွဲပါမယ်။အခုအချိန်မှာလူကာကူကယုံကြည်မှုအရမ်းပြည့်နေတာပါ။ဒီလိုအရာတွေဖြစ်လာတတ်ပါတယ်။သူကံဆိုးတာပါ”လို့ပြောကြားခဲ့ပါတယ်။

မယ်လ်မိုအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာချဲလ်ဆီးအတွက်ဂိုးများကိုခရစ္စတီယန်ဆင်၊ဂျော်ဂျင်ဟို(ပင်/နှစ်ဂိုး)၊ကိုင်ဟာဗတ်ဇ်တို့ကသွင်းယူခဲ့ကြပါတယ်။

ZawGyi

လူကာကူႏွင့္တီမိုဝါနာ ဒဏ္ရာရရွိသြားမႈေၾကာင့္ တိုက္စစ္ျပႆနာႀကဳံလာတဲ့ ခ်ဲလ္ဆီး

ေသာမတ္စ္တူခ်ယ္က႐ိုမဲလူလူကာကူႏွင့္တီမိုဝါနာတို႔မွာမယ္လ္မိုႏွင့္ပြဲတြင္ရရွိခဲ့တဲ့ဒဏ္ရာေၾကာင့္ရက္သတၱပတ္အနည္းငယ္ၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

ေနာက္ဆုံးေျခာက္ပြဲဆက္ဂိုးေပါက္ေပ်ာက္ေနတဲ့လူကာကူဟာဆြီဒင္အသင္းငယ္ေလးႏွင့္ပြဲစဥ္တြင္ဂိုးေပါက္ျပန္ေတြ႕ေရးအထူးႀကိဳးပမ္းခဲ့ပါတယ္။

ဒါေပမယ့္လူကာကူေရာကစားေဖာ္ဝီမိုဝါနာပါ မယ္လ္မိုအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာဂိုးေပါက္မေတြ႕ခဲ့ဘဲဒဏ္ရာကိုယ္စီသာပိုင္ဆိုင္ခဲ့ၾကပါတယ္။

ဂ်ာမနီလူမ်ိဳးနည္းျပေသာမတ္စ္တူခ်ယ္ရဲ႕ေျပာၾကားမႈအရ၎တို႔ႏွစ္ဦးဟာရက္သတၱပတ္အနည္းငယ္ၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

တူခ်ယ္က “လူကာကူကေျခက်င္းဝတ္အဆစ္နည္းနည္းလြဲသြားတာ။တီမိုကတံေကာက္ေၾကာထိသြားတာ။သူတို႔ႏွစ္ဦးလုံးအခ်ိန္တစ္ခုအနားယူရပါမယ္။ပြဲတစ္ခ်ိဳ႕ကိုသူတို႔လြဲပါမယ္။အခုအခ်ိန္မွာလူကာကူကယုံၾကည္မႈအရမ္းျပည့္ေနတာပါ။ဒီလိုအရာေတြျဖစ္လာတတ္ပါတယ္။သူကံဆိုးတာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

မယ္လ္မိုအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာခ်ဲလ္ဆီးအတြက္ဂိုးမ်ားကိုခရစၥတီယန္ဆင္၊ေဂ်ာ္ဂ်င္ဟို(ပင္/ႏွစ္ဂိုး)၊ကိုင္ဟာဗတ္ဇ္တို႔ကသြင္းယူခဲ့ၾကပါတယ္။