လူကာကူနှင့်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် ၁၀ ပွဲပယ်ပြစ်ဒဏ်အထိ ကျခံရနိုင်တဲ့ ဇလာတန်အီဘရာဟီမိုဗစ်

အေစီမီလန်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်ဟာပြီးခဲ့တဲ့ကြားရက်တုန်းကကိုပါအီတာလီယာဒါဘီပွဲတွင် အင်တာမီလန်တိုက်စစ်မှူးလူကာကူအားလူမျိုးရေးခွဲခြားပြောဆိုမှုအတွက်၁၀ပွဲပယ်ပြစ်ဒဏ်အထိကျခံရနိုင်တဲ့ အနေအထားမျိုးတွင်ရှိနေကြောင်းသိရပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်းများဖြစ်ကြတဲ့အီဘရာဟီမိုဗစ်နှင့်လူကာကူတို့ဟာအင်္ဂါနေ့တုန်းကအင်တာကမီလန်ကို ၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ကိုပါအီတာလီယာပွဲစဉ်တွင်အချင်းများခဲ့ကြပြီးအပြန်အလှန်ဆဲဆိုမှုများရှိခဲ့ကြပါတယ်။

အီဘရာဟီမိုဗစ်ဟာ အင်တာမီလန်တိုက်စစ်မှူးကိုမြည်းဟုပြောကြားခဲ့တဲ့အပြင်မှော်ဘဲသွားလုပ်နေကြောင်းပြော ကြားခဲ့ပါတယ်။လူကာကူကလည်းအီဘရာဟီမိုဗစ်ခွေးမသားဟုပြန်လည်ဆဲဆိုခဲ့ပါတယ်။

လူကာကူနှင့်အီဘရာဟိမိုဗစ်တို့ဟာယင်းပွဲစဉ်မှဖြစ်ရပ်ကြောင့်အဝါကတ်ပြသခြင်းခံခဲ့ရပြီးတစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။လူကာကူဟာဖေဖော်ဝါရီလမှာဂျူဗင်တပ်နှင့်ကစားရမယ့်ကိုပါအီတာလီယာဆီမီးဖိုင်နယ်ပွဲစဉ်ကိုလွဲချော်ပါမယ်။

အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများဟာအီဘရာဟီမိုဗစ်နှင့်လူကာကူတို့အချင်းများခဲ့မှုအပေါ်စုံစမ်းစစ်ဆေး မှုများပြုလုပ်နေပြီးအီဘရာဟီမိုဗစ်မှာလူမျိုးရေးခွဲခြားကြောင်းစစ်ဆေးတွေ့ရှိပါက၁၀ပွဲအထိပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ဟာပြီးခဲ့တဲ့နှစ်များအတွင်းမှာလူမျိုးရေးခွဲခြားမှုပပေါက်ရေးအတွက်ပြင်းထန်စွာအရေးယူမှုများပြုလုပ်လာခဲ့ပါတယ်။အီဘရာဟီမိုဗစ်ကတော့သူဟာလူကာကူကိုလူမျိုးရေးခွဲခြားပြောဆိုခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။

ZawGyi

လူကာကူႏွင့္ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္အတြက္ ၁၀ ပြဲပယ္ျပစ္ဒဏ္အထိ က်ခံရႏိုင္တဲ့ ဇလာတန္အီဘရာဟီမိုဗစ္

ေအစီမီလန္တိုက္စစ္မႉးဇလာတန္အီဘရာဟီမိုဗစ္ဟာၿပီးခဲ့တဲ့ၾကားရက္တုန္းကကိုပါအီတာလီယာဒါဘီပြဲတြင္ အင္တာမီလန္တိုက္စစ္မႉးလူကာကူအားလူမ်ိဳးေရးခြဲျခားေျပာဆိုမႈအတြက္၁၀ပြဲပယ္ျပစ္ဒဏ္အထိက်ခံရႏိုင္တဲ့ အေနအထားမ်ိဳးတြင္ရွိေနေၾကာင္းသိရပါတယ္။

မန္ယူတိုက္စစ္မႉးေဟာင္းမ်ားျဖစ္ၾကတဲ့အီဘရာဟီမိုဗစ္ႏွင့္လူကာကူတို႔ဟာအဂၤါေန႔တုန္းကအင္တာကမီလန္ကို ၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ကိုပါအီတာလီယာပြဲစဥ္တြင္အခ်င္းမ်ားခဲ့ၾကၿပီးအျပန္အလွန္ဆဲဆိုမႈမ်ားရွိခဲ့ၾကပါတယ္။

အီဘရာဟီမိုဗစ္ဟာ အင္တာမီလန္တိုက္စစ္မႉးကိုျမည္းဟုေျပာၾကားခဲ့တဲ့အျပင္ေမွာ္ဘဲသြားလုပ္ေနေၾကာင္းေျပာ ၾကားခဲ့ပါတယ္။လူကာကူကလည္းအီဘရာဟီမိုဗစ္ေခြးမသားဟုျပန္လည္ဆဲဆိုခဲ့ပါတယ္။

လူကာကူႏွင့္အီဘရာဟိမိုဗစ္တို႔ဟာယင္းပြဲစဥ္မွျဖစ္ရပ္ေၾကာင့္အဝါကတ္ျပသျခင္းခံခဲ့ရၿပီးတစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။လူကာကူဟာေဖေဖာ္ဝါရီလမွာဂ်ဴဗင္တပ္ႏွင့္ကစားရမယ့္ကိုပါအီတာလီယာဆီမီးဖိုင္နယ္ပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူမ်ားဟာအီဘရာဟီမိုဗစ္ႏွင့္လူကာကူတို႔အခ်င္းမ်ားခဲ့မႈအေပၚစုံစမ္းစစ္ေဆး မႈမ်ားျပဳလုပ္ေနၿပီးအီဘရာဟီမိုဗစ္မွာလူမ်ိဳးေရးခြဲျခားေၾကာင္းစစ္ေဆးေတြ႕ရွိပါက၁၀ပြဲအထိပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္ပါတယ္။

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာလူမ်ိဳးေရးခြဲျခားမႈပေပါက္ေရးအတြက္ျပင္းထန္စြာအေရးယူမႈမ်ားျပဳလုပ္လာခဲ့ပါတယ္။အီဘရာဟီမိုဗစ္ကေတာ့သူဟာလူကာကူကိုလူမ်ိဳးေရးခြဲျခားေျပာဆိုခဲ့ျခင္းမရွိေၾကာင္း ျငင္းဆိုထားပါတယ္။