လူကာကူရောက်လာမှုနဲ့အတူ သီအိုရီအရ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ ရှိနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာကစားသမားဟောင်းရိုမဲလူလူကာကူအားစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြန်လည်ခေါ်ဆောင်လာမှုနဲ့အတူပရီးမီးယားလိဂ်ဖလားအားဆွတ်ခူးနိုင်တော့မယ်ဆိုတဲ့သီအိုရီတစ်ခုထွက်ပေါ်လာပါတယ်။

ချဲလ်ဆီးဟာယခင်တုန်းကကစားသမားဟောင်းအားအသင်းသို့ပြန်လည်ခေါ်ယူတိုင်းပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့ပါတယ်။ချဲလ်ဆီးဟာဒီဒီယာဒရော့ဘာနှင့်ဒေးဗစ်လုဇ်တို့အားပြန်လည်ခေါ်ဆောင်ခဲ့တဲ့ ၂၀၁၄-၁၅ ရာသီနှင့်၂၀၁၆-၁၇ရာသီတို့တွင်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါကြောင့်သီအိုရီအရချဲလ်ဆီးဟာအင်တာမီလန်တိုက်စစ်မှူးရိုမဲလူလူကာကူအားစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြန်လည်ခေါ်ဆောင်နိုင်မှုနဲ့အတူ၂၀၂၁-၂၂ရာသီမှာပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်မယ်လို့ အားလုံးကယုံကြည်နေကြပါတယ်။

ချဲလ်ဆီးဟာလူကာကူအားပြောင်းရွှေ့ကြေးပေါင်၉၇.၅သန်းဖြင့်ခေါ်ယူရန်အင်တာမီလန်နှင့်သဘောတူညီမှုရရှိထားပြီဖြစ်ပြီးယခုရက်ပိုင်းအတွင်းတွင်အပြောင်းအရွှေ့ကိုကြေညာလာဖို့ရှိနေပါတယ်။

ချဲလ်ဆီးဟာ၂၀၁၄-၁၅ရာသီတုန်းကဒီဒီယာဒရော့ဘာအားပြန်လည်ခေါ်ယူပြီးနောက်မော်ရင်ဟိုလက်ထက်စတုတ္ထမြောက်ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ယင်းနောက်ချဲလ်ဆီးဟာနှစ်ရာသီအကြာမှာပီအက်စ်ဂျီမှာဗဟိုနောက်ခံလူဒေးဗစ်လုဇ်အားပြန်လည်ခေါ်ယူပြီးနောက်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်းယခုအခါလူကာကူပြန်လည်ရောက်လာနိုင်တော့မှုနဲ့အတူချဲလ်ဆီးပရိသတ်များဟာလာမယ့်၂၀၂၁-၂၂ပရီးမီးယားလိဂ်ရာသီအတွက်စိတ်လှုပ်ရှားနေကြပြီဖြစ်ပါတယ်။

ZawGyi

လူကာကူေရာက္လာမႈနဲ႔အတူ သီအိုရီအရ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာဖို႔ ရွိေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာကစားသမားေဟာင္း႐ိုမဲလူလူကာကူအားစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ျပန္လည္ေခၚေဆာင္လာမႈနဲ႔အတူပရီးမီးယားလိဂ္ဖလားအားဆြတ္ခူးႏိုင္ေတာ့မယ္ဆိုတဲ့သီအိုရီတစ္ခုထြက္ေပၚလာပါတယ္။

ခ်ဲလ္ဆီးဟာယခင္တုန္းကကစားသမားေဟာင္းအားအသင္းသို႔ျပန္လည္ေခၚယူတိုင္းပရီးမီးယားလိဂ္ဖလားဆြတ္ခူးခဲ့ပါတယ္။ခ်ဲလ္ဆီးဟာဒီဒီယာဒေရာ့ဘာႏွင့္ေဒးဗစ္လုဇ္တို႔အားျပန္လည္ေခၚေဆာင္ခဲ့တဲ့ ၂၀၁၄-၁၅ ရာသီႏွင့္၂၀၁၆-၁၇ရာသီတို႔တြင္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္သီအိုရီအရခ်ဲလ္ဆီးဟာအင္တာမီလန္တိုက္စစ္မႉး႐ိုမဲလူလူကာကူအားစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ျပန္လည္ေခၚေဆာင္ႏိုင္မႈနဲ႔အတူ၂၀၂၁-၂၂ရာသီမွာပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္မယ္လို႔ အားလုံးကယုံၾကည္ေနၾကပါတယ္။

ခ်ဲလ္ဆီးဟာလူကာကူအားေျပာင္းေ႐ႊ႕ေၾကးေပါင္၉၇.၅သန္းျဖင့္ေခၚယူရန္အင္တာမီလန္ႏွင့္သေဘာတူညီမႈရရွိထားၿပီျဖစ္ၿပီးယခုရက္ပိုင္းအတြင္းတြင္အေျပာင္းအေ႐ႊ႕ကိုေၾကညာလာဖို႔ရွိေနပါတယ္။

ခ်ဲလ္ဆီးဟာ၂၀၁၄-၁၅ရာသီတုန္းကဒီဒီယာဒေရာ့ဘာအားျပန္လည္ေခၚယူၿပီးေနာက္ေမာ္ရင္ဟိုလက္ထက္စတုတၳေျမာက္ပရီးမီးယားလိဂ္ဖလားကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။ယင္းေနာက္ခ်ဲလ္ဆီးဟာႏွစ္ရာသီအၾကာမွာပီအက္စ္ဂ်ီမွာဗဟိုေနာက္ခံလူေဒးဗစ္လုဇ္အားျပန္လည္ေခၚယူၿပီးေနာက္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းယခုအခါလူကာကူျပန္လည္ေရာက္လာႏိုင္ေတာ့မႈနဲ႔အတူခ်ဲလ္ဆီးပရိသတ္မ်ားဟာလာမယ့္၂၀၂၁-၂၂ပရီးမီးယားလိဂ္ရာသီအတြက္စိတ္လႈပ္ရွားေနၾကၿပီျဖစ္ပါတယ္။