လူကာကူရောက်လာမှုမှာ ကျည်မထွက်တဲ့ ဝါနာအတွက် သတင်းကောင်းဟု တူချယ်ပြောကြား

သောမတ်စ်တူချယ်ကစတမ်းဖို့ဒ်ဘရစ်ချ်သို့ရိုမဲလူလူကာကူတစ်ကျော့ပြန်ရောက်လာမှုမှာတီမိုဝါနာအတွက်သတင်းကောင်းတစ်ခုဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ကလူကာကူအားပေါင်၉၇.၅သန်းဖြင့်ခေါ်ယူလိုက်မှုကြောင့် ပထမရာသီတုန်းကဂိုးများစွာမသွင်းယူနိုင်မှုကြောင့်ဖိအားများကြုံနေတဲ့တီမိုဝါနာအတွက်ဖိအားများလျှော့ကျလာမယ်လို့ဆိုသွားပါတယ်။

ဂျာမနီတိုက်စစ်မှူးဝါနာဟာပြီးခဲ့တဲ့ရာသီတုန်းကချဲလ်ဆီးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၅၂ပွဲကစားခဲ့ရာမှာ၁၂ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။သူဟာပရီးမီးယားလိဂ်တွင်၆ဂိုးတည်းသာသွင်းယူနိုင်ခဲ့တဲ့အပြင်အပိုင်အခွင့်အရေးများစွာကိုလည်းဖြုန်တီးခဲ့သူအဖြစ်နာမည်ကြီးခဲ့ပါတယ်။

တူချယ်က “ဒါကသူ့ကိုအဆင့်မြင့်ပေးလိုက်မှုဖြစ်လာမယ်လို့အကြွင်းမဲ့ယုံကြည်နေပါတယ်။ကွင်းထဲမှာလူကာကူလိုဗဟိုမှာရှိနေတဲ့သူကိုလူတွေအာရုံစိုက်ပြီးနောက်ခံလူတွေနဲ့အားချင်းပြိုင်နေချိန်မှာတီမိုအတွက်နေရာလွတ်တွေရရှိလာစေပါမယ်။အရေးအကြီးဆုံးကတော့နေရာပါ။သူကတောင်ပံမှာလည်းကစားနိုင်ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကလည်းကစားခဲ့ပြီးပါပြီ။တိုက်စစ်မှာရိုမဲလူလိုကျောနံပါတ်၉ကစားသမားရှိနေတဲ့အတွက်တီမိုအနေနဲ့လွတ်လပ်စွာကစားလာနိုင်ပါမယ်။နေရာလွတ်တွေလည်းပိုရလာပါမယ်။အန္ထရာယ်ရှိတဲ့နေရာလွတ်တွေပိုပြီးရှာဖွေနိုင်ပါမယ်။ပြီးတော့ဂိုးလည်းပြန်သွင်းလာနိုင်ပါမယ်”လို့ပြောကြားသွားပါတယ်။

သောမတ်စ်တူချယ်ဟာယနေ့ညတွင်အာဆင်နယ်နှင့်ရင်ဆိုင်ကစားရမယ့်လန်ဒန်ဒါဘီပွဲစဉ်တွင်တိုက်စစ်မှာတီမိုဝါနာ၊လူကာကူတို့ကိုအတူတကွဲပွဲထုတ်လာဖို့ရှိပါတယ်။

ZawGyi

လူကာကူေရာက္လာမႈမွာ က်ည္မထြက္တဲ့ ဝါနာအတြက္ သတင္းေကာင္းဟု တူခ်ယ္ေျပာၾကား

ေသာမတ္စ္တူခ်ယ္ကစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔႐ိုမဲလူလူကာကူတစ္ေက်ာ့ျပန္ေရာက္လာမႈမွာတီမိုဝါနာအတြက္သတင္းေကာင္းတစ္ခုျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကလူကာကူအားေပါင္၉၇.၅သန္းျဖင့္ေခၚယူလိုက္မႈေၾကာင့္ ပထမရာသီတုန္းကဂိုးမ်ားစြာမသြင္းယူႏိုင္မႈေၾကာင့္ဖိအားမ်ားႀကဳံေနတဲ့တီမိုဝါနာအတြက္ဖိအားမ်ားေလွ်ာ့က်လာမယ္လို႔ဆိုသြားပါတယ္။

ဂ်ာမနီတိုက္စစ္မႉးဝါနာဟာၿပီးခဲ့တဲ့ရာသီတုန္းကခ်ဲလ္ဆီးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၅၂ပြဲကစားခဲ့ရာမွာ၁၂ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။သူဟာပရီးမီးယားလိဂ္တြင္၆ဂိုးတည္းသာသြင္းယူႏိုင္ခဲ့တဲ့အျပင္အပိုင္အခြင့္အေရးမ်ားစြာကိုလည္းျဖဳန္တီးခဲ့သူအျဖစ္နာမည္ႀကီးခဲ့ပါတယ္။

တူခ်ယ္က “ဒါကသူ႔ကိုအဆင့္ျမင့္ေပးလိုက္မႈျဖစ္လာမယ္လို႔အႂကြင္းမဲ့ယုံၾကည္ေနပါတယ္။ကြင္းထဲမွာလူကာကူလိုဗဟိုမွာရွိေနတဲ့သူကိုလူေတြအာ႐ုံစိုက္ၿပီးေနာက္ခံလူေတြနဲ႔အားခ်င္းၿပိဳင္ေနခ်ိန္မွာတီမိုအတြက္ေနရာလြတ္ေတြရရွိလာေစပါမယ္။အေရးအႀကီးဆုံးကေတာ့ေနရာပါ။သူကေတာင္ပံမွာလည္းကစားႏိုင္ပါတယ္။ၿပီးခဲ့တဲ့ရာသီတုန္းကလည္းကစားခဲ့ၿပီးပါၿပီ။တိုက္စစ္မွာ႐ိုမဲလူလိုေက်ာနံပါတ္၉ကစားသမားရွိေနတဲ့အတြက္တီမိုအေနနဲ႔လြတ္လပ္စြာကစားလာႏိုင္ပါမယ္။ေနရာလြတ္ေတြလည္းပိုရလာပါမယ္။အႏၴရာယ္ရွိတဲ့ေနရာလြတ္ေတြပိုၿပီးရွာေဖြႏိုင္ပါမယ္။ၿပီးေတာ့ဂိုးလည္းျပန္သြင္းလာႏိုင္ပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ေသာမတ္စ္တူခ်ယ္ဟာယေန႔ညတြင္အာဆင္နယ္ႏွင့္ရင္ဆိုင္ကစားရမယ့္လန္ဒန္ဒါဘီပြဲစဥ္တြင္တိုက္စစ္မွာတီမိုဝါနာ၊လူကာကူတို႔ကိုအတူတကြဲပြဲထုတ္လာဖို႔ရွိပါတယ္။