လူကာကူအပြောင်းအရွှေ့အတွက် ကြွေးကျန် ပေါင် ၇၁ သန်းပေးရန် ရှိနေသေးတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာရိုမဲလူလူကာကူရဲ့အပြောင်းအရွှေ့အတွက်အင်တာမီလန်ကိုပြောင်းရွှေ့ကြေးကြွေးကျန်ပေါင်၇၁သန်းအထိပေးရန်ကျန်နေသေးကြောင်းသိရပါတယ်။

ချဲလ်ဆီးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူကိုပေါင်၉၈သန်းဝန်းကျင်ဖြင့်ခေါ်ယူခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့အတွက်အရစ်ကျပေးဆပ်ရပါမယ်။

ရိုမန်အေဘရာမိုဗစ်ရဲ့ချဲလ်ဆီးအား ထိန်းချုပ်ထားတဲ့ကုမ္ပဏီရဲ့အကောင့်အရ ချဲလ်ဆီးဟာကစားသမားခေါ်ယူမှုများအတွက်အပြောင်းအရွှေ့ကြွေးကျန်များစွာအရစ်ကျပေးရန် ရှိနေသလို ၎င်းတို့ဟာလည်း၂၀၂၂၁-၂၂ရာသီအတွင်းတွင်အခြားကလပ်များထံမှပေါင်၁၆၇သန်းအထိရရန်ရှိကြောင်းသိရပါတယ်။

ချဲလ်ဆီးဟာလူကာကူရဲ့ပြောင်းရွှေ့ကြေးကိုငါးရစ် အရစ်ကျပေးရပါမယ်။၎င်းတို့ဟာ ပထမအရစ်ပေးချေမှုအဖြစ်ပေါင်၁၉သန်းနီးပါးကိုပေးချေထားပြီးဖြစ်ပါတယ်။

အင်တာမီလန်ဟာ၂၀၂၁ခုနှစ်၊စက်တင်ဘာလတုန်းကချဲလ်ဆီးထံမှပေါင်၁၈.၄သန်းရရှိခဲ့ပြီးကျန်ငွေပေါင်၇၁သန်းကို၁၂လအတွင်းတွင်ရရှိလာမှာလည်းဖြစ်ပါတယ်။

ZawGyi





