လူကာကူ ယမ်းပုံမီးကျဒေါသူပုန်ထရအောင် အီဘရာဟီမိုဗစ် ဘာပြောခဲ့လဲ?

မနေ့ညတုန်းကကိုပါအီတာလီယာကွာတားဖိုင်နယ်မီလန်ဒါဘီပွဲစဉ်မှာအေစီမီလန်တိုက်စစ်မှူးအီဘရာဟီမိုဗစ်နှင့် အင်တာမီလန်တိုက်စစ်မှူးလူကာကူတို့အကြီးအကျယ်အချင်းများခဲ့ကြပါတယ်။

ပထမပိုင်းပြီးခါနီးမှာရိုမာဂနိုလီကကြမ်းတမ်းစွာဖျက်ထုတ်မှုကိုလူကာကူကဒေါသထွက်ခဲ့ရာမှာအီဘရာဟီမိုဗစ် နှင့်လူကာကူတို့အချင်းများခဲ့ကြတာလည်းဖြစ်ပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်းနှစ်ဦးတို့ဟာခေါင်းချင်းဆိုင်တိုက်ကာအပြန်အလှန်ဆဲဆိုမှုများပြုခဲ့ကြပါတယ်။လူကာကူဟာဆွီဒင်တိုက်စစ်မှူးရဲ့ပြောကြားမှုအပေါ်အကြီးအကျယ်ဒေါသထွက်ကာပထမပိုင်းအပြီးဥမင်လှိုဏ်ခေါင်းအတွင်း သို့ဝင်ချိန်မှာလည်းရန်မူရန်ကြိုးပမ်းခဲ့ပါတယ်။လူကာကူဟာအီဘရာဟီမိုဗစ်ရဲ့ပြောဆိုမှုကိုဒေါသထွက်ပြီး “ခွေးမသား။မင်းကိုရောမင်းမိန်းမရောxxxကွာ”လို့ပြောတဲ့အထိဒေါသပုံထခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။လူကာကူဟာကွင်းအပြင်သို့ထွက်ပြီးရန်ဖြစ်ဖို့ပါအီဘရာဟီမိုဗစ်ကိုစိန်ခေါ်ခဲ့ပါသေးတယ်။

လူကာကူတစ်ယောက်ဘာကြောင့်အီဘရာဟီမိုဗစ်ကိုအကြီးအကျယ်ဒေါသထွက်ခဲ့ရလဲ။အီဘရာဟီမိုဗစ်ကလူကာကူကို “သောက်ရေးမပါတဲ့မှော်ကိစ္စဘဲသွားလုပ်ပါကွာမြည်းလေး”လို့ ပြောကြားခဲ့လို့ ဒေါသထွက်ခဲ့တာပါ။

အီဘရာဟီမိုဗစ်ရဲ့ပြောကြားမှုထဲမှာပါဝင်တဲ့အရေးမပါတဲ့မှော်ဆိုတာကလူကာကူရဲ့အရှိုက်တည့်တည့်ကိုထိသွားစေတဲ့စကားလုံးဖြစ်နေပါတယ်။

ဟုတ်ပါတယ်။ရှင်းပါမယ်။လူကာကူဟာ၂၀၁၇ခုနှစ်နွေရာသီတုန်းကအဲဗာတန်ရဲ့တစ်ပတ်လုပ်ခပေါင်၁၄၀၀၀၀နဲ့ ကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။အဲဗာတန်ကလည်းလူကာကူကိုစာချုပ်သစ်ချုပ်ဆိုရေးအစွမ်းကုန်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လူကာကူကကမ်းလှမ်းမှုကိုပယ်ချပြီးအသင်းဟောင်းချဲလ်ဆီးသို့ဘဲပြောင်းမယ်လို့ဆိုခဲ့ပါတယ်။ဘာကြောင့်ချဲလ်ဆီးသို့ပြောင်းမယ်လို့ပြောရလဲဆိုတော့အာဖရိကမှမှော်ဆရာကချဲလ်ဆီးသို့ပြောင်းမှသာကံကောင်းခြင်းတွေ ကြုံမယ်လို့ပြောထားလို့ပါ။လူကာကူရဲ့မိခင်ကမှော်ဆရာဆီမှာနတ်မေးပြီးလူကာကူဘယ်အသင်းသို့ပြောင်းသင့်တယ်ဆိုတာအကြံဉာဏ်ရယူခဲ့တာလည်းဖြစ်ပါတယ်။အထက်ပါသတင်းကိုဖွင့်ချခဲ့တာကတော့အဲဗာတန်အသင်းပိုင်ရှင်မိုရှီရီကိုယ်တိုင်ဘဲ ဖြစ်ပါတယ်။

ဒါပေမယ့်တကယ်တမ်းမှာတော့လူကာကူဟာချဲလ်ဆီးသို့လည်းမပြောင်းဖြစ်ဘဲမန်ယူသိုပေါင်၇၅သန်းဖြင့်ပြောင်းခဲ့ပါတယ်။

လူကာကူဟာမိုရှီရီရဲ့ပြောကြားမှုကိုငြင်းဆိုခဲ့ပြီးတရားစွဲဆိုမယ်လို့လည်းခြိမ်းခြောက်ခဲ့ပါတယ်။ဒါကြောင့်လည်းလူကာကူဟာသူ့ရဲ့မိခင်ကိုသာမကယုံကြည်မှုကိုပါထိပါးလာခဲ့တဲ့အီဘရာဟီမိုဗစ်ကိုအကြီးအကျယ်ဒေါသထွက်ခဲ့တာ လည်းဖြစ်ပါတယ်။

ZawGyi

လူကာကူ ယမ္းပုံမီးက်ေဒါသူပုန္ထရေအာင္ အီဘရာဟီမိုဗစ္ ဘာေျပာခဲ့လဲ?

မေန႔ညတုန္းကကိုပါအီတာလီယာကြာတားဖိုင္နယ္မီလန္ဒါဘီပြဲစဥ္မွာေအစီမီလန္တိုက္စစ္မႉးအီဘရာဟီမိုဗစ္ႏွင့္ အင္တာမီလန္တိုက္စစ္မႉးလူကာကူတို႔အႀကီးအက်ယ္အခ်င္းမ်ားခဲ့ၾကပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ႐ိုမာဂႏိုလီကၾကမ္းတမ္းစြာဖ်က္ထုတ္မႈကိုလူကာကူကေဒါသထြက္ခဲ့ရာမွာအီဘရာဟီမိုဗစ္ ႏွင့္လူကာကူတို႔အခ်င္းမ်ားခဲ့ၾကတာလည္းျဖစ္ပါတယ္။

မန္ယူတိုက္စစ္မႉးေဟာင္းႏွစ္ဦးတို႔ဟာေခါင္းခ်င္းဆိုင္တိုက္ကာအျပန္အလွန္ဆဲဆိုမႈမ်ားျပဳခဲ့ၾကပါတယ္။လူကာကူဟာဆြီဒင္တိုက္စစ္မႉးရဲ႕ေျပာၾကားမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ကာပထမပိုင္းအၿပီးဥမင္လႈိဏ္ေခါင္းအတြင္း သို႔ဝင္ခ်ိန္မွာလည္းရန္မူရန္ႀကိဳးပမ္းခဲ့ပါတယ္။လူကာကူဟာအီဘရာဟီမိုဗစ္ရဲ႕ေျပာဆိုမႈကိုေဒါသထြက္ၿပီး “ေခြးမသား။မင္းကိုေရာမင္းမိန္းမေရာxxxကြာ”လို႔ေျပာတဲ့အထိေဒါသပုံထခဲ့ပါတယ္။

ဒါတင္မကေသးပါဘူး။လူကာကူဟာကြင္းအျပင္သို႔ထြက္ၿပီးရန္ျဖစ္ဖို႔ပါအီဘရာဟီမိုဗစ္ကိုစိန္ေခၚခဲ့ပါေသးတယ္။

လူကာကူတစ္ေယာက္ဘာေၾကာင့္အီဘရာဟီမိုဗစ္ကိုအႀကီးအက်ယ္ေဒါသထြက္ခဲ့ရလဲ။အီဘရာဟီမိုဗစ္ကလူကာကူကို “ေသာက္ေရးမပါတဲ့ေမွာ္ကိစၥဘဲသြားလုပ္ပါကြာျမည္းေလး”လို႔ ေျပာၾကားခဲ့လို႔ ေဒါသထြက္ခဲ့တာပါ။

အီဘရာဟီမိုဗစ္ရဲ႕ေျပာၾကားမႈထဲမွာပါဝင္တဲ့အေရးမပါတဲ့ေမွာ္ဆိုတာကလူကာကူရဲ႕အရႈိက္တည့္တည့္ကိုထိသြားေစတဲ့စကားလုံးျဖစ္ေနပါတယ္။

ဟုတ္ပါတယ္။ရွင္းပါမယ္။လူကာကူဟာ၂၀၁၇ခုႏွစ္ေႏြရာသီတုန္းကအဲဗာတန္ရဲ႕တစ္ပတ္လုပ္ခေပါင္၁၄၀၀၀၀နဲ႔ ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့ပါတယ္။အဲဗာတန္ကလည္းလူကာကူကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအစြမ္းကုန္လုပ္ခဲ့ပါတယ္။ ဒါေပမယ့္လူကာကူကကမ္းလွမ္းမႈကိုပယ္ခ်ၿပီးအသင္းေဟာင္းခ်ဲလ္ဆီးသို႔ဘဲေျပာင္းမယ္လို႔ဆိုခဲ့ပါတယ္။ဘာေၾကာင့္ခ်ဲလ္ဆီးသို႔ေျပာင္းမယ္လို႔ေျပာရလဲဆိုေတာ့အာဖရိကမွေမွာ္ဆရာကခ်ဲလ္ဆီးသို႔ေျပာင္းမွသာကံေကာင္းျခင္းေတြ ႀကဳံမယ္လို႔ေျပာထားလို႔ပါ။လူကာကူရဲ႕မိခင္ကေမွာ္ဆရာဆီမွာနတ္ေမးၿပီးလူကာကူဘယ္အသင္းသို႔ေျပာင္းသင့္တယ္ဆိုတာအႀကံဉာဏ္ရယူခဲ့တာလည္းျဖစ္ပါတယ္။အထက္ပါသတင္းကိုဖြင့္ခ်ခဲ့တာကေတာ့အဲဗာတန္အသင္းပိုင္ရွင္မိုရွီရီကိုယ္တိုင္ဘဲ ျဖစ္ပါတယ္။

ဒါေပမယ့္တကယ္တမ္းမွာေတာ့လူကာကူဟာခ်ဲလ္ဆီးသို႔လည္းမေျပာင္းျဖစ္ဘဲမန္ယူသိုေပါင္၇၅သန္းျဖင့္ေျပာင္းခဲ့ပါတယ္။

လူကာကူဟာမိုရွီရီရဲ႕ေျပာၾကားမႈကိုျငင္းဆိုခဲ့ၿပီးတရားစြဲဆိုမယ္လို႔လည္းၿခိမ္းေျခာက္ခဲ့ပါတယ္။ဒါေၾကာင့္လည္းလူကာကူဟာသူ႔ရဲ႕မိခင္ကိုသာမကယုံၾကည္မႈကိုပါထိပါးလာခဲ့တဲ့အီဘရာဟီမိုဗစ္ကိုအႀကီးအက်ယ္ေဒါသထြက္ခဲ့တာ လည္းျဖစ္ပါတယ္။