လူကာကူ Vs လီဝန်ဒေါ့စကီး Vs ဟာလန်း Vs ကိန်း – ဘယ်သူက အကောင်းဆုံးတိုက်စစ်မှူးလဲ?

လက်ရှိဘောလုံးလောကမှာအကောင်းဆုံးတိုက်စစ်မှူးအဖြစ်သတ်မှတ်ခံထားရသူလေးဦးရှိပါတယ်။ဒါပေမယ့်ယင်းလေးဦးထဲမှာဘယ်သူကအကောင်းဆုံးတိုက်စစ်မှူးလဲမေးခွန်းထုတ်စရာရှိနေပါတယ်။

အာလင်းဟာလန်း၊ဟယ်ရီကိန်း၊ ရောဘတ်လီဝန်ဒေါ့စကီး၊ရိုမဲလူလူကာကူတို့ဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလနောက်ပိုင်းမှတ်တမ်းတွေကတကယ့်ကိုကြောက်စရာကောင်းလောက်အောင်ကောင်းမွန်လှပါတယ်။

လူကာကူ

အသက်၂၈နှစ်ရှိတိုက်စစ်မှူးကမကြာသေးမီတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြောင်းရွှေ့ကြေးပေါင်၉၇.၅သန်းဖြင့်ဒုတိယအကြိမ်မြောက်ရောက်လာခဲ့သူဖြစ်ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ပြီးရင်ဗြိတိန်သမိုင်းမှာဒုတိယဈေးအကြီးဆုံးကစားသမားဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအင်တာမီလန်ကို၂၀၁၀ခုနှစ်နောက်ပိုင်းပထမဆုံးစကူဒက်တိုဖလားရရှိဖို့ကူညီခဲ့သူဖြစ်ပါတယ်။သူဟာ၂၀၁၂ခုနှစ်တုန်းကချဲလ်ဆီးနှင့်အတူပထမဆုံးအကြိမ်ကစားတုန်းကအက်ဖ်အေဖလားဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးသို့မပြောင်းမီ၂၀၀၉ခုနှစ်တုန်းကအန်ဒါလက်ချ်မှာကစားတုန်းကဘယ်လ်ဂျီယံအမှတ်ပေးဖလားလည်းဆွတ်ခူးခဲ့သူပါ?

အပေါ်မှာဖော်ပြထားတဲ့မိနစ်၉၀အတွင်းစွမ်းဆောင်ရည်ကိုကြည့်ရင်လူကာကူဟာလီဝန်ဒေါ့စကီး၊ဟာလန်းတို့လောက်ဂိုးသွင်းနှုန်းမကောင်းပါဘူး။ဒါမေပယ့်သူဟာဘွန်ဒက်စ်လီဂါတိုက်စစ်မှူးနှစ်ဦး၊ကိန်းတို့ထက်ဖန်တီးမှုပိုင်းပိုများပါတယ်။

ရောဘတ်လီဝန်ဒေါ့စကီး

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကတစ်ပွဲတစ်ဂိုးနှုန်းထက်ပိုသွင်းနိုင်တဲ့သူဖြစ်ပြီးအခြားတိုက်စစ်မှူးသုံးဦးထက်ဂိုးသွင်းနှုန်းမှာသာပါတယ်။သူကတစ်ပွဲပျမ်းမျှ၁.၂၃ဂိုးနှုန်းအထိသွင်းနိုင်ပါတယ်။

သူဟာ၂၀၂၀ခုနှစ်တုန်းကဘိုင်ယန်နှင့်အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သလိုအမှတ်ပေးဖလားလည်း၉ကြိမ်အထိဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။

ဒါ့အပြင်သူဟာအခြားဆုဖလားများအဖြစ်ဂျာမန်ဖလား၄ကြိမ်၊ယူအီးအက်ဖ်အေစူပါဖလား၁ကြိမ်၊ဂျာမန်စူပါဖလား၅ကြိမ်၊ပိုလန်အမှတ်ပေးဖလား၁ကြိမ်၊ပိုလန်စူပါဖလား၁ကြိမ်တို့ဆွတ်ခူးထားပါတယ်။

သူဟာတစ်ကိုယ်တော်ဆုများအဖြစ်ဖီဖာတစ်နှစ်တအကောင်းဆုံးကစားသမားဆု(၂၀၂၀)နှင့်ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆု(၂၀၂၀)တို့ကိုလည်းဆွတ်ခူးထားပါတယ်။

အာလင်းဟာလန်း

အသက်၂၁နှစ်သာရှိသေးတဲ့ဟာလန်းကကမ္ဘာ့ဘောလုံးလောကမှာအဟော့ဆုံးတိုက်စစ်မှူးဖြစ်ပါတယ်။နော်ဝေလက်ရွေးစင်တိုက်စစ်မှူးကလည်းတစ်ပွဲပျမ်းမျှ၁.၀၈ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ဒါကြောင့်လည်းသူ့ကိုဥရောပထိပ်သီးကလပ်တိုင်းကအလိုရှိနေပါတယ်။

သူဟာဂျာမန်ဖလား၁ကြိမ်၊ဩစတြီးယားအမှတ်ပေးဖလား၁ကြိမ်၊ဩစတြီးယားရှုံးထွက်ဖလား၁ကြိမ်တို့ဆွတ်ခူးထားပါတယ်။ဒါပေမယ့်သူဟာကစားသမားဘဝမှအနားမယူခင်ဆုဖလားများစွာဆွတ်ခူးလာဦးမှာသေချာပါတယ်။

သူ့ကိုဒေါ့မွန်ကပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀အထိသတ်မှတ်ထားပါတယ်။

ဟယ်ရီကိန်း

အင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ဟာတစ်ပွဲပျှမ်းမျှ၀.၇၄ဂိုးသွင်းယူထားနိုင်ပါတယ်။ဒါ့အပြင်သူဟာတစ်ပွဲပျမ်းမျှ၀.၃၁ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။ဒါကိုကြည့်ရင်သူကဂိုးသွင်းနိုင်သလိုဖန်တီးမှုလည်းကောင်းတာတွေ့ရပါမယ်။

ဒါပေမယ့်သူကဘာဆုတံဆိပ်မှမဆွတ်ခူးဖူးပါဘူး။

ဒါကြောင့်လည်းသူဟာယခုနွေရာသီအပြောင်းအရွှေ့မှာစပါးစ်ကနေထွက်ခွာပြီးဆုဖလားတွေအတွက်စိန်ခေါ်နိုင်တဲ့မန်စီးတီးသို့ပြောင်းဖို့တာစူနေပါတယ်။

သူ့ကိုစပါးစ်ဥက္ကဌလီဗိုင်းကပေါင်သန်း၁၆၀အထိသတ်မှတ်ထားပါတယ်။မန်စီးတီးကလည်းသူ့ကိုပေါင်သန်း၁၂၀အထက်ပေးပြီးကမ်းလှမ်းမယ်လို့သိရပါတယ်။

ZawGyi

လူကာကူ Vs လီဝန္ေဒါ့စကီး Vs ဟာလန္း Vs ကိန္း – ဘယ္သူက အေကာင္းဆုံးတိုက္စစ္မႉးလဲ?

လက္ရွိေဘာလုံးေလာကမွာအေကာင္းဆုံးတိုက္စစ္မႉးအျဖစ္သတ္မွတ္ခံထားရသူေလးဦးရွိပါတယ္။ဒါေပမယ့္ယင္းေလးဦးထဲမွာဘယ္သူကအေကာင္းဆုံးတိုက္စစ္မႉးလဲေမးခြန္းထုတ္စရာရွိေနပါတယ္။

အာလင္းဟာလန္း၊ဟယ္ရီကိန္း၊ ေရာဘတ္လီဝန္ေဒါ့စကီး၊႐ိုမဲလူလူကာကူတို႔ဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလေနာက္ပိုင္းမွတ္တမ္းေတြကတကယ့္ကိုေၾကာက္စရာေကာင္းေလာက္ေအာင္ေကာင္းမြန္လွပါတယ္။

လူကာကူ

အသက္၂၈ႏွစ္ရွိတိုက္စစ္မႉးကမၾကာေသးမီတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၉၇.၅သန္းျဖင့္ဒုတိယအႀကိမ္ေျမာက္ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ၿပီးရင္ၿဗိတိန္သမိုင္းမွာဒုတိယေဈးအႀကီးဆုံးကစားသမားျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအင္တာမီလန္ကို၂၀၁၀ခုႏွစ္ေနာက္ပိုင္းပထမဆုံးစကူဒက္တိုဖလားရရွိဖို႔ကူညီခဲ့သူျဖစ္ပါတယ္။သူဟာ၂၀၁၂ခုႏွစ္တုန္းကခ်ဲလ္ဆီးႏွင့္အတူပထမဆုံးအႀကိမ္ကစားတုန္းကအက္ဖ္ေအဖလားဆြတ္ခူးခဲ့သူလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးသို႔မေျပာင္းမီ၂၀၀၉ခုႏွစ္တုန္းကအန္ဒါလက္ခ်္မွာကစားတုန္းကဘယ္လ္ဂ်ီယံအမွတ္ေပးဖလားလည္းဆြတ္ခူးခဲ့သူပါ?

အေပၚမွာေဖာ္ျပထားတဲ့မိနစ္၉၀အတြင္းစြမ္းေဆာင္ရည္ကိုၾကည့္ရင္လူကာကူဟာလီဝန္ေဒါ့စကီး၊ဟာလန္းတို႔ေလာက္ဂိုးသြင္းႏႈန္းမေကာင္းပါဘူး။ဒါေမပယ့္သူဟာဘြန္ဒက္စ္လီဂါတိုက္စစ္မႉးႏွစ္ဦး၊ကိန္းတို႔ထက္ဖန္တီးမႈပိုင္းပိုမ်ားပါတယ္။

ေရာဘတ္လီဝန္ေဒါ့စကီး

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးကတစ္ပြဲတစ္ဂိုးႏႈန္းထက္ပိုသြင္းႏိုင္တဲ့သူျဖစ္ၿပီးအျခားတိုက္စစ္မႉးသုံးဦးထက္ဂိုးသြင္းႏႈန္းမွာသာပါတယ္။သူကတစ္ပြဲပ်မ္းမွ်၁.၂၃ဂိုးႏႈန္းအထိသြင္းႏိုင္ပါတယ္။

သူဟာ၂၀၂၀ခုႏွစ္တုန္းကဘိုင္ယန္ႏွင့္အတူခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့သလိုအမွတ္ေပးဖလားလည္း၉ႀကိမ္အထိဆြတ္ခူးထားသူလည္းျဖစ္ပါတယ္။

ဒါ့အျပင္သူဟာအျခားဆုဖလားမ်ားအျဖစ္ဂ်ာမန္ဖလား၄ႀကိမ္၊ယူအီးအက္ဖ္ေအစူပါဖလား၁ႀကိမ္၊ဂ်ာမန္စူပါဖလား၅ႀကိမ္၊ပိုလန္အမွတ္ေပးဖလား၁ႀကိမ္၊ပိုလန္စူပါဖလား၁ႀကိမ္တို႔ဆြတ္ခူးထားပါတယ္။

သူဟာတစ္ကိုယ္ေတာ္ဆုမ်ားအျဖစ္ဖီဖာတစ္ႏွစ္တအေကာင္းဆုံးကစားသမားဆု(၂၀၂၀)ႏွင့္ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု(၂၀၂၀)တို႔ကိုလည္းဆြတ္ခူးထားပါတယ္။

အာလင္းဟာလန္း

အသက္၂၁ႏွစ္သာရွိေသးတဲ့ဟာလန္းကကမာၻ႔ေဘာလုံးေလာကမွာအေဟာ့ဆုံးတိုက္စစ္မႉးျဖစ္ပါတယ္။ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးကလည္းတစ္ပြဲပ်မ္းမွ်၁.၀၈ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။ဒါေၾကာင့္လည္းသူ႔ကိုဥေရာပထိပ္သီးကလပ္တိုင္းကအလိုရွိေနပါတယ္။

သူဟာဂ်ာမန္ဖလား၁ႀကိမ္၊ဩစႀတီးယားအမွတ္ေပးဖလား၁ႀကိမ္၊ဩစႀတီးယားရႈံးထြက္ဖလား၁ႀကိမ္တို႔ဆြတ္ခူးထားပါတယ္။ဒါေပမယ့္သူဟာကစားသမားဘဝမွအနားမယူခင္ဆုဖလားမ်ားစြာဆြတ္ခူးလာဦးမွာေသခ်ာပါတယ္။

သူ႔ကိုေဒါ့မြန္ကေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀အထိသတ္မွတ္ထားပါတယ္။

ဟယ္ရီကိန္း

အဂၤလန္ႏွင့္စပါးစ္အသင္းေခါင္းေဆာင္ဟာတစ္ပြဲပွ်မ္းမွ်၀.၇၄ဂိုးသြင္းယူထားႏိုင္ပါတယ္။ဒါ့အျပင္သူဟာတစ္ပြဲပ်မ္းမွ်၀.၃၁ႀကိမ္ဖန္တီးမႈျပဳလုပ္ထားႏိုင္ပါတယ္။ဒါကိုၾကည့္ရင္သူကဂိုးသြင္းႏိုင္သလိုဖန္တီးမႈလည္းေကာင္းတာေတြ႕ရပါမယ္။

ဒါေပမယ့္သူကဘာဆုတံဆိပ္မွမဆြတ္ခူးဖူးပါဘူး။

ဒါေၾကာင့္လည္းသူဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာစပါးစ္ကေနထြက္ခြာၿပီးဆုဖလားေတြအတြက္စိန္ေခၚႏိုင္တဲ့မန္စီးတီးသို႔ေျပာင္းဖို႔တာစူေနပါတယ္။

သူ႔ကိုစပါးစ္ဥကၠဌလီဗိုင္းကေပါင္သန္း၁၆၀အထိသတ္မွတ္ထားပါတယ္။မန္စီးတီးကလည္းသူ႔ကိုေပါင္သန္း၁၂၀အထက္ေပးၿပီးကမ္းလွမ္းမယ္လို႔သိရပါတယ္။