လူကာမိုဒရစ်ကွင်းအတွင်းမှ ထွက်ခွာချိန်တွင် အာဂျင်တီးနားပရိသတ်များ မတ်တပ်ရပ်လက်ခုပ်တီးဂုဏ်ပြုခဲ့ကြ

သူ့မျိုးဆက်တွင်အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှတစ်ဦးဖြစ်တဲ့လူကာမိုဒရစ်ဟာမနေ့ညတုန်းကကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲအပြီးကွင်းအတွင်းမှထွက်ခွာချိန်တွင်ခရိုအေးရှားပရိသတ်များတင်မကအာဂျင်တီးနားပရိသတ်များရဲ့မတ်တပ်ရပ်လက်ခုပ်တီးဂုဏ်ပြုခြင်းရရှိခဲ့ပါတယ်။

အသက်၃၇နှစ်ရှိလူကာမိုဒရစ်ဟာ၂၀၀၆ခုနှစ်တွင်အာဂျင်တီးနားနှင့်ပွဲမှာပထမဆုံးခရိုအေးရှားအတွက်ပွဲကစားခွင့်ရရှိပြီးနောက်ပွဲ၁၆၀ကစားထားသူဖြစ်ပါတယ်။

သူဟာမနေ့ညတုန်းကအာဂျင်တီးနားကို၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ခရိုအေးရှားရဲ့ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲတွင်လည်းကွင်းအတွင်းမှထွက်ခွာချိန်မှာ Lusail Stadium ရှိနှစ်ဖက်ပရိသတ်များရဲ့မတ်တပ်ရပ်လက်ခုပ်တီးဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

မနေ့ညကပွဲတွင်မိုဒရစ်ဟာလော့ဗ်ရိုမာဂျာနှင့်လူစားလဲခံရချိန်တွင်ပရိသတ်များရဲ့ဂုဏ်ပြုလက်ခုပ်တီးခြင်းခံခဲ့ရတာဖြစ်ပြီးသူကလည်းပရိသတ်များကိုလက်ခုပ်တီးကာပြန်လည်နှုတ်ဆက်ခဲ့တာတွေ့ရပါတယ်။

ပွဲအပြီးတွင်လူကာမိုဒရစ်ဟာလီယွန်နယ်မက်ဆီကိုကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ပါစေကြောင်း လူကြီးလူကောင်းပီသစွာဆုတောင်းပေးခဲ့ပါသေးတယ်။မက်ဆီရဲ့အာဂျင်တီးနားဟာတနင်္ဂနွေနေ့ညတွင်မော်ရိုကို(သို့မဟုတ်)ပြင်သစ်နှင့်ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားရပါမယ်။

လူကာမိုဒရစ်က “ဂုဏ်ပြုပါတယ်။မက်ဆီကိုဗိုလ်လုပွဲမှာကံကောင်းလာပါစေလို့ဆုတောင်းပါတယ်။သူ့မှာအံ့ဩသင့်စရာကောင်းတဲ့ပြိုင်ပွဲပိုင်ဆိုင်ထားတယ်။သူ့ရဲ့ကြီးကျယ်ခမ်းနားမှုကိုပြသထားနိုင်တယ်”လို့ပြောကြားသွားပါတယ်။

ဒါကိုကြည့်ရင်သူ့ရဲ့ကွင်းတွင်း/ကွင်းပြင် Class Act ကိုမြင်တွေ့နိုင်ပါမယ်။

ZawGyi

လူကာမိုဒရစ္ကြင္းအတြင္းမွ ထြက္ခြာခ်ိန္တြင္ အာဂ်င္တီးနားပရိသတ္မ်ား မတ္တပ္ရပ္လက္ခုပ္တီးဂုဏ္ျပဳခဲ့ၾက

သူ႔မ်ိဳးဆက္တြင္အေကာင္းဆုံးကြင္းလယ္ကစားသမားမ်ားထဲမွတစ္ဦးျဖစ္တဲ့လူကာမိုဒရစ္ဟာမေန႔ညတုန္းကကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲအၿပီးကြင္းအတြင္းမွထြက္ခြာခ်ိန္တြင္ခ႐ိုေအးရွားပရိသတ္မ်ားတင္မကအာဂ်င္တီးနားပရိသတ္မ်ားရဲ႕မတ္တပ္ရပ္လက္ခုပ္တီးဂုဏ္ျပဳျခင္းရရွိခဲ့ပါတယ္။

အသက္၃၇ႏွစ္ရွိလူကာမိုဒရစ္ဟာ၂၀၀၆ခုႏွစ္တြင္အာဂ်င္တီးနားႏွင့္ပြဲမွာပထမဆုံးခ႐ိုေအးရွားအတြက္ပြဲကစားခြင့္ရရွိၿပီးေနာက္ပြဲ၁၆၀ကစားထားသူျဖစ္ပါတယ္။

သူဟာမေန႔ညတုန္းကအာဂ်င္တီးနားကို၃-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ခ႐ိုေအးရွားရဲ႕ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲတြင္လည္းကြင္းအတြင္းမွထြက္ခြာခ်ိန္မွာ Lusail Stadium ရွိႏွစ္ဖက္ပရိသတ္မ်ားရဲ႕မတ္တပ္ရပ္လက္ခုပ္တီးဂုဏ္ျပဳျခင္းခံခဲ့ရပါတယ္။

မေန႔ညကပြဲတြင္မိုဒရစ္ဟာေလာ့ဗ္႐ိုမာဂ်ာႏွင့္လူစားလဲခံရခ်ိန္တြင္ပရိသတ္မ်ားရဲ႕ဂုဏ္ျပဳလက္ခုပ္တီးျခင္းခံခဲ့ရတာျဖစ္ၿပီးသူကလည္းပရိသတ္မ်ားကိုလက္ခုပ္တီးကာျပန္လည္ႏႈတ္ဆက္ခဲ့တာေတြ႕ရပါတယ္။

ပြဲအၿပီးတြင္လူကာမိုဒရစ္ဟာလီယြန္နယ္မက္ဆီကိုကမာၻ႔ဖလားကိုင္ေျမႇာက္ႏိုင္ပါေစေၾကာင္း လူႀကီးလူေကာင္းပီသစြာဆုေတာင္းေပးခဲ့ပါေသးတယ္။မက္ဆီရဲ႕အာဂ်င္တီးနားဟာတနဂၤေႏြေန႔ညတြင္ေမာ္႐ိုကို(သို႔မဟုတ္)ျပင္သစ္ႏွင့္ကမာၻ႔ဖလားဗိုလ္လုပြဲကစားရပါမယ္။

လူကာမိုဒရစ္က “ဂုဏ္ျပဳပါတယ္။မက္ဆီကိုဗိုလ္လုပြဲမွာကံေကာင္းလာပါေစလို႔ဆုေတာင္းပါတယ္။သူ႔မွာအံ့ဩသင့္စရာေကာင္းတဲ့ၿပိဳင္ပြဲပိုင္ဆိုင္ထားတယ္။သူ႔ရဲ႕ႀကီးက်ယ္ခမ္းနားမႈကိုျပသထားႏိုင္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါကိုၾကည့္ရင္သူ႔ရဲ႕ကြင္းတြင္း/ကြင္းျပင္ Class Act ကိုျမင္ေတြ႕ႏိုင္ပါမယ္။