လူကြည့်အများဆုံး မှတ်တမ်းရုပ်ရှင်ဖြစ်လာဖို့ ရှိနေတဲ့ All or Nothing : Arsenal

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာတန်းတက်ဘရန့်ဖို့ဒ်အသင်းကိုမထင်မှတ်ဘဲရှုံးနိမ့်မှုနဲ့အတူ အာဆင်နယ်အသင်းရဲ့ All or Nothing : Arsenal အမေဇုံမှတ်တမ်းရုပ်ရှင်မှာလူကြည့်များတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်လာဖို့ရှိနေပါတယ်။

အာဆင်နယ်ဟာမနေ့တုန်းကပရီးမီးယားလိဂ်ရာသီသစ်အဖွင့်ပွဲစဉ်အဖြစ်ပရီးမီးယားလိဂ်မျက်နှာသစ်ဘရန့်ဖို့ဒ်နှင့်ရင်ဆိုင်ခဲ့ရပါတယ်။

တန်းတက်ဘရန့်ဖို့ဒ်အသင်းဟာဆာဂျီကာနို့စ်နှင့်ခရစ္စတီယန်နော်ဂတ်တို့သွင်းယူတဲ့ဂိုးများဖြင့်အာဆင်နယ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိသွားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်အသင်းဟာ၁၉၄၇ခုနှစ်နောက်ပိုင်းတွင်ပထမဆုံးပရီးမီးယားလိဂ်(အဆင့်မြင့်တန်း)နိုင်ပွဲရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အတွက်ကတော့ပလေးအော့ဖ်ကနေပရီးမီးယားလိဂ်သို့တက်လာတဲ့အသင်းနဲ့ပွဲမှာကစားဟန်မှာအလွန်ပျင်းစရာကောင်းနေခဲ့ပါတယ်။

ယင်းကဲ့သို့၂၀၂၁-၂၂ဘောလုံးရာသီအားဆိုးရွားစွာစတင်ခဲ့ရမှုနဲ့အတူပြိုင်ဘက်ပရိသတ်များကအာဆင်နယ်ရဲ့All or Nothing : Arsenal မှတ်တမ်းရုပ်ရှင်မှာအလွန်လူကြည့်များလာမည်ဟုလှောင်ပြောင်ခံနေရပါတယ်။

အာဆင်နယ်ဟာ၂၀၂၁-၂၂ဘောလုံးရာသီအားမှတ်တမ်းရုပ်ရှင်ရိုက်ကူးရန် Amazon Documentary နှင့်သဘောတူညီမှုရရှိထားပြီးလာမယ့်၂၀၂၂ခုနှစ်မှပြသမှာလည်းဖြစ်ပါတယ်။

Amazon ဟာအာဆင်နယ်အသင်းမတိုင်မီမန်စီးတီး၊ဆန်းဒါးလန်း၊စပါးစ်တို့ရဲ့တစ်ရာသီဖြတ်ကျော်မှုကိုမှတ်တမ်းရိုက်ကူးကာပြသခဲ့ဖူးပြီးလည်းဖြစ်ပါတယ်။

ZawGyi

လူၾကည့္အမ်ားဆုံး မွတ္တမ္း႐ုပ္ရွင္ျဖစ္လာဖို႔ ရွိေနတဲ့ All or Nothing : Arsenal

ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာတန္းတက္ဘရန႔္ဖို႔ဒ္အသင္းကိုမထင္မွတ္ဘဲရႈံးနိမ့္မႈနဲ႔အတူ အာဆင္နယ္အသင္းရဲ႕ All or Nothing : Arsenal အေမဇုံမွတ္တမ္း႐ုပ္ရွင္မွာလူၾကည့္မ်ားတဲ့ မွတ္တမ္း႐ုပ္ရွင္ျဖစ္လာဖို႔ရွိေနပါတယ္။

အာဆင္နယ္ဟာမေန႔တုန္းကပရီးမီးယားလိဂ္ရာသီသစ္အဖြင့္ပြဲစဥ္အျဖစ္ပရီးမီးယားလိဂ္မ်က္ႏွာသစ္ဘရန႔္ဖို႔ဒ္ႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။

တန္းတက္ဘရန႔္ဖို႔ဒ္အသင္းဟာဆာဂ်ီကာႏို႔စ္ႏွင့္ခရစၥတီယန္ေနာ္ဂတ္တို႔သြင္းယူတဲ့ဂိုးမ်ားျဖင့္အာဆင္နယ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိသြားခဲ့ပါတယ္။

ဘရန႔္ဖို႔ဒ္အသင္းဟာ၁၉၄၇ခုႏွစ္ေနာက္ပိုင္းတြင္ပထမဆုံးပရီးမီးယားလိဂ္(အဆင့္ျမင့္တန္း)ႏိုင္ပြဲရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္အတြက္ကေတာ့ပေလးေအာ့ဖ္ကေနပရီးမီးယားလိဂ္သို႔တက္လာတဲ့အသင္းနဲ႔ပြဲမွာကစားဟန္မွာအလြန္ပ်င္းစရာေကာင္းေနခဲ့ပါတယ္။

ယင္းကဲ့သို႔၂၀၂၁-၂၂ေဘာလုံးရာသီအားဆိုး႐ြားစြာစတင္ခဲ့ရမႈနဲ႔အတူၿပိဳင္ဘက္ပရိသတ္မ်ားကအာဆင္နယ္ရဲ႕All or Nothing : Arsenal မွတ္တမ္း႐ုပ္ရွင္မွာအလြန္လူၾကည့္မ်ားလာမည္ဟုေလွာင္ေျပာင္ခံေနရပါတယ္။

အာဆင္နယ္ဟာ၂၀၂၁-၂၂ေဘာလုံးရာသီအားမွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးရန္ Amazon Documentary ႏွင့္သေဘာတူညီမႈရရွိထားၿပီးလာမယ့္၂၀၂၂ခုႏွစ္မွျပသမွာလည္းျဖစ္ပါတယ္။

Amazon ဟာအာဆင္နယ္အသင္းမတိုင္မီမန္စီးတီး၊ဆန္းဒါးလန္း၊စပါးစ္တို႔ရဲ႕တစ္ရာသီျဖတ္ေက်ာ္မႈကိုမွတ္တမ္း႐ိုက္ကူးကာျပသခဲ့ဖူးၿပီးလည္းျဖစ္ပါတယ္။