လူကြမ်းပေမယ့် နူးညံ့တဲ့နှလုံးသားရှိတယ်ဆိုတာ ပြသလာတဲ့ မန်ယူလူကြိမ်းရွိုင်ကိန်း

မန်ယူဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းဟာကစားသမားဘဝတုန်းကဘောလုံးလူဆိုးတစ်ဦးအဖြစ်နာမည်ကျော်ခဲ့သလိုရုပ်သံဘောလုံးဝေဖန်သူဖြစ်လာချိန်မှာလည်းဘယ်သူ့မျက်နှာမှမထောက်ဘဲဟော့ဟော့ဒိုင်းဒိုင်း တုတ်ထိုးအိုးပေါက်ဝေဖန်ပြောဆိုသူအဖြစ်နာမည်ကြီးပါတယ်။

ဒါပေမယ့်လည်းမန်ယူလူကြမ်းကြီးရွိုင်ကိန်းဟာကလေးများအကြိုက်ရုပ်သံရှိုးတစ်ခုဖြစ်တဲ့ PAW Patrol မှ ဇာတ်ကောင်တစ်ကောင်ကဲ့သို့ဝတ်ဆင်ကာသူ့ရဲ့ချစ်စရာကောင်းတဲ့အခြားမျက်နှာတစ်ခုကိုပြသခဲ့ပါတယ်။

ယင်းသို့ချစ်စရာကောင်းတဲ့အပြုအမူကိုရွိုင်ကိန်းဟာဓာတ်ပုံရိုက်ကူးပြီးဆိုရှယ်မီဒီယာမှာတင်ခဲ့ကာပရိသတ်များအားပေးမှုအကြီးအကျယ်ခံခဲ့ရပါတယ်။

သူ့ရဲ့PAW Patrol မှဇာတ်ကောင်ခွေးရုပ်ဝတ်စုံနှင့်ဓာတ်ပုံမှာကလေးငယ်နှစ်ဦးကိုလည်းတွေ့ရပါတယ်။ယင်းကလေးနှစ်ဦးကသူ့မြေးတွေဖြစ်ဖို့ရှိပါတယ်။

ဒါ့အပြင်ရွိုင်ကိန်းက “ပါတီများအတွက်ငှားရမ်းနိုင်ပါပြီ။ပါတီတွေ၊ကလေးတွေကိုမနှစ်သက်ပါဘူး။ဒါပေမယ့်ရေကူးကန်အပူပေးစနစ်အတွက်ဘေလ်ပေးဖို့ငွေလိုနေလို့ပါ”ဆိုပြီးဟာသရေးခဲ့ပါသေးတယ်။

ZawGyi

လူၾကမ္းေပမယ့္ ႏူးညံ့တဲ့ႏွလုံးသားရွိတယ္ဆိုတာ ျပသလာတဲ့ မန္ယူလူႀကိမ္း႐ြိဳင္ကိန္း

မန္ယူဂႏၴဝင္အသင္းေခါင္းေဆာင္႐ြိဳင္ကိန္းဟာကစားသမားဘဝတုန္းကေဘာလုံးလူဆိုးတစ္ဦးအျဖစ္နာမည္ေက်ာ္ခဲ့သလို႐ုပ္သံေဘာလုံးေဝဖန္သူျဖစ္လာခ်ိန္မွာလည္းဘယ္သူ႔မ်က္ႏွာမွမေထာက္ဘဲေဟာ့ေဟာ့ဒိုင္းဒိုင္း တုတ္ထိုးအိုးေပါက္ေဝဖန္ေျပာဆိုသူအျဖစ္နာမည္ႀကီးပါတယ္။

ဒါေပမယ့္လည္းမန္ယူလူၾကမ္းႀကီး႐ြိဳင္ကိန္းဟာကေလးမ်ားအႀကိဳက္႐ုပ္သံရႈိးတစ္ခုျဖစ္တဲ့ PAW Patrol မွ ဇာတ္ေကာင္တစ္ေကာင္ကဲ့သို႔ဝတ္ဆင္ကာသူ႔ရဲ႕ခ်စ္စရာေကာင္းတဲ့အျခားမ်က္ႏွာတစ္ခုကိုျပသခဲ့ပါတယ္။

ယင္းသို႔ခ်စ္စရာေကာင္းတဲ့အျပဳအမူကို႐ြိဳင္ကိန္းဟာဓာတ္ပုံ႐ိုက္ကူးၿပီးဆိုရွယ္မီဒီယာမွာတင္ခဲ့ကာပရိသတ္မ်ားအားေပးမႈအႀကီးအက်ယ္ခံခဲ့ရပါတယ္။

သူ႔ရဲ႕PAW Patrol မွဇာတ္ေကာင္ေခြး႐ုပ္ဝတ္စုံႏွင့္ဓာတ္ပုံမွာကေလးငယ္ႏွစ္ဦးကိုလည္းေတြ႕ရပါတယ္။ယင္းကေလးႏွစ္ဦးကသူ႔ေျမးေတြျဖစ္ဖို႔ရွိပါတယ္။

ဒါ့အျပင္႐ြိဳင္ကိန္းက “ပါတီမ်ားအတြက္ငွားရမ္းႏိုင္ပါၿပီ။ပါတီေတြ၊ကေလးေတြကိုမႏွစ္သက္ပါဘူး။ဒါေပမယ့္ေရကူးကန္အပူေပးစနစ္အတြက္ေဘလ္ေပးဖို႔ေငြလိုေနလို႔ပါ”ဆိုၿပီးဟာသေရးခဲ့ပါေသးတယ္။