လူချစ်လူခင်များလိုလျှင် ဂုဏ်မမောက်ရန် ဘက်ပေးကို မက်ဇ်နည်းပြသတိပေး

ကိုင်လီယန်ဘက်ပေးအနေဖြင့်လူချစ်လူခင်များလိုလျှင်ဂုဏ်မမောက်ဘဲနှိမ့်ချနေထိုင်တတ်ရန်လိုအပ်ကြောင်းမက်ဇ်နည်းပြဖရီဒရစ်အန်တိုနက်တီကသတိပေးပြောကြားလိုက်ပါတယ်။

မက်ဇ်ဟာကြားရက်တုန်းကပီအက်စ်ဂျီကိုအိမ်ကွင်းတွင်တစ်ဂိုစီသရေကစားနိုင်ခဲ့ပေမယ့်လည်းပွဲပြီးခါနီးတွင်ဟာကီမီသွင်းယူတဲ့ဂိုးကြောင့်၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

မက်ဇ်ပရိသတ်များဟာပီအက်စ်ဂျီကစားသမားတို့အကြီးအကျယ်အောင်ပွဲခံမှုကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။ဒါ့အပြင်ဘက်ပေးဟာမက်ဇ်ဂိုးသမားအလက်ဇန္ဒါးအောက်ကစ်ဂျာထံသို့သွားရောက်ကာလှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။

မက်ဇ်ဂိုးသမားဟာဘက်ပေးရဲ့လှောင်ပြောင်မှုအပေါ်အကြီးအကျယ်ဒေါသထွက်ကာရန်မူရန်ကြိုးပမ်းခဲ့ပါတယ်။မက်ဇ်ဂိုးသမားဟာပီအက်စ်ဂျီကစားသမားများထဲသို့ ဝင်သွားတဲ့ဘက်ပေးကိုရန်မူရန်ကြိုးပမ်းစဉ်နေမာရဲ့တွန်းလှဲခြင်းခံခဲ့ရပါတယ်။

အဆိုပါပွဲစဉ်တွင်မက်ဇ်မှအသင်းခေါင်းဆောင်ဒိုင်လန်ဘရွန်းအထုတ်ခံခဲ့ရသလိုနည်းပြအန်တိုနက်တီလည်းအထုတ်ခံခဲ့ရပါတယ်။

အန်တိုနက်တီက “ဘက်ပေးအနေနဲ့လူချစ်လူခင်များချင်ရင်အမူအကျင့်တွေပြောင်းရပါမယ်။သူကအရမ်းအရမ်းသန်မာတော့သူ့ကိုကျွန်တော်ကြိုက်ပါတယ်။ဒါပေမယ့်သူအနေနဲ့နှိမ့်ချပြီးနေရင်ပိုလို့တောင်အကျိုးရှိလာပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လူခ်စ္လူခင္မ်ားလိုလွ်င္ ဂုဏ္မေမာက္ရန္ ဘက္ေပးကို မက္ဇ္နည္းျပသတိေပး

ကိုင္လီယန္ဘက္ေပးအေနျဖင့္လူခ်စ္လူခင္မ်ားလိုလွ်င္ဂုဏ္မေမာက္ဘဲႏွိမ့္ခ်ေနထိုင္တတ္ရန္လိုအပ္ေၾကာင္းမက္ဇ္နည္းျပဖရီဒရစ္အန္တိုနက္တီကသတိေပးေျပာၾကားလိုက္ပါတယ္။

မက္ဇ္ဟာၾကားရက္တုန္းကပီအက္စ္ဂ်ီကိုအိမ္ကြင္းတြင္တစ္ဂိုစီသေရကစားႏိုင္ခဲ့ေပမယ့္လည္းပြဲၿပီးခါနီးတြင္ဟာကီမီသြင္းယူတဲ့ဂိုးေၾကာင့္၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

မက္ဇ္ပရိသတ္မ်ားဟာပီအက္စ္ဂ်ီကစားသမားတို႔အႀကီးအက်ယ္ေအာင္ပြဲခံမႈေၾကာင့္အႀကီးအက်ယ္ေဒါသထြက္ခဲ့ပါတယ္။ဒါ့အျပင္ဘက္ေပးဟာမက္ဇ္ဂိုးသမားအလက္ဇႏၵါးေအာက္ကစ္ဂ်ာထံသို႔သြားေရာက္ကာေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ပါတယ္။

မက္ဇ္ဂိုးသမားဟာဘက္ေပးရဲ႕ေလွာင္ေျပာင္မႈအေပၚအႀကီးအက်ယ္ေဒါသထြက္ကာရန္မူရန္ႀကိဳးပမ္းခဲ့ပါတယ္။မက္ဇ္ဂိုးသမားဟာပီအက္စ္ဂ်ီကစားသမားမ်ားထဲသို႔ ဝင္သြားတဲ့ဘက္ေပးကိုရန္မူရန္ႀကိဳးပမ္းစဥ္ေနမာရဲ႕တြန္းလွဲျခင္းခံခဲ့ရပါတယ္။

အဆိုပါပြဲစဥ္တြင္မက္ဇ္မွအသင္းေခါင္းေဆာင္ဒိုင္လန္ဘ႐ြန္းအထုတ္ခံခဲ့ရသလိုနည္းျပအန္တိုနက္တီလည္းအထုတ္ခံခဲ့ရပါတယ္။

အန္တိုနက္တီက “ဘက္ေပးအေနနဲ႔လူခ်စ္လူခင္မ်ားခ်င္ရင္အမူအက်င့္ေတြေျပာင္းရပါမယ္။သူကအရမ္းအရမ္းသန္မာေတာ့သူ႔ကိုကြၽန္ေတာ္ႀကိဳက္ပါတယ္။ဒါေပမယ့္သူအေနနဲ႔ႏွိမ့္ခ်ၿပီးေနရင္ပိုလို႔ေတာင္အက်ိဳးရွိလာပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။