လူငယ်ကြယ်ပွင့်အားခြေထောက်ကျိုးတဲ့အထိဒဏ်ရာပြင်းထန်စွာရရှိလာမှာကိုမန်ယူအသင်းစိုးရိမ်နေရ

မန်ယူယူ-၂၃အသင်းနည်းပြဟာအသင်းလူငယ်ပါရမီရှင်ကြယ်ပွင့်ဟန်နီဘယ်မီဘရီကိုဒိုင်လူကြီးများကအကာအ ကွယ်ပေးမှုမပြုလုပ်ပါကခြေထောက်ကျိုးတဲ့အထိဒဏ်ရာပြင်းထန်စွာရရှိလာမှာကိုစိုးရိမ်နေပါတယ်။

မန်ယူအကယ်ဒမီဟာအင်္ဂလိပ်ဘောလုံးသမိုင်းမှာအစဉ်အလာကြီးမားတဲ့အကယ်ဒမီဖြစ်ပြီးလက်ရှိပထမအသင်းမှာ ပုံမှန်ကစားခွင့်ရရှိနေကြတဲ့မားကပ်စ်ရပ်ရှ်ဖို့ဒ်၊မေဆင်ဂရင်းဝုဒ်၊ပေါလ်ပေါ့ဘာ၊စကော့မက်တိုမီနေးတို့ဟာအကယ်ဒမီကထွက်ပေါ်လာခဲ့ကြတာပါ။

မန်ယူနည်းပြဆိုးလ်ရှားဟာယူ-၂၃အသင်းမှာခြေစွမ်းပြနေတဲ့တိုက်စစ်မှူးဂျိုးဟူဂယ်ကိုပထမအသင်းသို့ခေါ်ဆောင် ထားပြီးဖြစ်ပါတယ်။အသက်၁၇နှစ်ရှိဟူဂယ်တစ်ဦးတည်းဘဲအားလုံးရဲ့အာရုံစိုက်ခြင်းခံနေရတာမဟုတ်ပါဘူး။

မီဘရီဟာလည်းမန်ယူယူ-၂၃အသင်းမှာအေမက်ဒီရယ်လို၊နီဂယ်ဝုဒ်တို့နှင့်အတူအထူးခြေစွမ်းပြကစားလျက်ရှိပါတယ်။

မန်ယူယူ-၂၃အသင်းနည်းပြက “ဟန်နီဘယ်မှာအရည်အသွေးတွေအများကြီးရှိပါတယ်။သူနဲ့ပတ်သက်ပြီးစိတ်ပျက် စရာကောင်းတာကတော့တစ်ပွဲကိုပျမ်းမျှ၁၅ကြိမ်လောက်လူချကစားတာခံနေရတာပါ။ဒါတွေသာရပ်မသွားဘူးဆို ရင်၊ဒါမှမဟုတ်ဒိုင်လူကြီးတွေကအကာအကွယ်မပေးဘူးဆိုရင်သူခြေထောက်ကျိုးတဲ့အထိဖြစ်လာလိမ့်မယ်။သူ့ဒီလိုဖြစ်လာမှာကျွန်တော်ကြောက်တယ်။သူကဘောလုံးထိန်းထားရတာကြိုက်တယ်။ဖန်တီးရတာကြိုက်တယ်။သူ့ကိုအားကိုးနေတာကိုကြိုက်တယ်။နောက်ဆုံးပွဲအချို့မှာသူအရမ်းကောင်းခဲ့တယ်။လီဗာပူးမှာလည်းသူတော်တော် ကောင်းခဲ့တယ်။နောက်တစ်ပွဲ(ဘလက်ဘန်း)မှာလည်းအရမ်းကောင်းခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ကစားဖော်ဝုဒ်ကလည်းအသက်၁၈နှစ်ရှိအလယ်တန်းကစားသမားမီထရီနဲ့ပတ်သက်ပြီး “ဟန်နီဘယ်ဟာအမြဲတမ်း လူချကစားတာခံနေရတာလူတော်တော်များများမသိကြဘူး။သူ့အော်သံကိုလူတိုင်းကြားရမှာပါ။ဒါပေမယ့်သူကလည်းငမာကောင်ပါ။အာခရင်တန်နဲ့ပွဲ၁၀မိနစ်အတွင်းမှာသူ့နှာခေါင်းကျိုးသွားတယ်။နှာခေါင်းကိုစည်းပြီးတစ်ပွဲလုံးသူ ကစားသွားတယ်။ဒါမျိုးလုပ်တဲ့ကစားသမားအများကြီးမရှိပါဘူး။သူကအားလုံးထင်ထားတာထက်အသည်းမာတယ်။သူကအမြဲတမ်းဘောလုံးရချင်နေတဲ့ကစားသမားမျိုး။ဘယ်သူမှကိုယ့်ထိပ်တန်းကစားသမားအတွက်စိုးရိမ်နေရတာမျိုးမလိုချင်ဘူး။သူ့ကိုအကာအကွယ်ပေးဖို့နည်းနည်းဘဲလိုတာပါ။မဟုတ်ရင်သူဒဏ်ရာဆိုးဆိုးရွားရွားရသွား နိုင်တယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လူငယ္ၾကယ္ပြင့္အားေျခေထာက္က်ိဳးတဲ့အထိဒဏ္ရာျပင္းထန္စြာရရွိလာမွာကိုမန္ယူအသင္းစိုးရိမ္ေနရ

မန္ယူယူ-၂၃အသင္းနည္းျပဟာအသင္းလူငယ္ပါရမီရွင္ၾကယ္ပြင့္ဟန္နီဘယ္မီဘရီကိုဒိုင္လူႀကီးမ်ားကအကာအ ကြယ္ေပးမႈမျပဳလုပ္ပါကေျခေထာက္က်ိဳးတဲ့အထိဒဏ္ရာျပင္းထန္စြာရရွိလာမွာကိုစိုးရိမ္ေနပါတယ္။

မန္ယူအကယ္ဒမီဟာအဂၤလိပ္ေဘာလုံးသမိုင္းမွာအစဥ္အလာႀကီးမားတဲ့အကယ္ဒမီျဖစ္ၿပီးလက္ရွိပထမအသင္းမွာ ပုံမွန္ကစားခြင့္ရရွိေနၾကတဲ့မားကပ္စ္ရပ္ရွ္ဖို႔ဒ္၊ေမဆင္ဂရင္းဝုဒ္၊ေပါလ္ေပါ့ဘာ၊စေကာ့မက္တိုမီေနးတို႔ဟာအကယ္ဒမီကထြက္ေပၚလာခဲ့ၾကတာပါ။

မန္ယူနည္းျပဆိုးလ္ရွားဟာယူ-၂၃အသင္းမွာေျခစြမ္းျပေနတဲ့တိုက္စစ္မႉးဂ်ိဳးဟူဂယ္ကိုပထမအသင္းသို႔ေခၚေဆာင္ ထားၿပီးျဖစ္ပါတယ္။အသက္၁၇ႏွစ္ရွိဟူဂယ္တစ္ဦးတည္းဘဲအားလုံးရဲ႕အာ႐ုံစိုက္ျခင္းခံေနရတာမဟုတ္ပါဘူး။

မီဘရီဟာလည္းမန္ယူယူ-၂၃အသင္းမွာေအမက္ဒီရယ္လို၊နီဂယ္ဝုဒ္တို႔ႏွင့္အတူအထူးေျခစြမ္းျပကစားလ်က္ရွိပါ တယ္။

မန္ယူယူ-၂၃အသင္းနည္းျပက “ဟန္နီဘယ္မွာအရည္အေသြးေတြအမ်ားႀကီးရွိပါတယ္။သူနဲ႔ပတ္သက္ၿပီးစိတ္ပ်က္ စရာေကာင္းတာကေတာ့တစ္ပြဲကိုပ်မ္းမွ်၁၅ႀကိမ္ေလာက္လူခ်ကစားတာခံေနရတာပါ။ဒါေတြသာရပ္မသြားဘူးဆို ရင္၊ဒါမွမဟုတ္ဒိုင္လူႀကီးေတြကအကာအကြယ္မေပးဘူးဆိုရင္သူေျခေထာက္က်ိဳးတဲ့အထိျဖစ္လာလိမ့္မယ္။သူ႔ဒီလိုျဖစ္လာမွာကြၽန္ေတာ္ေၾကာက္တယ္။သူကေဘာလုံးထိန္းထားရတာႀကိဳက္တယ္။ဖန္တီးရတာႀကိဳက္တယ္။သူ႔ကိုအားကိုးေနတာကိုႀကိဳက္တယ္။ေနာက္ဆုံးပြဲအခ်ိဳ႕မွာသူအရမ္းေကာင္းခဲ့တယ္။လီဗာပူးမွာလည္းသူေတာ္ေတာ္ ေကာင္းခဲ့တယ္။ေနာက္တစ္ပြဲ(ဘလက္ဘန္း)မွာလည္းအရမ္းေကာင္းခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ကစားေဖာ္ဝုဒ္ကလည္းအသက္၁၈ႏွစ္ရွိအလယ္တန္းကစားသမားမီထရီနဲ႔ပတ္သက္ၿပီး “ဟန္နီဘယ္ဟာအၿမဲတမ္း လူခ်ကစားတာခံေနရတာလူေတာ္ေတာ္မ်ားမ်ားမသိၾကဘူး။သူ႔ေအာ္သံကိုလူတိုင္းၾကားရမွာပါ။ဒါေပမယ့္သူကလည္းငမာေကာင္ပါ။အာခရင္တန္နဲ႔ပြဲ၁၀မိနစ္အတြင္းမွာသူ႔ႏွာေခါင္းက်ိဳးသြားတယ္။ႏွာေခါင္းကိုစည္းၿပီးတစ္ပြဲလုံးသူ ကစားသြားတယ္။ဒါမ်ိဳးလုပ္တဲ့ကစားသမားအမ်ားႀကီးမရွိပါဘူး။သူကအားလုံးထင္ထားတာထက္အသည္းမာတယ္။သူကအၿမဲတမ္းေဘာလုံးရခ်င္ေနတဲ့ကစားသမားမ်ိဳး။ဘယ္သူမွကိုယ့္ထိပ္တန္းကစားသမားအတြက္စိုးရိမ္ေနရတာမ်ိဳးမလိုခ်င္ဘူး။သူ႔ကိုအကာအကြယ္ေပးဖို႔နည္းနည္းဘဲလိုတာပါ။မဟုတ္ရင္သူဒဏ္ရာဆိုးဆိုး႐ြား႐ြားရသြား ႏိုင္တယ္”လို႔ေျပာၾကားသြားပါတယ္။