လူငယ်ပါရမီရှင်ဆားလ်ကို ခေါ်ယူပြီး မက်ဇ်တွင်ပင် အငှားချလိုက်တဲ့ စပါးစ်

စပါးစ်ဟာဥရောပထိပ်သီးကလပ်များကခေါ်ယူလိုနေတဲ့မက်ဇ်လူငယ်ပါရမီရှင်အလယ်တန်းကစားသမားပါပေမာတာဆားလ်ကိုခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။

အသက်၁၈နှစ်အရွယ်ရှိဆားလ်ဟာစပါးစ်နှင့်နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးယခုရာသီတွင်စပါးစ်သို့ရောက်လာဦးမှာမဟုတ်သေးဘဲမက်ဇ်တွင်ပင်အငှားဖြင့်ကစားသွားဦးမှာဖြစ်ပါတယ်။

စပါးစ်အသင်းဟာဆားလ်အတွက်ပြောင်းရွှေ့ကြေးပေါင်၁၃သန်းအသုံးပြုခဲ့ရတယ်လို့ယူဆရပါတယ်။

ဆီနီဂေါလက်ရွေးစင်ကစားသမားဟာပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကပထမဆုံးလီဂူး၁ပွဲကစားခဲ့ရပြီးနောက်၂၀၂၀-၂၁ရာသီတွင်၂၅ပွဲအထိကစားခွင့်ရရှိခဲ့ပါတယ်။သူဟာ Coupe de France ပြိုင်ပွဲတွင်၃ ပွဲကစားပြီး ၄ ဂိုးသွင်းယူခဲ့ပါတယ်။

သူဟာယခုရာသီတွင်မက်ဇ်အတွက်သုံးပွဲကစားထားပြီးဖြစ်ကာတနင်္ဂနွေနေ့တုန်းကရိမ်းစ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲမှာဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

အရပ်ခြောက်ပေရှည်တဲ့ဆားလ်ဟာယခုရာသီတွင်မက်ဇ်တွင်အငှားဖြင့်ထပ်မံကစားပြီးလာမယ့်ရာသီမှာပရီးမီးယားလိဂ်တွင်စမ်းသပ်မှုခံယူဖို့ပြင်ဆင်သွားပါမယ်။

ZawGyi

လူငယ္ပါရမီရွင္ဆားလ္ကို ေခၚယူၿပီး မက္ဇ္တြင္ပင္ အငွားခ်လိုက္တဲ့ စပါးစ္

စပါးစ္ဟာဥေရာပထိပ္သီးကလပ္မ်ားကေခၚယူလိုေနတဲ့မက္ဇ္လူငယ္ပါရမီရွင္အလယ္တန္းကစားသမားပါေပမာတာဆားလ္ကိုေခၚယူလိုက္ႏိုင္ၿပီျဖစ္ပါတယ္။

အသက္၁၈ႏွစ္အ႐ြယ္ရွိဆားလ္ဟာစပါးစ္ႏွင့္ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးယခုရာသီတြင္စပါးစ္သို႔ေရာက္လာဦးမွာမဟုတ္ေသးဘဲမက္ဇ္တြင္ပင္အငွားျဖင့္ကစားသြားဦးမွာျဖစ္ပါတယ္။

စပါးစ္အသင္းဟာဆားလ္အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၃သန္းအသုံးျပဳခဲ့ရတယ္လို႔ယူဆရပါတယ္။

ဆီနီေဂါလက္ေ႐ြးစင္ကစားသမားဟာၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းကပထမဆုံးလီဂူး၁ပြဲကစားခဲ့ရၿပီးေနာက္၂၀၂၀-၂၁ရာသီတြင္၂၅ပြဲအထိကစားခြင့္ရရွိခဲ့ပါတယ္။သူဟာ Coupe de France ၿပိဳင္ပြဲတြင္၃ ပြဲကစားၿပီး ၄ ဂိုးသြင္းယူခဲ့ပါတယ္။

သူဟာယခုရာသီတြင္မက္ဇ္အတြက္သုံးပြဲကစားထားၿပီးျဖစ္ကာတနဂၤေႏြေန႔တုန္းကရိမ္းစ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲမွာဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

အရပ္ေျခာက္ေပရွည္တဲ့ဆားလ္ဟာယခုရာသီတြင္မက္ဇ္တြင္အငွားျဖင့္ထပ္မံကစားၿပီးလာမယ့္ရာသီမွာပရီးမီးယားလိဂ္တြင္စမ္းသပ္မႈခံယူဖို႔ျပင္ဆင္သြားပါမယ္။