လူငယ်ပါရမီရှင်မက်ဘရီကို ဝုဗ်နဲ့ပွဲမှာ ပွဲဦးထွက် အခွင့်အရေးပေးသွားမယ့် သရဲနီ

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာယနေ့ညတွင်ဝုဗ်နှင့်ကစားရမယ့်ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်တွင်ပါရမီရှင်ကစားသမားဟန်နာဘယ်မက်ဘရီကိုသူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ်အသုံးပြုသွားဖို့ရှိပါတယ်။

အသက်၁၈နှစ်ရှိကစားသမားဟာဝုဗ်ကိုရင်ဆိုင်မယ့်မန်ယူအသင်းလူစာရင်းတွင်ပါဝင်နေပါတယ်။တကယ်လို့သူသာပါဝင်ကစားခွင့်ရရှိပါကနော်ဝေလူမျိုးနည်းပြဆိုးလ်ရှားလက်ထက်တွင်၁၅ဦးမြောက်အဖြစ်ပထမအသင်းတွင်အခွင့်အရေးရရှိလာတဲ့အကယ်ဒမီကစားသမားဖြစ်လာပါမယ်။

ဒါ့အပြင် အသက်၄၈နှစ်ရှိဆိုးလ်ရှားဟာလူငယ်အသင်းတိုက်စစ်သမားရှိုလာရှိုးတိုင်းယားကိုလည်းဝုဗ်နှင့်ပွဲအတွက်လူစာရင်းတွင်ထည့်သွင်းထားကာအသုံးပြုသွားနိုင်ပါတယ်။

ဆိုးလ်ရှားက “သူတို့ဟာကောင်းမွန်တဲ့ရာသီတွေပိုင်ဆိုင်ထားသူတွေပါ။ဟန်နာဘယ်ရောရှိုလာကိုပါ ထည့်သွင်းထားပါတယ်။သူတို့နှစ်ဦးလုံးကိုပွဲချိန်တစ်ချို့ကစားခွင့်ပေးသွားနိုင်ပါတယ်။ယူရိုပါလိဂ်ဗိုလ်လုပွဲသို့အားပြည့်အင်ပြည့်နဲ့သွားချင်ပါတယ်။ဒါပေမယ့်ယုံကြည်မှုလည်းရှိနေဖို့လိုတယ်။ဒီတော့ကျွန်တော်တို့အနေနဲ့ဒီပွဲမှာမျက်နှာသစ်အချို့သုံးသွားပါမယ်”လို့ပြောကြားသွားပါတယ်။

မက်ဘရယ်ဟာ၂၀၁၉ခုနှစ်တွင်မန်ယူသို့မိုနာကိုမှပေါင်၉.၃သန်းဖြင့်ရောက်လာခဲ့သူဖြစ်ပြီးမန်ယူ-၂၃အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးထားသူလည်းဖြစ်ကာမန်ယူစံပြကစားသမားများဖြစ်ကြတဲ့ဒေးဗစ်ဘက်ဟမ်း၊ရွိုင်ကိန်းတို့နဲ့နှိုင်းယှဉ်ခြင်းခံနေရသူဖြစ်ပါတယ်။

ZawGyi

လူငယ္ပါရမီရွင္မက္ဘရီကို ဝုဗ္နဲ႔ပြဲမွာ ပြဲဦးထြက္ အခြင့္အေရးေပးသြားမယ့္ သရဲနီ

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာယေန႔ညတြင္ဝုဗ္ႏွင့္ကစားရမယ့္ပရီးမီးယားလိဂ္ရာသီသိမ္းပြဲစဥ္တြင္ပါရမီရွင္ကစားသမားဟန္နာဘယ္မက္ဘရီကိုသူ႔ရဲ႕ပရီးမီးယားလိဂ္ပြဲဦးထြက္အျဖစ္အသုံးျပဳသြားဖို႔ရွိပါတယ္။

အသက္၁၈ႏွစ္ရွိကစားသမားဟာဝုဗ္ကိုရင္ဆိုင္မယ့္မန္ယူအသင္းလူစာရင္းတြင္ပါဝင္ေနပါတယ္။တကယ္လို႔သူသာပါဝင္ကစားခြင့္ရရွိပါကေနာ္ေဝလူမ်ိဳးနည္းျပဆိုးလ္ရွားလက္ထက္တြင္၁၅ဦးေျမာက္အျဖစ္ပထမအသင္းတြင္အခြင့္အေရးရရွိလာတဲ့အကယ္ဒမီကစားသမားျဖစ္လာပါမယ္။

ဒါ့အျပင္ အသက္၄၈ႏွစ္ရွိဆိုးလ္ရွားဟာလူငယ္အသင္းတိုက္စစ္သမားရႈိလာရႈိးတိုင္းယားကိုလည္းဝုဗ္ႏွင့္ပြဲအတြက္လူစာရင္းတြင္ထည့္သြင္းထားကာအသုံးျပဳသြားႏိုင္ပါတယ္။

ဆိုးလ္ရွားက “သူတို႔ဟာေကာင္းမြန္တဲ့ရာသီေတြပိုင္ဆိုင္ထားသူေတြပါ။ဟန္နာဘယ္ေရာရႈိလာကိုပါ ထည့္သြင္းထားပါတယ္။သူတို႔ႏွစ္ဦးလုံးကိုပြဲခ်ိန္တစ္ခ်ိဳ႕ကစားခြင့္ေပးသြားႏိုင္ပါတယ္။ယူ႐ိုပါလိဂ္ဗိုလ္လုပြဲသို႔အားျပည့္အင္ျပည့္နဲ႔သြားခ်င္ပါတယ္။ဒါေပမယ့္ယုံၾကည္မႈလည္းရွိေနဖို႔လိုတယ္။ဒီေတာ့ကြၽန္ေတာ္တို႔အေနနဲ႔ဒီပြဲမွာမ်က္ႏွာသစ္အခ်ိဳ႕သုံးသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မက္ဘရယ္ဟာ၂၀၁၉ခုႏွစ္တြင္မန္ယူသို႔မိုနာကိုမွေပါင္၉.၃သန္းျဖင့္ေရာက္လာခဲ့သူျဖစ္ၿပီးမန္ယူ-၂၃အသင္းရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးထားသူလည္းျဖစ္ကာမန္ယူစံျပကစားသမားမ်ားျဖစ္ၾကတဲ့ေဒးဗစ္ဘက္ဟမ္း၊႐ြိဳင္ကိန္းတို႔နဲ႔ႏႈိင္းယွဥ္ျခင္းခံေနရသူျဖစ္ပါတယ္။