လူငယ်ဘောလုံးပွဲများတွင် သားသမီးများကို မိဘများ ကိုယ်တိုင်ကြည့်ရှုခွင့် ပိတ်ပင်လာတဲ့ အက်ဖ်အေ

အက်ဖ်အေဟာ အက်ဖ်အေကကြီးမှူးကျင်းပတဲ့လူငယ်ဘောလုံးပွဲများတွင် ကလေးလူငယ်များအားဆဲဆိုပြောဆိုခံရမှုမှကာကွယ်ရန်အတွက်မိဘများကိုတက်ရောက်ကြည့်ရှုအားပေးခွင့်ပိတ်ပင်မှုပြုလုပ်လာပါတယ်။

အက်ဖ်အေဟာလူငယ်ဘောလုံးပွဲများတွင်မိဘများကိုလည်းကြည့်ရှုခွင့်ပေးကာ ကလေးများအားကြမ်းတမ်းစွာဆဲဆိုခံရအောင်လုပ်တယ်ဆိုပြီးစွပ်စွဲမှုများနှင့်ရင်ဆိုင်လာခဲ့ရပါတယ်။

ယခုအခါမှာတော့အက်ဖ်အေဟာယခုအပတ်အကုန်တွင် ကျင်းပလာမဲ့ လူငယ်ဘောလုံးပွဲများတွင်တော့မိဘများကိုတက်ရောက်ကြည့်ရှုအားပေးခွင့်ပိတ်ပင်လာပါတယ်။

ယင်းကဲ့သို့မိဘများကိုတက်ရောက်ကြည့်ရှုအားပေးခွင့်ပိတ်ပင်လာမှုနှင့်အတူ ကလေးများနှင့်ဒိုင်လူကြီးတို့အတွက်ဖိအားများလျှော့ကျလာဖို့လည်းမျှော်လင့်နေပါတယ်။

အက်ဖ်အေဟာယခုကဲ့သို့မိဘများမတက်ရောက်မှုကြောင့်ကလေးလူငယ်များအနေဖြင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်ကစားနိုင်မဲ့အပြင် ဘေးမှ အော်ဟစ်ဆဲဆိုမှုမခံရဘဲကောင်းမွန်စွာကစားလာနိုင်မယ်လို့လည်းယုံကြည်နေပါတယ်။

ZawGyi





