လူငယ်လေးဆာကာကို အဆုံးအဖြတ်ပင်နယ်တီကန်ခွင့်ပေးခဲ့တဲ့ အင်္ဂလန်စီနီယာများကို ရွိုင်ကိန်းဝေဖန်

မန်ယူအသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းဟာမနေ့ညတုန်းကအီတလီကိုရှုံးနိမ့်တဲ့ပွဲမှာ ငယ်ရွယ်ပြီးအတွေ့အကြုံနည်းပါးတဲ့ဘူကာယိုဆာကာအားအဆုံးအဖြတ်ပင်နယ်တီကန်ခွင့်ပေးခဲ့တဲ့အင်္ဂလန်စီနီယာစတားများကိုအပြင်းအထန်ဝေဖန်လိုက်ပါတယ်။

အင်္ဂလန်ဟာမနေ့ညတုန်းကဝင်ဘာလေကွင်းမှာအီတလီအသင်းကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာယူရိုဖလားနှင့်လွဲခဲ့ရပါတယ်။

ပွဲအပြီးမှာရွိုင်ကိန်းကအသက်၁၉နှစ်အရွယ်သာရှိသေးတဲ့ဆာကာကိုအဆုံးအဖြတ်ပင်နယ်တီကန်ခွင့်ပေးတဲ့အင်္ဂလန်ရဲ့စီနီယာကစားသမားများကိုအပြင်းအထန်ဝေဖန်လာတာလည်းဖြစ်ပါတယ်။ဆာကာဟာအာဆင်နယ်အသင်းမှာလည်းတစ်ကြိမ်မျှပင်နယ်တီကန်ခဲ့ဖူးခြင်းမရှိပါဘူး။

အင်္ဂလန်နည်းပြဆောက်ဂိတ်ကလေ့ကျင့်ခန်းများကိုအခြေခံကာပင်နယ်တီကန်မယ့်သူများကိုရွေးချယ်ခဲ့တာဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။ဆာကာအပြင်ရပ်ရှ်ဖို့ဒ်နှင့်ဆန်ချိုတို့ဟာလည်းပင်နယ်တီမဝင်ခဲ့ပါဘူး။

ရပ်ရှ်ဖို့ဒ်ရဲ့ပင်နယ်တီကန်ချက်မှာတိုင်ထိလွဲသွားခဲ့ပြီးဆာကာနှင့်ဆန်ချိုတို့ရဲ့ပင်နယ်တီကိုယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုရှင်ဒွန်နာရမ်မာကကာကွယ်သွားခဲ့ပါတယ်။

ရွိုင်ကိန်းက “တကယ်လို့စတာလင်း၊ဂရဲလ်လစ်ရှ်နေရာမှာခင်ဗျားဆိုရင်ခင်ဗျားကိုထိုင်းခိုင်းထားပြီးကလေးလေးတစ်ဦးမျှသာရှိသေးတဲ့(ဆာကာ)ကိုပင်နယ်တီကန်ခွင့်ပေးလို့မရပါဘူး။ကိုယ့်ရှေ့ကအသက်၁၉နှစ်အရွယ်ရှက်ရွံ့ရွံ့နေတဲ့ကောင်လေးကိုခွင့်ပြုလို့မရပါဘူး။အတွေ့အကြုံရှိတဲ့သူတွေအများကြီးပါ။စတာလင်းဆိုဖလားတွေအများကြီးရဖူးတယ်။သူတို့ဟာကောင်လေးရှေ့ကနေမားမားရပ်ပြီးထွက်ပြရပါမယ်”လို့ပြောကြားသွားပါတယ်။

ဆာကာဟာအဆုံးအဖြတ်ပင်နယ်တီမဝင်ခဲ့ပြီးနောက်ဆိုရှယ်မီဒီယာမှာပရိသတ်များရဲ့လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများအကြီးအကျယ်ခံနေရပါတယ်။

ZawGyi

လူငယ္ေလးဆာကာကို အဆုံးအျဖတ္ပင္နယ္တီကန္ခြင့္ေပးခဲ့တဲ့ အဂၤလန္စီနီယာမ်ားကို ႐ြိဳင္ကိန္းေဝဖန္

မန္ယူအသင္းေခါင္းေဆာင္ေဟာင္း႐ြိဳင္ကိန္းဟာမေန႔ညတုန္းကအီတလီကိုရႈံးနိမ့္တဲ့ပြဲမွာ ငယ္႐ြယ္ၿပီးအေတြ႕အႀကဳံနည္းပါးတဲ့ဘူကာယိုဆာကာအားအဆုံးအျဖတ္ပင္နယ္တီကန္ခြင့္ေပးခဲ့တဲ့အဂၤလန္စီနီယာစတားမ်ားကိုအျပင္းအထန္ေဝဖန္လိုက္ပါတယ္။

အဂၤလန္ဟာမေန႔ညတုန္းကဝင္ဘာေလကြင္းမွာအီတလီအသင္းကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ကာယူ႐ိုဖလားႏွင့္လြဲခဲ့ရပါတယ္။

ပြဲအၿပီးမွာ႐ြိဳင္ကိန္းကအသက္၁၉ႏွစ္အ႐ြယ္သာရွိေသးတဲ့ဆာကာကိုအဆုံးအျဖတ္ပင္နယ္တီကန္ခြင့္ေပးတဲ့အဂၤလန္ရဲ႕စီနီယာကစားသမားမ်ားကိုအျပင္းအထန္ေဝဖန္လာတာလည္းျဖစ္ပါတယ္။ဆာကာဟာအာဆင္နယ္အသင္းမွာလည္းတစ္ႀကိမ္မွ်ပင္နယ္တီကန္ခဲ့ဖူးျခင္းမရွိပါဘူး။

အဂၤလန္နည္းျပေဆာက္ဂိတ္ကေလ့က်င့္ခန္းမ်ားကိုအေျခခံကာပင္နယ္တီကန္မယ့္သူမ်ားကိုေ႐ြးခ်ယ္ခဲ့တာျဖစ္ေၾကာင္းဖြင့္ဟခဲ့ပါတယ္။ဆာကာအျပင္ရပ္ရွ္ဖို႔ဒ္ႏွင့္ဆန္ခ်ိဳတို႔ဟာလည္းပင္နယ္တီမဝင္ခဲ့ပါဘူး။

ရပ္ရွ္ဖို႔ဒ္ရဲ႕ပင္နယ္တီကန္ခ်က္မွာတိုင္ထိလြဲသြားခဲ့ၿပီးဆာကာႏွင့္ဆန္ခ်ိဳတို႔ရဲ႕ပင္နယ္တီကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုရွင္ဒြန္နာရမ္မာကကာကြယ္သြားခဲ့ပါတယ္။

႐ြိဳင္ကိန္းက “တကယ္လို႔စတာလင္း၊ဂရဲလ္လစ္ရွ္ေနရာမွာခင္ဗ်ားဆိုရင္ခင္ဗ်ားကိုထိုင္းခိုင္းထားၿပီးကေလးေလးတစ္ဦးမွ်သာရွိေသးတဲ့(ဆာကာ)ကိုပင္နယ္တီကန္ခြင့္ေပးလို႔မရပါဘူး။ကိုယ့္ေရွ႕ကအသက္၁၉ႏွစ္အ႐ြယ္ရွက္႐ြံ႕႐ြံ႕ေနတဲ့ေကာင္ေလးကိုခြင့္ျပဳလို႔မရပါဘူး။အေတြ႕အႀကဳံရွိတဲ့သူေတြအမ်ားႀကီးပါ။စတာလင္းဆိုဖလားေတြအမ်ားႀကီးရဖူးတယ္။သူတို႔ဟာေကာင္ေလးေရွ႕ကေနမားမားရပ္ၿပီးထြက္ျပရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဆာကာဟာအဆုံးအျဖတ္ပင္နယ္တီမဝင္ခဲ့ၿပီးေနာက္ဆိုရွယ္မီဒီယာမွာပရိသတ္မ်ားရဲ႕လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈမ်ားအႀကီးအက်ယ္ခံေနရပါတယ္။