လူငယ်အသင်းအဆင့်တွင် ၈၉ ပွဲတွင် ၄၈၅ ဂိုးအထိသွင်းထားတဲ့ မီလန်ပါရမီရှင် ဖရန်ဆစ္စကိုကာမာဒါ

ဖရန်ဆစ္စကိုကာမာဒါဟာလူငယ်အသင်းဆင့်ပြိုင်ပွဲတွင်လီယွန်နယ်မက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်တို့တို့ရယူထားနိုင်ခဲ့ခြင်းမရှိတဲ့အံ့ဩစရာကောင်းလှတဲ့ဂိုးသွင်းမှတ်တမ်းကောင်းပိုင်ဆိုင်ထားပါတယ်။

အသက်၁၄နှစ်ရှိအေစီမီလန်ပါရမီရှင်တိုက်စစ်သမားဟာအေစီမီလန်အသင်းအကယ်ဒမီတွင်ကစားနေသူဖြစ်ပြီးလူငယ်အသင်းပွဲများတွင်တစ်ပွဲပျှမ်းမျှ၅.၅ဂိုးနှုန်းအထိသွင်းထားနိုင်ပါတယ်။

ဘောလုံးကင်းထောက် Sciabolata Morbida ရဲ့ဖော်ပြချက်အရကာမာဒါမှာပြီးခဲ့တဲ့ရာသီများအတွင်းတွင်အံ့ဩစရာကောင်းလှတဲ့သွင်းဂိုးများသွင်းထားနိုင်ပြီးအီတလီရဲ့အလားအလာအကောင်းဆုံးပါရမီရှင်လေးအဖြစ်သတ်မှတ်ခံထားရကြောင်းသိရပါတယ်။

သူဟာ၂၀၁၇-၁၈ရာသီတုန်းကအသက်၈နှစ်အရွယ်တွင်အေစီမီလန်အတွက်ပွဲ၄၀တည်းကစားရာမှာ၂၄၇ဂိုးအထိသွင်းထားနိုင်ပါတယ်။ယင်းနောက်သူဟာ၂၀၁၈-၁၉ရာသီမှာ၃၁ပွဲကစားထားရာမှာ၁၇၂ဂိုးအထိသွင်းခဲ့ပြန်ပါတယ်။

ကာမာဒါဟာ၂၀၁၉-၂၀ရာသီမှာလည်း၁၆ပွဲတည်းကစားရာမှာ၆၄ဂိုးအထိသွင်းခဲ့ပါတယ်။ဒါကြောင့်လည်းသူဟာယင်းသုံးနှစ်တာကာလအတွင်းမှာ၈၇ပွဲကစားခဲ့ရာမှာ၄၈၃ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။

ယင်းနောက်ပိုင်းတွင်သူဟာအီတလီယူ-၁၅အသင်းအတွက်ကစားထားသလို အေစီမီလန်ယူ-၁၆အသင်းအတွက်လည်း၂ဂိုးသွင်းထားပါတယ်။

သူဟာပြီးခဲ့တဲ့လတုန်းကCittadellaနှင့်ရင်ဆိုင်ကစားရတဲ့အေစီမီလန်ယူ-၁၇အသင်းရဲ့Campionato Nationale B ပြိုင်ပွဲတွင်လည်းပါဝင်ခဲ့ပါတယ်။

ယင်းပွဲတွင်သူဟာအသက်၁၆နှစ်အရွယ်တိုက်စစ်မှူးလူကာမာတီနက်ဇ်ဇီနှင့် တိုက်စစ်ကိုဦးဆောင်ကစားခဲ့ပါတယ်။

အားလုံးကတော့သူ့ရဲ့အံ့ဩသင့်ဖွယ်ဂိုးသွင်းမှတ်တမ်းကြောင့်တချိန်တွင်ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်လာမယ်လို့ယုံကြည်နေကြပါတယ်။

သူဟာငယ်စဉ်ကတည်းကအေစီမီလန်အသင်းကိုအားပေးလာခဲ့သူဖြစ်ပြီးသူ့ကိုဥရောပထိပ်သီးကလပ်များကခေါ်ယူရေးအပြိုင်ကြိုးပမ်းကြပေမဲ့မအောင်မြင်ပါဘူး။

ZawGyi

လူငယ္အသင္းအဆင့္တြင္ ၈၉ ပြဲတြင္ ၄၈၅ ဂိုးအထိသြင္းထားတဲ့ မီလန္ပါရမီရွင္ ဖရန္ဆစၥကိုကာမာဒါ

ဖရန္ဆစၥကိုကာမာဒါဟာလူငယ္အသင္းဆင့္ၿပိဳင္ပြဲတြင္လီယြန္နယ္မက္ဆီႏွင့္ခရစၥတီယာႏိုေရာ္နယ္တို႔တို႔ရယူထားႏိုင္ခဲ့ျခင္းမရွိတဲ့အံ့ဩစရာေကာင္းလွတဲ့ဂိုးသြင္းမွတ္တမ္းေကာင္းပိုင္ဆိုင္ထားပါတယ္။

အသက္၁၄ႏွစ္ရွိေအစီမီလန္ပါရမီရွင္တိုက္စစ္သမားဟာေအစီမီလန္အသင္းအကယ္ဒမီတြင္ကစားေနသူျဖစ္ၿပီးလူငယ္အသင္းပြဲမ်ားတြင္တစ္ပြဲပွ်မ္းမွ်၅.၅ဂိုးႏႈန္းအထိသြင္းထားႏိုင္ပါတယ္။

ေဘာလုံးကင္းေထာက္ Sciabolata Morbida ရဲ႕ေဖာ္ျပခ်က္အရကာမာဒါမွာၿပီးခဲ့တဲ့ရာသီမ်ားအတြင္းတြင္အံ့ဩစရာေကာင္းလွတဲ့သြင္းဂိုးမ်ားသြင္းထားႏိုင္ၿပီးအီတလီရဲ႕အလားအလာအေကာင္းဆုံးပါရမီရွင္ေလးအျဖစ္သတ္မွတ္ခံထားရေၾကာင္းသိရပါတယ္။

သူဟာ၂၀၁၇-၁၈ရာသီတုန္းကအသက္၈ႏွစ္အ႐ြယ္တြင္ေအစီမီလန္အတြက္ပြဲ၄၀တည္းကစားရာမွာ၂၄၇ဂိုးအထိသြင္းထားႏိုင္ပါတယ္။ယင္းေနာက္သူဟာ၂၀၁၈-၁၉ရာသီမွာ၃၁ပြဲကစားထားရာမွာ၁၇၂ဂိုးအထိသြင္းခဲ့ျပန္ပါတယ္။

ကာမာဒါဟာ၂၀၁၉-၂၀ရာသီမွာလည္း၁၆ပြဲတည္းကစားရာမွာ၆၄ဂိုးအထိသြင္းခဲ့ပါတယ္။ဒါေၾကာင့္လည္းသူဟာယင္းသုံးႏွစ္တာကာလအတြင္းမွာ၈၇ပြဲကစားခဲ့ရာမွာ၄၈၃ဂိုးအထိသြင္းႏိုင္ခဲ့ပါတယ္။

ယင္းေနာက္ပိုင္းတြင္သူဟာအီတလီယူ-၁၅အသင္းအတြက္ကစားထားသလို ေအစီမီလန္ယူ-၁၆အသင္းအတြက္လည္း၂ဂိုးသြင္းထားပါတယ္။

သူဟာၿပီးခဲ့တဲ့လတုန္းကCittadellaႏွင့္ရင္ဆိုင္ကစားရတဲ့ေအစီမီလန္ယူ-၁၇အသင္းရဲ႕Campionato Nationale B ၿပိဳင္ပြဲတြင္လည္းပါဝင္ခဲ့ပါတယ္။

ယင္းပြဲတြင္သူဟာအသက္၁၆ႏွစ္အ႐ြယ္တိုက္စစ္မႉးလူကာမာတီနက္ဇ္ဇီႏွင့္ တိုက္စစ္ကိုဦးေဆာင္ကစားခဲ့ပါတယ္။

အားလုံးကေတာ့သူ႔ရဲ႕အံ့ဩသင့္ဖြယ္ဂိုးသြင္းမွတ္တမ္းေၾကာင့္တခ်ိန္တြင္ထိပ္တန္းတိုက္စစ္မႉးတစ္ဦးျဖစ္လာမယ္လို႔ယုံၾကည္ေနၾကပါတယ္။

သူဟာငယ္စဥ္ကတည္းကေအစီမီလန္အသင္းကိုအားေပးလာခဲ့သူျဖစ္ၿပီးသူ႔ကိုဥေရာပထိပ္သီးကလပ္မ်ားကေခၚယူေရးအၿပိဳင္ႀကိဳးပမ္းၾကေပမဲ့မေအာင္ျမင္ပါဘူး။