
ခရစ္စတီယာနိုရော်နယ်ဒိုဟာတောင်ကိုရီးယားကိုအနိုင်ရရှိတဲ့ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲတွင်လူစားလဲခံရမှုအတွက်ဒေါသတကြီးတုံ့ပြန်ခဲ့မှုကြောင့်ယနေ့ညဆွစ်ဇာလန်နှင့်ပွဲတွင်ပေါ်တူဂီအသင်းခေါင်းဆောင်လက်ပတ်ကိုဆုံးရှုံးလာရဖို့ရှိနေပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာတောင်ကိုရီးယားကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ပွဲချိန်မိနစ်ခြောက်ဆယ်ကျော်မှလူစားလဲခြင်းခံခဲ့ရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာယင်းသို့လူစားလဲခြင်းခံရမှုအား ကွင်းအတွင်းမှထွက်ခွာလာစဉ်နှုတ်ခမ်းတွင်လက်ညိုးတင်ပြီးတိတ်တိတ်နေရန်တုံ့ပြန်ခဲ့ပါတယ်။ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ကိုစောစောစီးစီးလူစားလဲမှုအတွက်ဆန်းတို့စ်အားအော်ဟစ်ပြောဆိုမှုလည်းပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
ပေါ်တူဂီနည်းပြဆန်းတို့စ်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အပြုအမူအပေါ် မကျေမနပ်ဖြစ်နေပြီးဆွစ်ဇာလန်နှင့်ပွဲတွင်အသင်းခေါင်းဆောင်လက်ပတ်ကိုဆုံးရှုံးလာရနိုင်ကြောင်းသတိပေးလာပါတယ်။
ဆန်းတို့စ်က “ဓာတ်ပုံတွေကိုကြည့်ပြီးပြီလားလို့တော့ကြည့်ပြီးပါပြီ။မကြိုက်ပါဘူး။လုံးမသဘောမကျဘူး။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီကိစ္စကပြီးဆုံးသွားပါပြီ။တံခါးနောက်ကွယ်မှာဘဲအားလုံးဖြေရှင်းပြီးပါပြီ။ဖြေရှင်းပြီးသွားပါပြီ။ဒီကိစ္စကို Full Stop ချလိုက်ပါပြီ။၊အခုပွဲအတွက်ပဲအားလုံးအာရုံစိုက်နေတယ်”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်ဆန်းတို့စ်က “ကွင်းထဲသို့ရောက်တဲ့အချိန်မှာမှဘယ်သူအသင်းခေါင်းဆောင်လုပ်ရမယ်ဆိုတာကျွန်တော်ဆုံးဖြတ်တယ်။လူစာရင်းဘယ်လိုထွက်လာမလဲမသိသေးပါဘူး။အရင်တုန်းကလည်းဒီလိုပဲ။အခုလည်းဒီလိုပဲလုပ်လာမယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
လူစားလဲခံရမႈကို ေပါက္ကြဲခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို ေပၚတူဂီအသင္းေခါင္းေဆာင္လက္ပတ္ကို ဆုံးရႈံးရႏိုင္
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေတာင္ကိုရီးယားကိုအႏိုင္ရရွိတဲ့ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲတြင္လူစားလဲခံရမႈအတြက္ေဒါသတႀကီးတုံ႔ျပန္ခဲ့မႈေၾကာင့္ယေန႔ညဆြစ္ဇာလန္ႏွင့္ပြဲတြင္ေပၚတူဂီအသင္းေခါင္းေဆာင္လက္ပတ္ကိုဆုံးရႈံးလာရဖို႔ရွိေနပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေတာင္ကိုရီးယားကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္ ပြဲခ်ိန္မိနစ္ေျခာက္ဆယ္ေက်ာ္မွလူစားလဲျခင္းခံခဲ့ရပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယင္းသို႔လူစားလဲျခင္းခံရမႈအား ကြင္းအတြင္းမွထြက္ခြာလာစဥ္ႏႈတ္ခမ္းတြင္လက္ညိဳးတင္ၿပီးတိတ္တိတ္ေနရန္တုံ႔ျပန္ခဲ့ပါတယ္။ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ကိုေစာေစာစီးစီးလူစားလဲမႈအတြက္ဆန္းတို႔စ္အားေအာ္ဟစ္ေျပာဆိုမႈလည္းျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။
ေပၚတူဂီနည္းျပဆန္းတို႔စ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အျပဳအမူအေပၚ မေက်မနပ္ျဖစ္ေနၿပီးဆြစ္ဇာလန္ႏွင့္ပြဲတြင္အသင္းေခါင္းေဆာင္လက္ပတ္ကိုဆုံးရႈံးလာရႏိုင္ေၾကာင္းသတိေပးလာပါတယ္။
ဆန္းတို႔စ္က “ဓာတ္ပုံေတြကိုၾကည့္ၿပီးၿပီလားလို႔ေတာ့ၾကည့္ၿပီးပါၿပီ။မႀကိဳက္ပါဘူး။လုံးမသေဘာမက်ဘူး။ဒါေပမဲ့ဘာပဲျဖစ္ျဖစ္ဒီကိစၥကၿပီးဆုံးသြားပါၿပီ။တံခါးေနာက္ကြယ္မွာဘဲအားလုံးေျဖရွင္းၿပီးပါၿပီ။ေျဖရွင္းၿပီးသြားပါၿပီ။ဒီကိစၥကို Full Stop ခ်လိုက္ပါၿပီ။၊အခုပြဲအတြက္ပဲအားလုံးအာ႐ုံစိုက္ေနတယ္”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္ဆန္းတို႔စ္က “ကြင္းထဲသို႔ေရာက္တဲ့အခ်ိန္မွာမွဘယ္သူအသင္းေခါင္းေဆာင္လုပ္ရမယ္ဆိုတာကြၽန္ေတာ္ဆုံးျဖတ္တယ္။လူစာရင္းဘယ္လိုထြက္လာမလဲမသိေသးပါဘူး။အရင္တုန္းကလည္းဒီလိုပဲ။အခုလည္းဒီလိုပဲလုပ္လာမယ္”လို႔ေျပာၾကားသြားပါတယ္။