လူစားလဲခံရမှုကြောင့် အကြီးအကျယ်ဒေါသထွက်နေတဲ့ ရော်နယ်ဒိုကို ရန်းနစ်ခ် ဘာပြောခဲ့သလဲ?

ရေးဖ်ရန်းနစ်ခ်ကဘရန့်ဖို့ဒ်နှင့်ပွဲတွင်လူစားလဲခံခဲ့ရမှုကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်တနေ့တွင်နည်းပြဖြစ်လာလျှင်ဘာကြောင့်လူစားလဲခဲ့သလဲဆိုတာနားလည်လာမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

ယူနိုက်တက်ဟာမနေ့ညတုန်းကဘရန့်ဖို့ဒ်ကွန်မြူနတီကွင်းတွင်ဘရန့်ဖို့ဒ်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်ရဲ့ဒုတိယပိုင်းတွင်အီလန်ဂါကဖရက်ရဲ့ပေးပို့မှုကနေ ခေါင်းတိုက်ပြီးယူနိုက်တက်အတွက်အဖွင့်ဂိုးသွင်းခဲ့ပြီးဘရူနိုဖာနန်ဒက်စ်ရဲ့ချေပေးမှုကနေဂရင်းဝုဒ်ကနေဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ယူနိုက်တက်အတွက်တတိယဂိုးကိုပြီးခဲ့တဲ့ရက်သတ္တပတ်များတွင်ခြေစွမ်းမပြနိုင်မှုကြောင့်ဝေဖန်ခံနေရတဲ့ ရပ်ရှ်ဖို့ဒ်ကသွင်းယူခဲ့ပါတယ်။

ဘရန့်ဖို့အတွက်ချေပဂိုးကိုအိုင်ဗန်တိုနေးကသွင်းယူခဲ့ပေမဲ့လည်းရေးဖ်ရန်းနစ်ခ်ရဲ့ယူနိုက်တက်ကရမှတ်သုံးမှတ်အပြည့်အဝရယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာဗီလာနှင့်ပရီးမီးယားလိဂ်ပွဲနှင့်အက်ဖ်အေဖလားပွဲတို့ကိုတင်ပါးဆုံဒဏ်ရာကြောင့်လွဲချော်ခဲ့ပေမဲ့လည်းဘရန့်ဖို့ဒ်နှင့်ပွဲတွင်ပွဲထွက်လူစာရင်းမှာပြန်လည်ပါဝင်လာနိုင်ပါတယ်။

ဒါပေမဲ့ပေါ်တူဂီစူပါစတားဟာဒုတိယပိုင်းတွင်ယူနိုက်တက်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားနှင့်လူစားလဲခြင်းခံရပြီးနောက်ရန်းနစ်ခ်ရဲ့ဆုံးဖြတ်ချက်အပေါ်အကြီးအကျယ်ဒေါသထွက်ခဲ့တာတွေ့ရပါတယ်။

အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာဒေါသထွက်ကာကုတ်အင်္ကျီကိုလွှင့်ပစ်ခဲ့တာလည်းတွေ့ရပါတယ်။ရန်းနစ်ခ်ဟာဒေါသထွက်နေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုထံသို့သွားရောက်ကာတီးတိုးစကားပြောခဲ့ပါတယ်။

ယခုအခါ The Athletic ရဲ့လော်ရီဝှိုက်ဝဲလ်ကရန်းနစ်ခ်ကရော်နယ်ဒိုကိုပြောကြားခဲ့တဲ့စကားကိုဖွင့်ချလာပါတယ်။

ရန်းနစ်ခ်က “သူကငါ့ကိုဘာလို့လူစားလဲလိုက်တာလဲလို့မေးပါတယ်။ကျုပ်ကလည်းအသင်းအတွက်ကလပ်အတွက်လူစားလဲလိုက်တာလို့ပြောခဲ့ပါတယ်။နောက်ထပ်နှစ်အနည်းငယ်အကြာမှာသူနည်းပြဖြစ်လာတဲ့အခါဒါကိုသူနားလည်လာပါလိမ့်မယ်”လို့ပြောကြားခဲ့ကြောင်း ဝှိုက်ဝဲလ်က ဖော်ပြသွားပါတယ်။

ဘရန့်ဖို့ဒ်နှင့်ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ရန်းနစ်ခ်ကခရစ္စတီယာနိုရော်နယ်ဒို ဒေါသထွက်တဲ့ဖြစ်ရပ်မှာသာမန်ဖြစ်ရပ်မျှသာဖြစ်ကြောင်းပြောကြားသွားပါတယ်။

ရန်းနစ်ခ်က “၂-၀နဲ့ဦးဆောင်နေတယ်။ဗီလာပါ့ခ်နဲ့ပွဲတုန်းကသင်ခန်းစာရခဲ့ပြီးပါပြီ။ပွဲပြီးတော့နောက်တန်းငါးယောက်မပြောင်းခဲ့မှုအတွက်အရမ်းဒေါသထွက်ခဲ့ရတယ်။ဒီနေ့လည်းအဲဒီအခြေအနေကြုံလာတယ်။အဲဒီလိုအမှားမျိုးနောက်ထပ်မကျူးလွန်ချင်ပါဘူး။ ကျွန်တော်က ‘နားထောင်၊ခရစ္စတီယာနို၊ မင်းအသက်၃၆နှစ်ရှိပြီ။ကြံ့ခိုင်နေတုန်းပါ။ဒါပေမဲ့မင်းနည်းပြချုပ်ဖြစ်လာတဲ့အခါနည်းပြတစ်ယောက်ရဲ့မျက်မှန်ကနေမြင်ရတဲ့အမြင်မျိုးရလာလိမ့်မယ်။ ကျွန်တော့်အလုပ်ကအသင်းနဲ့ကလပ်အတွက်အကောင်းဆုံးဖြစ်မယ့်ဆုံးဖြတ်ချက်ကိုချရပါမယ်။သူလည်းအဲဒီလိုပဲမြင်ဖို့မျှော်လင့်ပါတယ်”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာစနေနေ့မှာအိုးထရက်ဖို့ဒ်ကွင်းတွင်ဝက်စ်ဟမ်းကိုဧည့်ခံကစားရပါမယ်။

ZawGyi

လူစားလဲခံရမႈေၾကာင့္ အႀကီးအက်ယ္ေဒါသထြက္ေနတဲ့ ေရာ္နယ္ဒိုကို ရန္းနစ္ခ္ ဘာေျပာခဲ့သလဲ?

ေရးဖ္ရန္းနစ္ခ္ကဘရန႔္ဖို႔ဒ္ႏွင့္ပြဲတြင္လူစားလဲခံခဲ့ရမႈေၾကာင့္အႀကီးအက်ယ္ေဒါသထြက္ခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္တေန႔တြင္နည္းျပျဖစ္လာလွ်င္ဘာေၾကာင့္လူစားလဲခဲ့သလဲဆိုတာနားလည္လာမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ယူႏိုက္တက္ဟာမေန႔ညတုန္းကဘရန႔္ဖို႔ဒ္ကြန္ျမဴနတီကြင္းတြင္ဘရန႔္ဖို႔ဒ္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အဆိုပါပြဲစဥ္ရဲ႕ဒုတိယပိုင္းတြင္အီလန္ဂါကဖရက္ရဲ႕ေပးပို႔မႈကေန ေခါင္းတိုက္ၿပီးယူႏိုက္တက္အတြက္အဖြင့္ဂိုးသြင္းခဲ့ၿပီးဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေခ်ေပးမႈကေနဂရင္းဝုဒ္ကေနဒုတိယဂိုးသြင္းယူခဲ့ပါတယ္။ယူႏိုက္တက္အတြက္တတိယဂိုးကိုၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားတြင္ေျခစြမ္းမျပႏိုင္မႈေၾကာင့္ေဝဖန္ခံေနရတဲ့ ရပ္ရွ္ဖို႔ဒ္ကသြင္းယူခဲ့ပါတယ္။

ဘရန႔္ဖို႔အတြက္ေခ်ပဂိုးကိုအိုင္ဗန္တိုေနးကသြင္းယူခဲ့ေပမဲ့လည္းေရးဖ္ရန္းနစ္ခ္ရဲ႕ယူႏိုက္တက္ကရမွတ္သုံးမွတ္အျပည့္အဝရယူႏိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာဗီလာႏွင့္ပရီးမီးယားလိဂ္ပြဲႏွင့္အက္ဖ္ေအဖလားပြဲတို႔ကိုတင္ပါးဆုံဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ့ေပမဲ့လည္းဘရန႔္ဖို႔ဒ္ႏွင့္ပြဲတြင္ပြဲထြက္လူစာရင္းမွာျပန္လည္ပါဝင္လာႏိုင္ပါတယ္။

ဒါေပမဲ့ေပၚတူဂီစူပါစတားဟာဒုတိယပိုင္းတြင္ယူႏိုက္တက္အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားႏွင့္လူစားလဲျခင္းခံရၿပီးေနာက္ရန္းနစ္ခ္ရဲ႕ဆုံးျဖတ္ခ်က္အေပၚအႀကီးအက်ယ္ေဒါသထြက္ခဲ့တာေတြ႕ရပါတယ္။

အသက္၃၆ႏွစ္ရွိေရာ္နယ္ဒိုဟာေဒါသထြက္ကာကုတ္အက်ႌကိုလႊင့္ပစ္ခဲ့တာလည္းေတြ႕ရပါတယ္။ရန္းနစ္ခ္ဟာေဒါသထြက္ေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုထံသို႔သြားေရာက္ကာတီးတိုးစကားေျပာခဲ့ပါတယ္။

ယခုအခါ The Athletic ရဲ႕ေလာ္ရီဝႈိက္ဝဲလ္ကရန္းနစ္ခ္ကေရာ္နယ္ဒိုကိုေျပာၾကားခဲ့တဲ့စကားကိုဖြင့္ခ်လာပါတယ္။

ရန္းနစ္ခ္က “သူကငါ့ကိုဘာလို႔လူစားလဲလိုက္တာလဲလို႔ေမးပါတယ္။က်ဳပ္ကလည္းအသင္းအတြက္ကလပ္အတြက္လူစားလဲလိုက္တာလို႔ေျပာခဲ့ပါတယ္။ေနာက္ထပ္ႏွစ္အနည္းငယ္အၾကာမွာသူနည္းျပျဖစ္လာတဲ့အခါဒါကိုသူနားလည္လာပါလိမ့္မယ္”လို႔ေျပာၾကားခဲ့ေၾကာင္း ဝႈိက္ဝဲလ္က ေဖာ္ျပသြားပါတယ္။

ဘရန႔္ဖို႔ဒ္ႏွင့္ပြဲအၿပီးသတင္းစာရွင္းလင္းပြဲတြင္ရန္းနစ္ခ္ကခရစၥတီယာႏိုေရာ္နယ္ဒို ေဒါသထြက္တဲ့ျဖစ္ရပ္မွာသာမန္ျဖစ္ရပ္မွ်သာျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

ရန္းနစ္ခ္က “၂-၀နဲ႔ဦးေဆာင္ေနတယ္။ဗီလာပါ့ခ္နဲ႔ပြဲတုန္းကသင္ခန္းစာရခဲ့ၿပီးပါၿပီ။ပြဲၿပီးေတာ့ေနာက္တန္းငါးေယာက္မေျပာင္းခဲ့မႈအတြက္အရမ္းေဒါသထြက္ခဲ့ရတယ္။ဒီေန႔လည္းအဲဒီအေျခအေနႀကဳံလာတယ္။အဲဒီလိုအမွားမ်ိဳးေနာက္ထပ္မက်ဴးလြန္ခ်င္ပါဘူး။ ကြၽန္ေတာ္က ‘နားေထာင္၊ခရစၥတီယာႏို၊ မင္းအသက္၃၆ႏွစ္ရွိၿပီ။ႀကံ့ခိုင္ေနတုန္းပါ။ဒါေပမဲ့မင္းနည္းျပခ်ဳပ္ျဖစ္လာတဲ့အခါနည္းျပတစ္ေယာက္ရဲ႕မ်က္မွန္ကေနျမင္ရတဲ့အျမင္မ်ိဳးရလာလိမ့္မယ္။ ကြၽန္ေတာ့္အလုပ္ကအသင္းနဲ႔ကလပ္အတြက္အေကာင္းဆုံးျဖစ္မယ့္ဆုံးျဖတ္ခ်က္ကိုခ်ရပါမယ္။သူလည္းအဲဒီလိုပဲျမင္ဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားသြားပါတယ္။

ယူႏိုက္တက္ဟာစေနေန႔မွာအိုးထရက္ဖို႔ဒ္ကြင္းတြင္ဝက္စ္ဟမ္းကိုဧည့္ခံကစားရပါမယ္။