လူစားလဲခံရမှု၊အရန်ခုံတွင် ထိုင်နေမှုတို့ကြောင့် ဖီနာဘာချီတွင် အာဆင်နယ်စတားဟောင်းအိုဇေးလ်မပျော်မရွှင်ဖြစ်နေ

အာဆင်နယ်ကွင်းလယ်ဖန်တီးရှင်ဟောင်းမီဆတ်အိုဇေးလ်ဟာပြီးခဲ့တဲ့ပွဲများတွင်လူစားလဲခံရခြင်း၊အရန်ခုံတွင်ထိုင်နေရခြင်းတို့ကြောင့်ဖီနာဘာချီတွင်မပျော်မရွှင်ဖြစ်နေကြောင်းသိရပါတယ်။

အသက်၃၂နှစ်ရှိအိုဇေးလ်ဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကအာဆင်နယ်နှင့်စာချုပ်ဖျက်သိမ်းကာတူရကီထိပ်သီးကလပ်သို့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း AS ရဲ့ဖော်ပြချက်အရရီးရဲလ်မက်ဒရစ်စတားဟောင်းဟာတူရကီတွင်မပျော်မရွှင်ဖြစ်နေကြောင်းသိရပါတယ်။

သူဟာယခုရာသီအစအဖွင့်ပွဲသုံးပွဲတွင်ပွဲထွက်ကစားခွင့်ရရှိခဲ့သော်လည်းလူစားလဲခြင်းခံခဲ့ရပြီးစတုတ္ထမြောက်ပွဲတွင်အရန်ခုံတွင်သာထိုင်နေခဲ့ရကာအရန်အဖြစ်သာဝင်ရောက်ကစားခဲ့ရပါတယ်။ဒါကြောင့်လည်းသူဟာယခုရာသီမှာဖီနာဘာချီအတွက်တစ်ပွဲမျှပွဲချိန်ပြည့်မကစားရသေးပါဘူး။

ဖီနာဘာချီနည်းပြဗစ်တာပီရဲရာဟာခြေစွမ်းပြကစားနေတဲ့အသက်၂၀နှစ်ရှိမူဟာမက်ဂမူစကာယာကိုအခွင့်အရေးပိုမိုပေးလာပါတယ်။

ယင်းအနေအထားများကြောင့်အိုဇေးလ်ဟာဖီနာဘာချီတွင်မပျော်မရွှင်ဖြစ်နေပြီးဇန်နဝါရီအပြောင်းအရွှေ့တွင်အသင်းပြောင်းမယ်လို့သတင်းထွက်လာပါတယ်။သူဟာကာတာ(သို့မဟုတ်)အမေရိကန်သို့သွားရောက်ကစားဖို့များနေပါတယ်။

အိုဇေးလ်ရဲ့အေးဂျင့်ကတော့ဂျာမနီလက်ရွေးစင်ကစားသမားဟောင်းမှာဖီနာဘာချီနှင့်ချုပ်ဆိုထားတဲ့စာချုပ်အတိုင်း၂၀၂၄ခုနှစ်အထိဆက်ကစားသွားရန်စီစဉ်ထားကြောင်းဆိုထားပါတယ်။

အိုဇေးလ်ဟာဩဂုတ်လလယ်ပိုင်းတုန်းကအဒါနာဒီမာစပေါ်အားအနိုင်ရရှိတဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ယင်းဂိုးဟာအိုဇေးလ်အတွက်၂၀၂၀ခုနှစ်၊ဖေဖော်ဝါရီလနောက်ပိုင်းတွင်ပထမဆုံးသွင်းယူတဲ့ဂိုးလည်းဖြစ်သလိုဖီနာဘီချီအတွက်ပထမဆုံးသွင်းယူတဲ့ဂိုးလည်းဖြစ်ပါတယ်။

ZawGyi

လူစားလဲခံရမႈ၊အရန္ခုံတြင္ ထိုင္ေနမႈတို႔ေၾကာင့္ ဖီနာဘာခ်ီတြင္ အာဆင္နယ္စတားေဟာင္းအိုေဇးလ္မေပ်ာ္မ႐ႊင္ျဖစ္ေန

အာဆင္နယ္ကြင္းလယ္ဖန္တီးရွင္ေဟာင္းမီဆတ္အိုေဇးလ္ဟာၿပီးခဲ့တဲ့ပြဲမ်ားတြင္လူစားလဲခံရျခင္း၊အရန္ခုံတြင္ထိုင္ေနရျခင္းတို႔ေၾကာင့္ဖီနာဘာခ်ီတြင္မေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္းသိရပါတယ္။

အသက္၃၂ႏွစ္ရွိအိုေဇးလ္ဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကအာဆင္နယ္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းကာတူရကီထိပ္သီးကလပ္သို႔ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္လည္း AS ရဲ႕ေဖာ္ျပခ်က္အရရီးရဲလ္မက္ဒရစ္စတားေဟာင္းဟာတူရကီတြင္မေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္းသိရပါတယ္။

သူဟာယခုရာသီအစအဖြင့္ပြဲသုံးပြဲတြင္ပြဲထြက္ကစားခြင့္ရရွိခဲ့ေသာ္လည္းလူစားလဲျခင္းခံခဲ့ရၿပီးစတုတၳေျမာက္ပြဲတြင္အရန္ခုံတြင္သာထိုင္ေနခဲ့ရကာအရန္အျဖစ္သာဝင္ေရာက္ကစားခဲ့ရပါတယ္။ဒါေၾကာင့္လည္းသူဟာယခုရာသီမွာဖီနာဘာခ်ီအတြက္တစ္ပြဲမွ်ပြဲခ်ိန္ျပည့္မကစားရေသးပါဘူး။

ဖီနာဘာခ်ီနည္းျပဗစ္တာပီရဲရာဟာေျခစြမ္းျပကစားေနတဲ့အသက္၂၀ႏွစ္ရွိမူဟာမက္ဂမူစကာယာကိုအခြင့္အေရးပိုမိုေပးလာပါတယ္။

ယင္းအေနအထားမ်ားေၾကာင့္အိုေဇးလ္ဟာဖီနာဘာခ်ီတြင္မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီးဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္အသင္းေျပာင္းမယ္လို႔သတင္းထြက္လာပါတယ္။သူဟာကာတာ(သို႔မဟုတ္)အေမရိကန္သို႔သြားေရာက္ကစားဖို႔မ်ားေနပါတယ္။

အိုေဇးလ္ရဲ႕ေအးဂ်င့္ကေတာ့ဂ်ာမနီလက္ေ႐ြးစင္ကစားသမားေဟာင္းမွာဖီနာဘာခ်ီႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတိုင္း၂၀၂၄ခုႏွစ္အထိဆက္ကစားသြားရန္စီစဥ္ထားေၾကာင္းဆိုထားပါတယ္။

အိုေဇးလ္ဟာဩဂုတ္လလယ္ပိုင္းတုန္းကအဒါနာဒီမာစေပၚအားအႏိုင္ရရွိတဲ့ပြဲမွာဂိုးသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ယင္းဂိုးဟာအိုေဇးလ္အတြက္၂၀၂၀ခုႏွစ္၊ေဖေဖာ္ဝါရီလေနာက္ပိုင္းတြင္ပထမဆုံးသြင္းယူတဲ့ဂိုးလည္းျဖစ္သလိုဖီနာဘီခ်ီအတြက္ပထမဆုံးသြင္းယူတဲ့ဂိုးလည္းျဖစ္ပါတယ္။