လူစားလဲခြင်းခံရပြီးနောက် ဒေါသထွက်ကာ နည်းပြပိုချက်တီနိုအား လက်ဆွဲနှုတ်ဆက်ရန် မက်ဆီ ငြင်းဆိုခဲ့

လီယွန်နယ်မက်ဆီဟာမနေ့ညတုန်းကလိုင်ယွန်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်လူစားလဲခြင်းခံရပြီးနောက်ပီအက်စ်ဂျီနည်းပြမော်ရီစီယိုပိုချက်တီနိုကလက်ဆွဲနှုတ်ဆက်ရန်လက်ကမ်းမှုကိုငြင်းပယ်ခဲ့ပါတယ်။

Ballon d’Or ခြောက်ဆုရှင်မက်ဆီဟာလိုင်ယွန်နှင့်ပွဲစဉ်ရဲ့ပထမပိုင်းမှာပီအက်စ်ဂျီအတွက် ပထမဆုံးဂိုးသွင်းယူနိုင်မယ့်အခွင့်အရေးတစ်ချို့ရရှိခဲ့ပေမယ့်အသုံးချနိုင်ခဲ့ခြင်းမရှိပါဘူး။

ပိုချက်တီနိုဟာလိုင်ယွန်နှင့်ပွဲမှာတိုက်စစ်တွင် ဒီမာရီယာ၊မက်ဆီ၊ဘက်ပေး၊နေမာလေးဦးအသုံးပြုကာပွဲထွက်ခဲ့ပါတယ်။

ဒါပေမယ့်လည်းပီအက်စ်ဂျီဟာဂိုးရရှိရေးကံခေနေခဲ့ပြီးပွဲချိန်၅၄မိနစ်မှာလိုင်ယွန်ရဲ့ဦးဆောင်ခြင်းခံခဲ့ရပါတယ်။ပါကွီတာကလိုင်ယွန်အတွက်ဦးဆောင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန်၆၆မိနစ်မှာနေမာကပင်နယ်တီကနေတဆင့်ပြန်လည်ချေပခဲ့ပါတယ်။ပီချက်တီနိုဟာပွဲပြီးဖို့၁၅မိနစ်အလိုမှာဂိုးရရှိရေးရုန်းကန်နေရတဲ့ဒီမာရီယာနှင့်မက်ဆီတို့ကိုလူစားလဲခဲ့ပါတယ်။

ပိုချက်တီနိုရဲ့လူစားလဲလှယ်မှုမှန်ကန်ခဲ့ပါတယ်။ဘက်ပေးရဲ့ဖြတ်တင်ဘောကနေလူစားဝင်လာတဲ့အိုင်ကာဒီကအချိန်ပိုမှာအနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။

မက်ဆီဟာလူစားလဲလှယ်မှုကြောင့်စိတ်ပျက်နေခဲ့တာမှန်ပေမယ့်ပီအက်စ်ဂျီနိုင်ပွဲရခဲ့လို့ ကျေနပ်နေဖို့တော့ရှိပါတယ်။

ပွဲအပြီးမှာနည်းပြပိုချက်တီနိုကမက်ဆီအားလူစားလဲခဲ့ရခြင်းမှာဒဏ်ရာရရှိလာနိုင်တဲ့အခြေအနေကိုရှောင်လွဲနိုင်ရန်ဖြစ်ကြောင်းရှင်းလင်းသွားခဲ့ပါတယ်။

ZawGyi

လူစားလဲျခင္းခံရၿပီးေနာက္ ေဒါသထြက္ကာ နည္းျပပိုခ်က္တီႏိုအား လက္ဆြဲႏႈတ္ဆက္ရန္ မက္ဆီ ျငင္းဆိုခဲ့

လီယြန္နယ္မက္ဆီဟာမေန႔ညတုန္းကလိုင္ယြန္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္လူစားလဲျခင္းခံရၿပီးေနာက္ပီအက္စ္ဂ်ီနည္းျပေမာ္ရီစီယိုပိုခ်က္တီႏိုကလက္ဆြဲႏႈတ္ဆက္ရန္လက္ကမ္းမႈကိုျငင္းပယ္ခဲ့ပါတယ္။

Ballon d’Or ေျခာက္ဆုရွင္မက္ဆီဟာလိုင္ယြန္ႏွင့္ပြဲစဥ္ရဲ႕ပထမပိုင္းမွာပီအက္စ္ဂ်ီအတြက္ ပထမဆုံးဂိုးသြင္းယူႏိုင္မယ့္အခြင့္အေရးတစ္ခ်ိဳ႕ရရွိခဲ့ေပမယ့္အသုံးခ်ႏိုင္ခဲ့ျခင္းမရွိပါဘူး။

ပိုခ်က္တီႏိုဟာလိုင္ယြန္ႏွင့္ပြဲမွာတိုက္စစ္တြင္ ဒီမာရီယာ၊မက္ဆီ၊ဘက္ေပး၊ေနမာေလးဦးအသုံးျပဳကာပြဲထြက္ခဲ့ပါတယ္။

ဒါေပမယ့္လည္းပီအက္စ္ဂ်ီဟာဂိုးရရွိေရးကံေခေနခဲ့ၿပီးပြဲခ်ိန္၅၄မိနစ္မွာလိုင္ယြန္ရဲ႕ဦးေဆာင္ျခင္းခံခဲ့ရပါတယ္။ပါကြီတာကလိုင္ယြန္အတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္၆၆မိနစ္မွာေနမာကပင္နယ္တီကေနတဆင့္ျပန္လည္ေခ်ပခဲ့ပါတယ္။ပီခ်က္တီႏိုဟာပြဲၿပီးဖို႔၁၅မိနစ္အလိုမွာဂိုးရရွိေရး႐ုန္းကန္ေနရတဲ့ဒီမာရီယာႏွင့္မက္ဆီတို႔ကိုလူစားလဲခဲ့ပါတယ္။

ပိုခ်က္တီႏိုရဲ႕လူစားလဲလွယ္မႈမွန္ကန္ခဲ့ပါတယ္။ဘက္ေပးရဲ႕ျဖတ္တင္ေဘာကေနလူစားဝင္လာတဲ့အိုင္ကာဒီကအခ်ိန္ပိုမွာအႏိုင္ဂိုးသြင္းယူသြားခဲ့ပါတယ္။

မက္ဆီဟာလူစားလဲလွယ္မႈေၾကာင့္စိတ္ပ်က္ေနခဲ့တာမွန္ေပမယ့္ပီအက္စ္ဂ်ီႏိုင္ပြဲရခဲ့လို႔ ေက်နပ္ေနဖို႔ေတာ့ရွိပါတယ္။

ပြဲအၿပီးမွာနည္းျပပိုခ်က္တီႏိုကမက္ဆီအားလူစားလဲခဲ့ရျခင္းမွာဒဏ္ရာရရွိလာႏိုင္တဲ့အေျခအေနကိုေရွာင္လြဲႏိုင္ရန္ျဖစ္ေၾကာင္းရွင္းလင္းသြားခဲ့ပါတယ္။