လူစားဝင်ရောက်ခွင့်မရပြီးနောက် ဆိုးလ်ရှားနှင့်ဖရက်ကို ရည်ရွယ်ပြီး ပီကေးထွေးထုတ်ခဲ့တဲ့ ဗန်ဒီဘိခ်

ဒွန်နီဗန်ဒီဘိခ်ဟာမနေ့ညတုန်းကဗီလာရီးရဲလ်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်အရန်ခုံပေါ်တွင်ဒေါသထွက်နေခဲ့တာတွေ့ခဲ့ရပါတယ်။

ဒတ်ချ်အလယ်တန်းကစားသမားဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့နာကျင်အချိန်ပို၉၅မိနစ်မှာသွင်းယူတဲ့ဂိုးဖြင့်အနိုင်ရရှိတဲ့အိုးထရက်ဖို့ဒ်ချန်ပီယံလိဂ်ပွဲစဉ်မှာအရန်စာရင်းမှာပါဝင်ခဲ့ပေမယ့်လည်းလူစားဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။

မန်ယူနည်းပြဆိုးလ်ရှားဟာဂိုးရရှိဖို့လိုအပ်နေတာကြောင့်နီမင်ဂျာမာတစ်ကိုအလယ်တန်းမှာထည့်သွင်းခဲ့ပါတယ်။ယင်းနောက်ချက်ချင်းဆိုသလိုဘဲသူဟာအလယ်တန်းတိုက်စစ်သမားဗန်ဒီဘိခ်ကိုမထည့်သွင်းဘဲသူယခင်စိတ်ကြိုက်ကစားသမားဖြစ်တဲ့ဖရက်ကိုလူစားထည့်သွင်းခဲ့ပါတယ်။

ဆိုးလ်ရှားကယင်းသို့ဆုံးဖြတ်ချလိုက်ချိန်မှာအေဂျက်စ်အလယ်တန်းကစားသမားဟောင်းဟာအကြီးအကျယ်ဒေါသထွက်ကာဝါးနေတဲ့ပီကေကိုပါထွေးထုတ်ပစ်ခဲ့ပါတယ်။သူဟာဆိုးလ်ရှားနှင့်ဖရက်တို့ကိုဦးတည်ပြီးပီကေးထွေးထုတ်ပစ်ခဲ့တာလည်းဖြစ်ပါတယ်။

ချက်ချင်းဆိုသလိုအနီးတွင်ရှိနေတဲ့ဗဟိုနောက်ခံလူအဲရစ်ဘိုင်လီကဗန်ဒီဘိခ်ကိုဖြေသိမ့်မှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။

အထက်ပါအဖြစ်အပျက်ကိုကြည့်ရင်ဗန်ဒီဘိခ်ရဲ့အိုးထရက်ဖို့ဒ်နေ့ရက်တွေကုန်ဆုံးဖို့တဖြည်းဖြည်းလက်ချိုးရေနေရပြီဆိုတာမြင်နိုင်ပါတယ်။

ZawGyi

လူစားဝင္ေရာက္ခြင့္မရၿပီးေနာက္ ဆိုးလ္ရွားႏွင့္ဖရက္ကို ရည္႐ြယ္ၿပီး ပီေကးေထြးထုတ္ခဲ့တဲ့ ဗန္ဒီဘိခ္

ဒြန္နီဗန္ဒီဘိခ္ဟာမေန႔ညတုန္းကဗီလာရီးရဲလ္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္အရန္ခုံေပၚတြင္ေဒါသထြက္ေနခဲ့တာေတြ႕ခဲ့ရပါတယ္။

ဒတ္ခ်္အလယ္တန္းကစားသမားဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕နာက်င္အခ်ိန္ပို၉၅မိနစ္မွာသြင္းယူတဲ့ဂိုးျဖင့္အႏိုင္ရရွိတဲ့အိုးထရက္ဖို႔ဒ္ခ်န္ပီယံလိဂ္ပြဲစဥ္မွာအရန္စာရင္းမွာပါဝင္ခဲ့ေပမယ့္လည္းလူစားဝင္ေရာက္ကစားခြင့္မရခဲ့ပါဘူး။

မန္ယူနည္းျပဆိုးလ္ရွားဟာဂိုးရရွိဖို႔လိုအပ္ေနတာေၾကာင့္နီမင္ဂ်ာမာတစ္ကိုအလယ္တန္းမွာထည့္သြင္းခဲ့ပါတယ္။ယင္းေနာက္ခ်က္ခ်င္းဆိုသလိုဘဲသူဟာအလယ္တန္းတိုက္စစ္သမားဗန္ဒီဘိခ္ကိုမထည့္သြင္းဘဲသူယခင္စိတ္ႀကိဳက္ကစားသမားျဖစ္တဲ့ဖရက္ကိုလူစားထည့္သြင္းခဲ့ပါတယ္။

ဆိုးလ္ရွားကယင္းသို႔ဆုံးျဖတ္ခ်လိုက္ခ်ိန္မွာေအဂ်က္စ္အလယ္တန္းကစားသမားေဟာင္းဟာအႀကီးအက်ယ္ေဒါသထြက္ကာဝါးေနတဲ့ပီေကကိုပါေထြးထုတ္ပစ္ခဲ့ပါတယ္။သူဟာဆိုးလ္ရွားႏွင့္ဖရက္တို႔ကိုဦးတည္ၿပီးပီေကးေထြးထုတ္ပစ္ခဲ့တာလည္းျဖစ္ပါတယ္။

ခ်က္ခ်င္းဆိုသလိုအနီးတြင္ရွိေနတဲ့ဗဟိုေနာက္ခံလူအဲရစ္ဘိုင္လီကဗန္ဒီဘိခ္ကိုေျဖသိမ့္မႈျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။

အထက္ပါအျဖစ္အပ်က္ကိုၾကည့္ရင္ဗန္ဒီဘိခ္ရဲ႕အိုးထရက္ဖို႔ဒ္ေန႔ရက္ေတြကုန္ဆုံးဖို႔တျဖည္းျဖည္းလက္ခ်ိဳးေရေနရၿပီဆိုတာျမင္ႏိုင္ပါတယ္။