လူဇင်ဘတ်အား ၅-၀ ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာ ကစားသမားဘဝတစ်လျှောက် အလှပဆုံးဂိုးကို သွင်းနိုင်လုနီးပါးဖြစ်ခဲ့တဲ့ CR7

ပေါ်တူဂီဟာမနေ့ညတုန်းကလူဇင်ဘတ်နှင့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ၅-၀ဂိုးဖြင့် အံ့ဩစရာမရှိ ဂိုးပြတ်အနိုင်ရယူနိုင်ခဲ့ပါတယ်။

ဖာနန်ဒိုဆန်းတို့စ်ရဲ့အသင်းဟာအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဟက်ထရစ်၊ဘရူနိုဖာနန်ဒက်စ်နဲ့ပယ်လင်ညာတို့သွင်းယူတဲ့ဂိုးဖြင့်၅-၀ဂိုးဖြင့်လူဇင်ဘတ်ကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာသူ့ရဲ့ပထမနှစ်ဂိုးကိုပထမပိုင်းမှာပင်နယ်တီကနေသွင်းခဲ့တာဖြစ်ပြီးဟက်ထရစ်မြောက်ဂိုးကိုပွဲချိန်၈၇မိနစ်မှာအနီးကပ်ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပါတယ်။

ယင်းဟက်ထရစ်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကစားသမားဘဝတစ်လျှောက်၅၈ကြိမ်မြောက်ဟက်ထရစ်ဖြစ်သလို ပေါ်တူဂီအသင်းအတွက်၁၀ကြိမ်မြောက်ဟက်ထရစ်လည်းဖြစ်ပါတယ်။ရော်နယ်ဒိုဟာယင်းဟက်ထရစ်ကြောင့်ကမ္ဘာ့ဘောလုံးသမိုင်းမှာနိုင်ငံအတွက်ဟက်ထရစ်၁၀ကြိမ်သွင်းယူနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။ ယခုအခါသူဟာနိုင်ငံတကာသွင်းဂိုး၁၁၅ဂိုးရှိလာပြီဖြစ်ပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာလူဇင်ဘတ်နဲ့ပွဲမှာအခွင့်အရေးများစွာရရှိခဲ့ပြီးအသုံးချနိုင်ခဲ့ရင်ယင်းထက်တောင် ဂိုးများစွာသွင်းနိုင်ခဲ့ပါဦးမယ်။

ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့ခရစ္စတီယာနိုရော်နယ်ဒိုဟာလူဇင်ဘတ်နှင့်ပွဲမှာသူ့ကစားသမားဘဝတစ်လျှောက်အလှပဆုံးဂိုးလို့ပြောလို့ရမယ့်ဂိုးတစ်ဂိုးကိုလည်းသွင်းနိုင်လုနီးပါးဖြစ်ခဲ့ပါတယ်။

ပွဲချိန်၆၈မိနစ်မှာရော်နယ်ဒိုဟာဧရိယာအတွင်းသို့ တိကျမှန်ကန်စွာရောက်လာတဲ့ ဖြတ်တင်ဘောကို တစ်ချိန်ထိန်းပြီး လေပေါ်မှာမြှောက်တက်နေစခဲ့ပါတယ်။ပြီးလျှင်ခရစ္စတီယာနိုရော်နယ်ဒိုဟာ Overhead Kick ဖြင့်လှပစွာကန်ခဲ့ပါတယ်။

ဒါပေမယ့်လူဇင်ဘတ်ဂိုးသမားအန်တိုနီမိုရက်စ်ကရော်နယ်ဒိုရဲ့လှပတဲ့ကန်ချက်ကိုကာကွယ်သွားနိုင်ခဲ့ပါတယ်။

တကယ်လို့များယင်းဂိုးသာဝင်ခဲ့မယ်ဆိုရင်ဒီဂိုးဟာ ယခုနှစ် ကမ္ဘာ့အကောင်းဆုံးဂိုးဆု FIFA Puskas Award ဆုအတွက်ဆန်ကာတင်စာရင်းမှာပါဝင်လာမှာသေချာသလောက်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် လူဇင်ဘတ်နှင့်ပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာဟက်ထရစ်သွင်းနိုင်ခဲ့မှုနဲ့အတူ နောက်ထပ်စံချိန်သစ်တွေထပ်မံရေးထိုးလာပြန်ပါတယ်။

ZawGyi

လူဇင္ဘတ္အား ၅-၀ ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာ ကစားသမားဘဝတစ္ေလွ်ာက္ အလွပဆုံးဂိုးကို သြင္းႏိုင္လုနီးပါးျဖစ္ခဲ့တဲ့ CR7

ေပၚတူဂီဟာမေန႔ညတုန္းကလူဇင္ဘတ္ႏွင့္၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲမွာ၅-၀ဂိုးျဖင့္ အံ့ဩစရာမရွိ ဂိုးျပတ္အႏိုင္ရယူႏိုင္ခဲ့ပါတယ္။

ဖာနန္ဒိုဆန္းတို႔စ္ရဲ႕အသင္းဟာအသင္းေခါင္းေဆာင္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဟက္ထရစ္၊ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ပယ္လင္ညာတို႔သြင္းယူတဲ့ဂိုးျဖင့္၅-၀ဂိုးျဖင့္လူဇင္ဘတ္ကိုအႏိုင္ရခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာသူ႔ရဲ႕ပထမႏွစ္ဂိုးကိုပထမပိုင္းမွာပင္နယ္တီကေနသြင္းခဲ့တာျဖစ္ၿပီးဟက္ထရစ္ေျမာက္ဂိုးကိုပြဲခ်ိန္၈၇မိနစ္မွာအနီးကပ္ေခါင္းတိုက္သြင္းခဲ့တာျဖစ္ပါတယ္။

ယင္းဟက္ထရစ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ကစားသမားဘဝတစ္ေလွ်ာက္၅၈ႀကိမ္ေျမာက္ဟက္ထရစ္ျဖစ္သလို ေပၚတူဂီအသင္းအတြက္၁၀ႀကိမ္ေျမာက္ဟက္ထရစ္လည္းျဖစ္ပါတယ္။ေရာ္နယ္ဒိုဟာယင္းဟက္ထရစ္ေၾကာင့္ကမာၻ႔ေဘာလုံးသမိုင္းမွာႏိုင္ငံအတြက္ဟက္ထရစ္၁၀ႀကိမ္သြင္းယူႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။ ယခုအခါသူဟာႏိုင္ငံတကာသြင္းဂိုး၁၁၅ဂိုးရွိလာၿပီျဖစ္ပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာလူဇင္ဘတ္နဲ႔ပြဲမွာအခြင့္အေရးမ်ားစြာရရွိခဲ့ၿပီးအသုံးခ်ႏိုင္ခဲ့ရင္ယင္းထက္ေတာင္ ဂိုးမ်ားစြာသြင္းႏိုင္ခဲ့ပါဦးမယ္။

ပိုၿပီးေတာ့စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလူဇင္ဘတ္ႏွင့္ပြဲမွာသူ႔ကစားသမားဘဝတစ္ေလွ်ာက္အလွပဆုံးဂိုးလို႔ေျပာလို႔ရမယ့္ဂိုးတစ္ဂိုးကိုလည္းသြင္းႏိုင္လုနီးပါးျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္၆၈မိနစ္မွာေရာ္နယ္ဒိုဟာဧရိယာအတြင္းသို႔ တိက်မွန္ကန္စြာေရာက္လာတဲ့ ျဖတ္တင္ေဘာကို တစ္ခ်ိန္ထိန္းၿပီး ေလေပၚမွာေျမႇာက္တက္ေနစခဲ့ပါတယ္။ၿပီးလွ်င္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Overhead Kick ျဖင့္လွပစြာကန္ခဲ့ပါတယ္။

ဒါေပမယ့္လူဇင္ဘတ္ဂိုးသမားအန္တိုနီမိုရက္စ္ကေရာ္နယ္ဒိုရဲ႕လွပတဲ့ကန္ခ်က္ကိုကာကြယ္သြားႏိုင္ခဲ့ပါတယ္။

တကယ္လို႔မ်ားယင္းဂိုးသာဝင္ခဲ့မယ္ဆိုရင္ဒီဂိုးဟာ ယခုႏွစ္ ကမာၻ႔အေကာင္းဆုံးဂိုးဆု FIFA Puskas Award ဆုအတြက္ဆန္ကာတင္စာရင္းမွာပါဝင္လာမွာေသခ်ာသေလာက္ရွိေနပါတယ္။

ဘာပဲျဖစ္ျဖစ္ လူဇင္ဘတ္ႏွင့္ပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဟက္ထရစ္သြင္းႏိုင္ခဲ့မႈနဲ႔အတူ ေနာက္ထပ္စံခ်ိန္သစ္ေတြထပ္မံေရးထိုးလာျပန္ပါတယ္။