လူတစ်ဦးသေဆုံးပြီး အသက် ၅ နှစ်အရွယ်ကလေးတစ်ဦး ကိုမာဖြစ်ကာ ဆိုးရွားစွာအဆုံးသတ်သွားတဲ့ အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားအောင်ပွဲခံမှု

အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားချန်ပီယံလှည့်လည်အောင်ပွဲမှုကပရိသတ်များနှင့်ရဲများအကြားရန်ဖြစ်ပြီးအဆိုးရွားဆုံးပုံစံဖြင့်အဆုံးသတ်သွားခဲ့ပါတယ်။အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံမှုကြောင့်လူတစ်ဦးသေဆုံးပြီးအသက်၅နှစ်အရွယ်တစ်ဦးကိုမာဖြစ်ခဲ့ပါတယ်။

ဗျူနိုအေးရိစ်တွင်အာဂျင်တီးနားအသင်းရဲ့ကမ္ဘာ့ဖလားချန်ပီယံလှည့်လည်အောင်ပွဲခံမှုအားပရိသတ်၄.၂သန်းအထိလူပင်လယ်ကြီးဖြင့်ကြိုဆိုမှုပြုလုပ်ခဲ့ကြပြီးအဓိကရုဏ်းထိန်းရဲတို့တားဆီးမှုများပြုလုပ်ခဲ့ရပါတယ်။

အထူးသဖြင့်အာဂျင်တီးနားပရိသတ်အချို့တို့ကတံတားပေါ်မှခုန်ချကာအာဂျင်တီးနားဘတ်စ်ကားပေါ်သို့တက်ရန်ကြိုးပမ်းမှုပြုလုပ်ခြင်း၊ပရိသတ်များကလှောင်ပြောင်မှုများပြုလုပ်ခြင်းစတဲ့အရာများဖြစ်လာပြီးနောက်အခြေအနေဆိုးရွားသွားခဲ့တာလည်းဖြစ်ပါတယ်။

အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်တစ်ခုအရပရိသတ်တစ်ဦးဟာအာဂျင်တီးနားဘတ်စ်ကားပေါ်သို့တံတားပေါ်မှခုန်ချရန်ကြိုးပမ်းရာမှာပေ၂၀အမြင့်မှပြုတ်ကျခဲ့တာတွေ့ရပါတယ်။

ယင်းနောက်ပိုင်းတွင်အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာလုံခြုံရေးပိုင်းစိုးရိမ်လာရမှုနဲ့အတူအမိုးဖွင့်ဘတ်စ်ကားဖြင့်လှည့်လည်အောင်ပွဲခံမှုကိုရပ်ဆိုင်းပြီးဟယ်လီကော်ပတာဖြင့်ထွက်ခွာသွားခဲ့ရပါတယ်။

ဒါ့အပြင်ပလာဇာဆန်မာတင်မှမတော်တဆမှုကြောင့်လည်းကလေးငယ်တစ်ဦးမှာခေါင်းဒဏ်ရာအပြင်းအထန်ဒဏ်ရာရရှိကာကိုမာဖြစ်သွားခဲ့ကြောင်းသိရပါတယ်။

မီဒီယာများရဲ့ဖော်ပြချက်အရအောင်ပွဲခံစဉ်အတွင်းရုပ်တုတစ်ခုမှစကျင်ကျောက်ပဲ့ကျရာမှာကလေးငယ်ရဲ့ခေါင်းကိုထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင်မီဒီယာများရဲ့ဖော်ပြချက်အရညပိုင်းတွင်းလည်းပရိသတ်များနှင့်ရဲတပ်ဖွဲ့ဝင်များအကြားခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းတွေ့ရပါတယ်။

ZawGyi

လူတစ္ဦးေသဆုံးၿပီး အသက္ ၅ ႏွစ္အ႐ြယ္ကေလးတစ္ဦး ကိုမာျဖစ္ကာ ဆိုး႐ြားစြာအဆုံးသတ္သြားတဲ့ အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားေအာင္ပြဲခံမႈ

အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားခ်န္ပီယံလွည့္လည္ေအာင္ပြဲမႈကပရိသတ္မ်ားႏွင့္ရဲမ်ားအၾကားရန္ျဖစ္ၿပီးအဆိုး႐ြားဆုံးပုံစံျဖင့္အဆုံးသတ္သြားခဲ့ပါတယ္။အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားခ်န္ပီယံေအာင္ပြဲခံမႈေၾကာင့္လူတစ္ဦးေသဆုံးၿပီးအသက္၅ႏွစ္အ႐ြယ္တစ္ဦးကိုမာျဖစ္ခဲ့ပါတယ္။

ဗ်ဴႏိုေအးရိစ္တြင္အာဂ်င္တီးနားအသင္းရဲ႕ကမာၻ႔ဖလားခ်န္ပီယံလွည့္လည္ေအာင္ပြဲခံမႈအားပရိသတ္၄.၂သန္းအထိလူပင္လယ္ႀကီးျဖင့္ႀကိဳဆိုမႈျပဳလုပ္ခဲ့ၾကၿပီးအဓိက႐ုဏ္းထိန္းရဲတို႔တားဆီးမႈမ်ားျပဳလုပ္ခဲ့ရပါတယ္။

အထူးသျဖင့္အာဂ်င္တီးနားပရိသတ္အခ်ိဳ႕တို႔ကတံတားေပၚမွခုန္ခ်ကာအာဂ်င္တီးနားဘတ္စ္ကားေပၚသို႔တက္ရန္ႀကိဳးပမ္းမႈျပဳလုပ္ျခင္း၊ပရိသတ္မ်ားကေလွာင္ေျပာင္မႈမ်ားျပဳလုပ္ျခင္းစတဲ့အရာမ်ားျဖစ္လာၿပီးေနာက္အေျခအေနဆိုး႐ြားသြားခဲ့တာလည္းျဖစ္ပါတယ္။

အြန္လိုင္းတြင္ထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္တစ္ခုအရပရိသတ္တစ္ဦးဟာအာဂ်င္တီးနားဘတ္စ္ကားေပၚသို႔တံတားေပၚမွခုန္ခ်ရန္ႀကိဳးပမ္းရာမွာေပ၂၀အျမင့္မွျပဳတ္က်ခဲ့တာေတြ႕ရပါတယ္။

ယင္းေနာက္ပိုင္းတြင္အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလုံၿခဳံေရးပိုင္းစိုးရိမ္လာရမႈနဲ႔အတူအမိုးဖြင့္ဘတ္စ္ကားျဖင့္လွည့္လည္ေအာင္ပြဲခံမႈကိုရပ္ဆိုင္းၿပီးဟယ္လီေကာ္ပတာျဖင့္ထြက္ခြာသြားခဲ့ရပါတယ္။

ဒါ့အျပင္ပလာဇာဆန္မာတင္မွမေတာ္တဆမႈေၾကာင့္လည္းကေလးငယ္တစ္ဦးမွာေခါင္းဒဏ္ရာအျပင္းအထန္ဒဏ္ရာရရွိကာကိုမာျဖစ္သြားခဲ့ေၾကာင္းသိရပါတယ္။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရေအာင္ပြဲခံစဥ္အတြင္း႐ုပ္ပြားေတာ္တစ္ခုမွစက်င္ေက်ာက္ပဲ့က်ရာမွာကေလးငယ္ရဲ႕ေခါင္းကိုထိခိုက္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရညပိုင္းတြင္းလည္းပရိသတ္မ်ားႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားအၾကားခိုက္ရန္ျဖစ္ပြားခဲ့ေၾကာင္းေတြ႕ရပါတယ္။