
လူတန်နှင့်ဂရမ်စ်ဘီတို့ရဲ့အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှပွဲစတင်လုနီးပါးအချိန်တွင်ကွင်းရှိရေပန်းပွင့်လာမှုကြောင့်ပွဲကိုအနည်းငယ်ရွှေ့ဆိုင်းခဲ့ရပါတယ်။
Kenilworth Road တွင်ကစားတဲ့အဆိုပါပွဲတွင်ရေပန်းပွင့်လာပြီးနောက် ချက်ချင်းဆိုသလိုပြန်လည်ပိတ်လိုက်နိုင်မှုနဲ့အတူ ၁၅စက္ကန့်တည်းသာရှေါ့ဆိုင်းခဲ့ရပါတယ်။
ကံကောင်းတာကတော့အဆိုပါရေပန်းပွင့်လာမှုကြောင့်ကစားသမားအချို့သာရေပက်ဖျန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဂရမ်စ်ဘီနောက်ခံလူအင်ဒီစမစ်ဟာရေပန်းပွင့်လာမှုကိုပိတ်ရန်ကြိုးပမ်းခဲ့တာတွေ့ရသလိုလူတွန်နောက်ခံလူတွမ်လော့ခ်ယာဟာရေပက်ဖျန်းခံရမှာစိုးလို့ထွက်ပြေးခဲ့ရပါတယ်။
မနေ့ညကလူတန်နှင့်ဂရမ်စ်ဘီတို့ရဲ့ပွဲစဉ်မှာနှစ်ဂိုးစီသရေဖြင့်ပြီးဆုံးသွားမှုနဲ့အတူဒုတိယအကျော့ပြန်လည်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။
ZawGyi
လူတန်နှင့်ဂရမ်စ်ဘီတို့ရဲ့အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲတွင် ကွင်းရှိ ရေပန်းပွင့်လာမှုကြောင့် ပွဲကို ရွှေ့ဆိုင်း