လူတွန်နည်းပြဂျုံးစ်ကို နည်းပြသစ်အဖြစ် ဆောက်သမ်တန်ခန့်အပ်

ဆောက်သမ်တန်ဟာရာထူးမှထုတ်ပယ်လိုက်တဲ့နည်းပြရေးဖ်ဟတ်ဆန်ဟက်တဲလ်နေရာတွင်နသန်ဂျုံးစ်ကိုနည်းပြသစ်အဖြစ်အစားထိုးခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

အသက်၄၉နှစ်ရှိဝေးလ်လူမျိုးနည်းပြဟာချန်ပီယံရှစ်ကလပ်လူတွန်တောင်းနည်းပြရာထူးမှနုတ်ထွက်ပြီးနောက် ဆောက်သမ်တန်နှင့်သုံးနှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဟတ်ဆန်ဟက်တဲလ်ဟာဆောက်သမ်တန်ကိုလေးနှစ်နီးပါးကြာကိုင်တွယ်လာခဲ့ပြီးနောက် နယူးကာဆယ်ကို၄-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်တနင်္လာနေ့တုန်းကရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဂျုံးစ်က “ဒီအခွင့်အရေးရရှိလာတဲ့အတွက်အရမ်းဂုဏ်ယူတယ်။ The Dell(ဆောက်သမ်တန်ကွင်းဟောင်း)မှာကတည်းကဒီကလပ်နဲ့ပတ်သက်ပြီးအများကြီးသိတယ်။စိန့်မေရီသို့ရောက်လာတော့လည်းသိတာပါပဲ။ဒီကလပ်ကအံ့ဩသင့်စရာကောင်းတဲ့ကလပ်ပါ”လို့ပြောကြားသွားပါတယ်။

နသန်ဂျုံးစ်ဟာမနေ့ညတုန်းကဆောက်သမ်တန်ကရှက်ဖီးလ်ဝင်းနက်စ်ဒေးကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိတဲ့ခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်ကိုပွဲကြည့်စင်မှကြည့်ရှုခဲ့ပါတယ်။

သူဟာဆောက်သမ်တန်အတွက်ပထမဆုံးပွဲစဉ်အဖြစ်စနေနေ့တွင် လီဗာပူးအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲကိုကြီးကြပ်သွားပါမယ်။

ZawGyi

လူတြန္နည္းျပဂ်ဳံးစ္ကို နည္းျပသစ္အျဖစ္ ေဆာက္သမ္တန္ခန႔္အပ္

ေဆာက္သမ္တန္ဟာရာထူးမွထုတ္ပယ္လိုက္တဲ့နည္းျပေရးဖ္ဟတ္ဆန္ဟက္တဲလ္ေနရာတြင္နသန္ဂ်ဳံးစ္ကိုနည္းျပသစ္အျဖစ္အစားထိုးခန႔္အပ္လိုက္ၿပီျဖစ္ပါတယ္။

အသက္၄၉ႏွစ္ရွိေဝးလ္လူမ်ိဳးနည္းျပဟာခ်န္ပီယံရွစ္ကလပ္လူတြန္ေတာင္းနည္းျပရာထူးမွႏုတ္ထြက္ၿပီးေနာက္ ေဆာက္သမ္တန္ႏွင့္သုံးႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ဟတ္ဆန္ဟက္တဲလ္ဟာေဆာက္သမ္တန္ကိုေလးႏွစ္နီးပါးၾကာကိုင္တြယ္လာခဲ့ၿပီးေနာက္ နယူးကာဆယ္ကို၄-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္တနလၤာေန႔တုန္းကရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဂ်ဳံးစ္က “ဒီအခြင့္အေရးရရွိလာတဲ့အတြက္အရမ္းဂုဏ္ယူတယ္။ The Dell(ေဆာက္သမ္တန္ကြင္းေဟာင္း)မွာကတည္းကဒီကလပ္နဲ႔ပတ္သက္ၿပီးအမ်ားႀကီးသိတယ္။စိန႔္ေမရီသို႔ေရာက္လာေတာ့လည္းသိတာပါပဲ။ဒီကလပ္ကအံ့ဩသင့္စရာေကာင္းတဲ့ကလပ္ပါ”လို႔ေျပာၾကားသြားပါတယ္။

နသန္ဂ်ဳံးစ္ဟာမေန႔ညတုန္းကေဆာက္သမ္တန္ကရွက္ဖီးလ္ဝင္းနက္စ္ေဒးကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရရွိတဲ့ခါရာေဘာင္ဖလားတတိယအဆင့္ပြဲစဥ္ကိုပြဲၾကည့္စင္မွၾကည့္ရႈခဲ့ပါတယ္။

သူဟာေဆာက္သမ္တန္အတြက္ပထမဆုံးပြဲစဥ္အျဖစ္စေနေန႔တြင္ လီဗာပူးအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲကိုႀကီးၾကပ္သြားပါမယ္။