လူနှစ်ဦးရဲ့ဘဝပေးလိုက်ရတဲ့ ယာဉ်မတော်တဆမှုအတွက် ထောင်နန်းစံရတော့မယ့် အာဂျင်တီးနားစတား

အာဂျင်တီးနားစတားနာဟူးလ်ဇာရာတေးဟာယာဉ်မတော်တဆမှုကြောင့်လူနှစ်ဦးရဲ့အသက်ဆုံးရှုံးခဲ့ရမှုနှင့်အတူထောင်ဒဏ်၅နှစ်ကျခံရတော့မှာဖြစ်ပါတယ်။

ဗျူနိုအေးရိစ်ဖွားဘယ်နောက်ခံလူဟာကစားသမားဘဝအားမွေးရပ်မြေအခြေစိုက်အာဂျင်တီးနားထိပ်သီးဘိုကာဂျူနီယာတွင်စတင်ခဲ့သူဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိဇာရာတေးဟာအာဂျင်တီးနားတတိယတန်းကလပ်စီအေဂူးမက်စ်တွင်ကစားနေသူဖြစ်ပြီးပြီးခဲ့တဲ့အပတ်ကအင်ဒီပင့်ဒီယန့်တေးရီဗာဒါဗီယာအား၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့အိမ်ကွင်းပွဲစဉ်တွင်ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၁၈ခုနှစ်တုန်းကကားမဆင်မခြင်မောင်းကာယာဉ်တိုက်မှုဖြစ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက်တရားရုံးကထောင်ဒဏ်၅နှစ်ချမှတ်လိုက်ပြီဖြစ်ပါတယ်။

၂၀၂၆ခုနှစ်အထိထောင်နန်းစံရတော့မယ့်ဇာရာတေးဟာသူ့ပြစ်မှုအတွက်အယူခံဝင်ရန်စီစဉ်ထားပါတယ်။

သူဟာအရက်အလွန်အကျွံသောက်ကာကားမောင်းနှင်ကြောင်းစစ်ဆေးတွေ့ရှိရမှုကြောင့်ယာဉ်မောင်းခွင့်လည်း၁၀နှစ်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။သူဟာယာဉ်မတော်တဆမှုဖြစ်စဉ်အချိန်တွင်သတ်မှတ်ပမာဏထက်အရက်သောက်ထားတဲ့အပြင်မိုဘိုင်းဖုန်းသုံးနေခဲ့ပါတယ်။

သူမောင်းနှင်လာတဲ့ကားဟာတက္ကစီတစ်စီးရဲ့နောက်ပိုင်းကိုတိုက်မိခဲ့တာဖြစ်ပြီးအသက်၅၅နှစ်ရှိနော်ဘတ်တိုရိုဒိုလ်ဖိုဘရန်ဇာနှင့်အသက်၅၄နှစ်ရှိနက်စ်တော်ဖရန်ဆစ္စကိုမော်မန်ဒီတို့ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

စီစီတီဗွီမှတ်တမ်းအရဇာရာတေးဟာကားကိုတစ်နာရီလျှင်၁၁၈မိုင်နှုန်းဖြင့်မောင်းနှင်လာခဲ့ပြီးတက္ကစီအားပြင်းထန်တဲ့အရှိန်ဖြင့်တိုက်မိခဲ့တာဖြစ်ပါတယ်။

သေဆုံးသူများရဲ့ရှေ့နေတို့ကဘောလုံးသမားကိုထောင်ဒဏ်၁၃နှစ်ချမှတ်ရန်တောင်းဆိုခဲ့သော်လည်းတရားရုံးကထောင်ဒဏ်၅နှစ်ကျခံရန်ဆုံးဖြတ်လိုက်ပါတယ်။

ဇာရာတေးဟာ၂၀၁၇ခုနှစ်တုန်းကအရက်သောက်ကားမောင်းနှင်ကာလမ်းအလုပ်သမားတစ်ဦးကိုတိုက်မိခဲ့ဖူးပါတယ်။

ZawGyi

လူႏွစ္ဦးရဲ႕ဘဝေပးလိုက္ရတဲ့ ယာဥ္မေတာ္တဆမႈအတြက္ ေထာင္နန္းစံရေတာ့မယ့္ အာဂ်င္တီးနားစတား

အာဂ်င္တီးနားစတားနာဟူးလ္ဇာရာေတးဟာယာဥ္မေတာ္တဆမႈေၾကာင့္လူႏွစ္ဦးရဲ႕အသက္ဆုံးရႈံးခဲ့ရမႈႏွင့္အတူေထာင္ဒဏ္၅ႏွစ္က်ခံရေတာ့မွာျဖစ္ပါတယ္။

ဗ်ဴႏိုေအးရိစ္ဖြားဘယ္ေနာက္ခံလူဟာကစားသမားဘဝအားေမြးရပ္ေျမအေျခစိုက္အာဂ်င္တီးနားထိပ္သီးဘိုကာဂ်ဴနီယာတြင္စတင္ခဲ့သူျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိဇာရာေတးဟာအာဂ်င္တီးနားတတိယတန္းကလပ္စီေအဂူးမက္စ္တြင္ကစားေနသူျဖစ္ၿပီးၿပီးခဲ့တဲ့အပတ္ကအင္ဒီပင့္ဒီယန႔္ေတးရီဗာဒါဗီယာအား၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့အိမ္ကြင္းပြဲစဥ္တြင္ပါဝင္ကစားခဲ့သူျဖစ္ပါတယ္။

သူဟာ၂၀၁၈ခုႏွစ္တုန္းကကားမဆင္မျခင္ေမာင္းကာယာဥ္တိုက္မႈျဖစ္ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိၿပီးေနာက္တရား႐ုံးကေထာင္ဒဏ္၅ႏွစ္ခ်မွတ္လိုက္ၿပီျဖစ္ပါတယ္။

၂၀၂၆ခုႏွစ္အထိေထာင္နန္းစံရေတာ့မယ့္ဇာရာေတးဟာသူ႔ျပစ္မႈအတြက္အယူခံဝင္ရန္စီစဥ္ထားပါတယ္။

သူဟာအရက္အလြန္အကြၽံေသာက္ကာကားေမာင္းႏွင္ေၾကာင္းစစ္ေဆးေတြ႕ရွိရမႈေၾကာင့္ယာဥ္ေမာင္းခြင့္လည္း၁၀ႏွစ္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။သူဟာယာဥ္မေတာ္တဆမႈျဖစ္စဥ္အခ်ိန္တြင္သတ္မွတ္ပမာဏထက္အရက္ေသာက္ထားတဲ့အျပင္မိုဘိုင္းဖုန္းသုံးေနခဲ့ပါတယ္။

သူေမာင္းႏွင္လာတဲ့ကားဟာတကၠစီတစ္စီးရဲ႕ေနာက္ပိုင္းကိုတိုက္မိခဲ့တာျဖစ္ၿပီးအသက္၅၅ႏွစ္ရွိေနာ္ဘတ္တို႐ိုဒိုလ္ဖိုဘရန္ဇာႏွင့္အသက္၅၄ႏွစ္ရွိနက္စ္ေတာ္ဖရန္ဆစၥကိုေမာ္မန္ဒီတို႔ပြဲခ်င္းၿပီးေသဆုံးခဲ့ပါတယ္။

စီစီတီဗြီမွတ္တမ္းအရဇာရာေတးဟာကားကိုတစ္နာရီလွ်င္၁၁၈မိုင္ႏႈန္းျဖင့္ေမာင္းႏွင္လာခဲ့ၿပီးတကၠစီအားျပင္းထန္တဲ့အရွိန္ျဖင့္တိုက္မိခဲ့တာျဖစ္ပါတယ္။

ေသဆုံးသူမ်ားရဲ႕ေရွ႕ေနတို႔ကေဘာလုံးသမားကိုေထာင္ဒဏ္၁၃ႏွစ္ခ်မွတ္ရန္ေတာင္းဆိုခဲ့ေသာ္လည္းတရား႐ုံးကေထာင္ဒဏ္၅ႏွစ္က်ခံရန္ဆုံးျဖတ္လိုက္ပါတယ္။

ဇာရာေတးဟာ၂၀၁၇ခုႏွစ္တုန္းကအရက္ေသာက္ကားေမာင္းႏွင္ကာလမ္းအလုပ္သမားတစ္ဦးကိုတိုက္မိခဲ့ဖူးပါတယ္။