လူပျိုပေါက်အရွယ်အထိမိခင်နှင့်အတူအိပ်ခဲ့ကြောင်းဘောလုံးလူကြမ်းပီပီဖွင့်ဟ

သူဟာမြင်ဖူးသမျှဘောလုံးသမားတွေထဲမှာအကြမ်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်ပါလိမ့်မယ်။ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဟာအသက်၁၇နှစ်အရွယ်လူပျိုဖြစ်တဲ့အထိမိခင်နှင့်အတူအိပ်စက်လာခဲ့တဲ့ သူဖြစ်ပါတယ်။

သူဟာပေါ်တူဂီလက်ရွေးစင်အတွက်၁၁၃ပွဲကစားခဲ့ပေမယ့်လည်းဘရာဇီးမှာမွေးဖွားကြီးပြင်းသူဖြစ်ပါတယ်။သူဟာဆယ်ကျော်သက်အရွယ်မှာဘောလုံးသမားဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက်ပေါ်တူဂီသို့ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

သူဟာနောက်ခံလူတစ်ဦးဖြစ်တာနဲ့အညီခန္ဓာကိုယ်ကိုသန်မာတောင့်တင်းပြီးအကြောက်အလန့်မဲ့ကစားတတ်သူ တစ်ဦးလည်းဖြစ်ပါတယ်။ဒါပေမယ့်သူဟာကွင်းထဲမှာဆာလောင်နေတဲ့နောက်ခံလူတစ်ဦးဖြစ်ပေမယ့်ချစ်ခြင်းမေတ္တာလိုအပ်နေခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။အထူးသဖြင့်မိခင်ဖြစ်သူရဲ့ဂရုစိုက်မှုပါ။

ပီပီက “အသက်၁၇နှစ်မှာပေါ်တူဂီသို့ရောက်လာတဲ့အချိန်အထိအမေနဲ့အတူအိပ်လာခဲ့တယ်။ဒီလောက်ကျွန်တော် ဘယ်လိုလူစားမျိုးလဲဆိုတာတွေးသာကြည့်ပေတော့(ရယ်လျက်)။အရွယ်ရောက်နေတာတောင်မိဘနဲ့အတူအိပ်ခဲ့ တယ်။အဖကတော့ကြိုက်မယ်မထင်ဘူး(ရယ်လျက်)”လို့ပြောကြားခဲ့ပါတယ်။

ပီပီဟာမာရီတီမိုနှင့်ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုစတင်ပြီးပေါ်တိုသို့ပြောင်းခွင့်ရရှိခဲ့ပါတယ်။ယင်းတွင်သူဟာအမှတ်ပေးဖလားနှစ်ကြိမ်ဆက်ဆွတ်ခူးပြီးနောက်ရီးရဲလ်မက်ဒရစ်သို့ပြောင်းခဲ့ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်ကစားစဉ်ကာလအတွင်းကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်လာခဲ့တဲ့အပြင်အကြမ်းတမ်းဆုံးနောက်ခံလူတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်အတွက်၃၃၄ပွဲကစားခဲ့ကာ လာလီဂါဖလား၃ကြိမ်၊ချန်ပီယံလိဂ်ဖလား၃ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်၃၈နှစ်ရှိပီပီဟာတူရကီကလပ်ဘီဆစ်တပ်တွင်ကစားပြီးနောက်ပေါ်တိုသို့ပြန်ရောက်လာခဲ့ပါတယ်။သူဟာ ပေါ်တိုမှာအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူနေပြီးပြီးခဲ့တဲ့ရာသီတုန်းကပြည်တွင်းဖလားနှစ်လုံးရရှိအောင်ဦး ဆောင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာစင်မြင်တွင်လည်းပီပီဟာနည်းပြဖာနန်ဒိုဆန်းတို့စ်ဦးဆောင်မှုနဲ့အတူပေါ်တူဂီနှင့်ယူရိုဖလားနှင့်ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဖလားတို့ဆွတ်ခူးထားနိုင်ပါတယ်။

ဗဟိုနောက်ခံလူဟာကစားသမားဘဝအတွင်းမှာအဝါကတ်၁၅၂ကတ်၊အနီကတ်၁၂ကတ်ပြသခြင်းခံခဲ့ရဖူးတဲ့သူ ဖြစ်ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်တွင်ကစားစဉ်ကဂီတာဖေးတိုက်စစ်သမားတစ်ဦးကိုလဲကျနေစဉ်ကြောက်စရာ ကောင်းလောက်အောင်ကန်ကျောက်မှုအတွက်ကာလရှည်ပွဲပယ်ခံခဲ့ရဖူးပါတယ်။

ZawGyi

လူပ်ိဳေပါက္အ႐ြယ္အထိမိခင္ႏွင့္အတူအိပ္ခဲ့ေၾကာင္းေဘာလုံးလူၾကမ္းပီပီဖြင့္ဟ

သူဟာျမင္ဖူးသမွ်ေဘာလုံးသမားေတြထဲမွာအၾကမ္းဆုံးကစားသမားေတြထဲကတစ္ဦးျဖစ္ပါလိမ့္မယ္။ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဟာင္းဟာအသက္၁၇ႏွစ္အ႐ြယ္လူပ်ိဳျဖစ္တဲ့အထိမိခင္ႏွင့္အတူအိပ္စက္လာခဲ့တဲ့ သူျဖစ္ပါတယ္။

သူဟာေပၚတူဂီလက္ေ႐ြးစင္အတြက္၁၁၃ပြဲကစားခဲ့ေပမယ့္လည္းဘရာဇီးမွာေမြးဖြားႀကီးျပင္းသူျဖစ္ပါတယ္။သူဟာဆယ္ေက်ာ္သက္အ႐ြယ္မွာေဘာလုံးသမားဘဝတိုးတက္ရာတိုးတက္ေၾကာင္းအတြက္ေပၚတူဂီသို႔ေျပာင္းလာခဲ့သူ ျဖစ္ပါတယ္။

သူဟာေနာက္ခံလူတစ္ဦးျဖစ္တာနဲ႔အညီခႏၶာကိုယ္ကိုသန္မာေတာင့္တင္းၿပီးအေၾကာက္အလန႔္မဲ့ကစားတတ္သူ တစ္ဦးလည္းျဖစ္ပါတယ္။ဒါေပမယ့္သူဟာကြင္းထဲမွာဆာေလာင္ေနတဲ့ေနာက္ခံလူတစ္ဦးျဖစ္ေပမယ့္ခ်စ္ျခင္းေမတၱာလိုအပ္ေနခဲ့တဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။အထူးသျဖင့္မိခင္ျဖစ္သူရဲ႕ဂ႐ုစိုက္မႈပါ။

ပီပီက “အသက္၁၇ႏွစ္မွာေပၚတူဂီသို႔ေရာက္လာတဲ့အခ်ိန္အထိအေမနဲ႔အတူအိပ္လာခဲ့တယ္။ဒီေလာက္ကြၽန္ေတာ္ ဘယ္လိုလူစားမ်ိဳးလဲဆိုတာေတြးသာၾကည့္ေပေတာ့(ရယ္လ်က္)။အ႐ြယ္ေရာက္ေနတာေတာင္မိဘနဲ႔အတူအိပ္ခဲ့ တယ္။အဖကေတာ့ႀကိဳက္မယ္မထင္ဘူး(ရယ္လ်က္)”လို႔ေျပာၾကားခဲ့ပါတယ္။

ပီပီဟာမာရီတီမိုႏွင့္ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကိုစတင္ၿပီးေပၚတိုသို႔ေျပာင္းခြင့္ရရွိခဲ့ပါတယ္။ယင္းတြင္သူဟာအမွတ္ေပးဖလားႏွစ္ႀကိမ္ဆက္ဆြတ္ခူးၿပီးေနာက္ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းခဲ့ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္ကစားစဥ္ကာလအတြင္းကမာၻ႔အေကာင္းဆုံးေနာက္ခံလူတစ္ဦးျဖစ္လာခဲ့တဲ့အျပင္အၾကမ္းတမ္းဆုံးေနာက္ခံလူတစ္ဦးလည္းျဖစ္လာခဲ့ပါတယ္။သူဟာရီးရဲလ္မက္ဒရစ္အတြက္၃၃၄ပြဲကစားခဲ့ကာ လာလီဂါဖလား၃ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အသက္၃၈ႏွစ္ရွိပီပီဟာတူရကီကလပ္ဘီဆစ္တပ္တြင္ကစားၿပီးေနာက္ေပၚတိုသို႔ျပန္ေရာက္လာခဲ့ပါတယ္။သူဟာ ေပၚတိုမွာအသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူေနၿပီးၿပီးခဲ့တဲ့ရာသီတုန္းကျပည္တြင္းဖလားႏွစ္လုံးရရွိေအာင္ဦး ေဆာင္ႏိုင္ခဲ့ပါတယ္။

ႏိုင္ငံတကာစင္ျမင္တြင္လည္းပီပီဟာနည္းျပဖာနန္ဒိုဆန္းတို႔စ္ဦးေဆာင္မႈနဲ႔အတူေပၚတူဂီႏွင့္ယူ႐ိုဖလားႏွင့္ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ဖလားတို႔ဆြတ္ခူးထားႏိုင္ပါတယ္။

ဗဟိုေနာက္ခံလူဟာကစားသမားဘဝအတြင္းမွာအဝါကတ္၁၅၂ကတ္၊အနီကတ္၁၂ကတ္ျပသျခင္းခံခဲ့ရဖူးတဲ့သူ ျဖစ္ပါတယ္။သူဟာရီးရဲလ္မက္ဒရစ္တြင္ကစားစဥ္ကဂီတာေဖးတိုက္စစ္သမားတစ္ဦးကိုလဲက်ေနစဥ္ေၾကာက္စရာ ေကာင္းေလာက္ေအာင္ကန္ေက်ာက္မႈအတြက္ကာလရွည္ပြဲပယ္ခံခဲ့ရဖူးပါတယ္။