လူမျိုးရေးခွဲခြားခံရမှုအတွက်အီဘရာဟီမိုဗစ်ကိုရက်စတားဘဲလ်ဂရိတ်တောင်းပန်

ရက်စတားဘဲလ်ဂရိတ်အသင်းဟာကြာသပတေးနေ့တုန်းကယူရိုပါလိဂ်ပွဲစဉ်တွင်လူမျိုးရေးခွဲခြားပြောဆိုခြင်းခံခဲ့ရတဲ့အေစီမီလန်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်အားတောင်းပန်လိုက်ပါတယ်။

အီဘရာဟီမိုဗစ်ဟာဘဲလ်ဂရိတ်တွင်သရေကျတဲ့ရက်စတားနှင့်ယူရိုပါလိဂ်၃၂သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင်အရန်ခုံတွင်သာထိုင်နေခဲ့ရပြီးပွဲကစားခွင့်ရရှိခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့်ရုပ်သံပြကွက်များအရအီဘရာဟီမိုဗစ်ဟာအရန်ခုံတွင်ထိုင်နေစဉ်အတွင်းပရိသတ်ရဲ့လူမျိုးရေးခွဲခြားဆက်ဆံခြင်းခံခဲ့ရပါတယ်။အီဘရာဟီမိုဗစ်ဟာဘော့စနီးယားနွယ်ဖွားတစ်ဦးဖြစ်ပါတယ်။

ဒါကြောင့်လည်းရက်စတားအသင်းကအီဘရာဟီမိုဗစ်အားယင်းဖြစ်ရပ်အတွက်တောင်းပန်ကြောင်းနှင့်လူမျိုးရေးခွဲ ခြားပြောဆိုသူအားအရေးယူနိုင်ရေးအတွက်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာအရေးယူနိုင်ရေးကြိုးပမ်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။

အီဘရာဟီမိုဗစ်ကိုခရိုအေးရှားကက်သလစ်မိခင်နှင့်ဘော့စနီးယားမူစလင်ဖခင်တို့မှဆွီဒင်တွင်မွေးဖွားခဲ့တာဖြစ်ပါတယ်။ပရိသတ်ဟာအီဘရာဟီမိုဗစ်ကိုဘော့စနီးယားမူစလင်နှင့်ဆက်နွယ်မှုအတွက်လူမျိုးရေးခွဲခြားတိုက်ခိုက်မှုပြု လုပ်ခဲ့တာဖြစ်ပါတယ်။

၁၉၉၀ခုနှစ်အစောပိုင်းတုန်းကဆားဘီးယား၊ခရိုအေးရှား၊ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနားတို့ဟာယူဂိုဆလားဗီးယားရဲ့အစိတ်အပိုင်းဖြစ်ပြီးလူမျိုးရေး၊ဘာသာရေးတိုက်ပွဲများကြောင့်နိုင်ငံပေါင်းများစွာကွဲပြားသွားခဲ့ပါတယ်။

ZawGyi

လူမ်ိဳးေရးခြဲျခားခံရမႈအတြက္အီဘရာဟီမိုဗစ္ကိုရက္စတားဘဲလ္ဂရိတ္ေတာင္းပန္

ရက္စတားဘဲလ္ဂရိတ္အသင္းဟာၾကာသပေတးေန႔တုန္းကယူ႐ိုပါလိဂ္ပြဲစဥ္တြင္လူမ်ိဳးေရးခြဲျခားေျပာဆိုျခင္းခံခဲ့ရတဲ့ေအစီမီလန္တိုက္စစ္မႉးဇလာတန္အီဘရာဟီမိုဗစ္အားေတာင္းပန္လိုက္ပါတယ္။

အီဘရာဟီမိုဗစ္ဟာဘဲလ္ဂရိတ္တြင္သေရက်တဲ့ရက္စတားႏွင့္ယူ႐ိုပါလိဂ္၃၂သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္အရန္ခုံတြင္သာထိုင္ေနခဲ့ရၿပီးပြဲကစားခြင့္ရရွိခဲ့ျခင္းမရွိပါဘူး။

ဒါေပမယ့္႐ုပ္သံျပကြက္မ်ားအရအီဘရာဟီမိုဗစ္ဟာအရန္ခုံတြင္ထိုင္ေနစဥ္အတြင္းပရိသတ္ရဲ႕လူမ်ိဳးေရးခြဲျခားဆက္ဆံျခင္းခံခဲ့ရပါတယ္။အီဘရာဟီမိုဗစ္ဟာေဘာ့စနီးယားႏြယ္ဖြားတစ္ဦးျဖစ္ပါတယ္။

ဒါေၾကာင့္လည္းရက္စတားအသင္းကအီဘရာဟီမိုဗစ္အားယင္းျဖစ္ရပ္အတြက္ေတာင္းပန္ေၾကာင္းႏွင့္လူမ်ိဳးေရးခြဲ ျခားေျပာဆိုသူအားအေရးယူႏိုင္ေရးအတြက္ရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္းကာအေရးယူႏိုင္ေရးႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း ထုတ္ျပန္သြားပါတယ္။

အီဘရာဟီမိုဗစ္ကိုခ႐ိုေအးရွားကက္သလစ္မိခင္ႏွင့္ေဘာ့စနီးယားမူစလင္ဖခင္တို႔မွဆြီဒင္တြင္ေမြးဖြားခဲ့တာျဖစ္ပါတယ္။ပရိသတ္ဟာအီဘရာဟီမိုဗစ္ကိုေဘာ့စနီးယားမူစလင္ႏွင့္ဆက္ႏြယ္မႈအတြက္လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈျပဳ လုပ္ခဲ့တာျဖစ္ပါတယ္။

၁၉၉၀ခုႏွစ္အေစာပိုင္းတုန္းကဆားဘီးယား၊ခ႐ိုေအးရွား၊ေဘာ့စနီးယားႏွင့္ဟာဇီဂိုးဗီးနားတို႔ဟာယူဂိုဆလားဗီးယားရဲ႕အစိတ္အပိုင္းျဖစ္ၿပီးလူမ်ိဳးေရး၊ဘာသာေရးတိုက္ပြဲမ်ားေၾကာင့္ႏိုင္ငံေပါင္းမ်ားစြာကြဲျပားသြားခဲ့ပါတယ္။