‘လူလိမ်၊လူလိမ်၊လူလိမ်’လို့ အော်ခဲ့တဲ့ ဝုဗ်ပရိသတ်များကို အလှပဆုံးတုံ့ပြန်ခဲ့တဲ့ ပေါလ်ပေါ့ဘာ

ပေါလ်ပေါ့ဘာဟာမနေ့ညတုန်းကဝုဗ်အား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင် ဝုဗ်ပရိသတ်များရဲ့ ‘လူလိမ်၊လူလိမ်၊လူလိမ်’ဟုအော်ဟစ်ခြင်းခံခဲ့ရပေမယ့်ပွဲအပြီးမှာဝုဗ်ပရိသတ်တစ်ဦးအားသူ့အင်္ကျီချွတ်ကာပေးခဲ့ကာအလှပဆုံးတုံ့ပြန်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာပွဲချိန်၈၀မိနစ်မှာမန်ယူရဲ့အနိုင်ဂိုးမရမီ ကစားကွက်တည်ဆောက်နေစဉ်ရူဘင်နီဗက်စ်အားကြမ်းတမ်းစွာကစားခဲ့ပါတယ်။

ဒါပေမယ့်ဒိုင်လူကြီးကအရေးယူမှုတစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိပါဘူး။ယင်းနောက်မကြာမီတွင်ပင်မေဆင်ဂရင်းဝုဒ်ကမန်ယူအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူသွားခဲ့ပါတယ်။

ဝုဗ်နည်းပြဟာပွဲအားဆက်ကစားခွင့်ပေးမှုအပေါ်အကြီးအကျယ်ဒေါသထွက်ခဲ့သလိုဝုဗ်ပရိသတ်များဟာလည်းယင်းဆုံးဖြတ်ချက်အပေါ်ပေါက်ကွဲခဲ့ကြပါတယ်။

ဒါပေမယ့်ဒိုင်လူကြီးကမေဆင်ဂရင်းဝုဒ်ရဲ့ဂိုးကိုခွင့်ပြုပေးခဲ့ကာမန်ယူဟာအိမ်ပြန်ခရီးမှာရမှတ်၃မှတ်အပြည့်ရခဲ့ပါတယ်။

ယင်းနောက်ပရိသတ်များဟာပေါလ်ပေါ့ဘာအားပစ်မှတ်ထားကာ ‘လူလိမ်၊လူလိမ်၊လူလိမ်’ဟုအော်ဟစ်ခဲ့ကြပါတယ်။

ယင်းသို့အော်ဟစ်ခြင်းခံခဲ့ရပေမယ့်ပွဲပြီးခရာမှုတ်ပြီးချိန်တွင်ပေါလ်ပေါ့ဘာဟာဝုဗ်ပရိသတ်များရှိရာသို့သွားကာလူ့အင်္ကျီကိုချွတ်ပြီးပရိသတ်တစ်ဦးအားပေးခဲ့ပါတယ်။ယင်းသို့ပေါ့ဘာရဲ့ပြုမူမှုအပေါ်ဝုဗ်ပရိသတ်များကလက်ခုပ်တီးကာချီးကျူးမှုပြုလုပ်ခဲ့ကြပါတယ်။

ရူဘင်နီဗက်စ်အားဖျက်ထုတ်မှုနဲ့ပတ်သက်ပြီးပေါ့ဘာက “သူ့(နီဗက်စ်)ကိုမထိခဲ့ပါဘူး။ဒါကပရီးမီးယားလိဂ်ပါ။၅၀-၅၀ပါ။အပတ်စဉ်တိုင်းဖြစ်နေကြအရာတွေပါ”လို့ပြောကြားခဲ့ပါတယ်။

မန်ယူဟာဝုဗ်အားအဝေးကွင်းမှာ၁-၀ဂိုးဖြင့်အနိုင်ရရှိမှုနဲ့အတူပရီးမီးယားလိဂ်သမိုင်းတွင်အဝေးကွင်း၂၈ပွဲဆက်ရှုံးပွဲမှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။

ZawGyi

‘လူလိမ္၊လူလိမ္၊လူလိမ္’လို႔ ေအာ္ခဲ့တဲ့ ဝုဗ္ပရိသတ္မ်ားကို အလွပဆုံးတုံ႔ျပန္ခဲ့တဲ့ ေပါလ္ေပါ့ဘာ

ေပါလ္ေပါ့ဘာဟာမေန႔ညတုန္းကဝုဗ္အား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ ဝုဗ္ပရိသတ္မ်ားရဲ႕ ‘လူလိမ္၊လူလိမ္၊လူလိမ္’ဟုေအာ္ဟစ္ျခင္းခံခဲ့ရေပမယ့္ပြဲအၿပီးမွာဝုဗ္ပရိသတ္တစ္ဦးအားသူ႔အက်ႌခြၽတ္ကာေပးခဲ့ကာအလွပဆုံးတုံ႔ျပန္ခဲ့ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာပြဲခ်ိန္၈၀မိနစ္မွာမန္ယူရဲ႕အႏိုင္ဂိုးမရမီ ကစားကြက္တည္ေဆာက္ေနစဥ္႐ူဘင္နီဗက္စ္အားၾကမ္းတမ္းစြာကစားခဲ့ပါတယ္။

ဒါေပမယ့္ဒိုင္လူႀကီးကအေရးယူမႈတစ္စုံတစ္ရာျပဳလုပ္ခဲ့ျခင္းမရွိပါဘူး။ယင္းေနာက္မၾကာမီတြင္ပင္ေမဆင္ဂရင္းဝုဒ္ကမန္ယူအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုသြင္းယူသြားခဲ့ပါတယ္။

ဝုဗ္နည္းျပဟာပြဲအားဆက္ကစားခြင့္ေပးမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ခဲ့သလိုဝုဗ္ပရိသတ္မ်ားဟာလည္းယင္းဆုံးျဖတ္ခ်က္အေပၚေပါက္ကြဲခဲ့ၾကပါတယ္။

ဒါေပမယ့္ဒိုင္လူႀကီးကေမဆင္ဂရင္းဝုဒ္ရဲ႕ဂိုးကိုခြင့္ျပဳေပးခဲ့ကာမန္ယူဟာအိမ္ျပန္ခရီးမွာရမွတ္၃မွတ္အျပည့္ရခဲ့ပါတယ္။

ယင္းေနာက္ပရိသတ္မ်ားဟာေပါလ္ေပါ့ဘာအားပစ္မွတ္ထားကာ ‘လူလိမ္၊လူလိမ္၊လူလိမ္’ဟုေအာ္ဟစ္ခဲ့ၾကပါတယ္။

ယင္းသို႔ေအာ္ဟစ္ျခင္းခံခဲ့ရေပမယ့္ပြဲၿပီးခရာမႈတ္ၿပီးခ်ိန္တြင္ေပါလ္ေပါ့ဘာဟာဝုဗ္ပရိသတ္မ်ားရွိရာသို႔သြားကာလူ႔အက်ႌကိုခြၽတ္ၿပီးပရိသတ္တစ္ဦးအားေပးခဲ့ပါတယ္။ယင္းသို႔ေပါ့ဘာရဲ႕ျပဳမူမႈအေပၚဝုဗ္ပရိသတ္မ်ားကလက္ခုပ္တီးကာခ်ီးက်ဴးမႈျပဳလုပ္ခဲ့ၾကပါတယ္။

႐ူဘင္နီဗက္စ္အားဖ်က္ထုတ္မႈနဲ႔ပတ္သက္ၿပီးေပါ့ဘာက “သူ႔(နီဗက္စ္)ကိုမထိခဲ့ပါဘူး။ဒါကပရီးမီးယားလိဂ္ပါ။၅၀-၅၀ပါ။အပတ္စဥ္တိုင္းျဖစ္ေနၾကအရာေတြပါ”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာဝုဗ္အားအေဝးကြင္းမွာ၁-၀ဂိုးျဖင့္အႏိုင္ရရွိမႈနဲ႔အတူပရီးမီးယားလိဂ္သမိုင္းတြင္အေဝးကြင္း၂၈ပြဲဆက္ရႈံးပြဲမွတ္တမ္းသစ္ေရးထိုးႏိုင္ခဲ့ပါတယ္။