လူသတ်ရန်ကြိုးပမ်းမှုကြောင့် ထောင်နန်းစံရဖို့ သေချာနေတဲ့ အေဂျက်စ်စတားဟောင်း

အေဂျက်စ်စတားဟောင်းကွင်စီပရိုမက်စ်ဟာလူသတ်ရန်ကြိုးပမ်းမှု၊တိုက်ခိုက်မှုတို့ကြောင့်ထောင်နန်းစံရဖို့သေချာနေပြီဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်ဟာ၂၀၂၀ခုနှစ်၊ဇူလိုင်လတုန်းကမိသားစုတွေ့ဆုံပွဲတွင်ညီအစ်ကိုဝမ်းကွဲအားဓားဖြင့်ထိုးမှုကြောင့် ဒီဇင်ဘာလတွင်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

သူဟာ၂ရက်ကြာထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဒါပေမယ့်ရဲတပ်ဖွဲ့ကယင်းအမှုကိုဆက်လက်စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

ယခုအခါမှာတော့တရားရုံးတွင်သူ့ကိုစွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။ဒါပေမယ့်ဘယ်တော့ကြားနာစစ်ဆေးမယ်ဆိုတာမသိရပါသေးပါဘူး။

ပရိုမက်စ်ဟာ၂၀၂၀ခုနှစ်၊ဇူလိုင်လတုန်းကမိသားစုတွေ့ဆုံစားသောက်ပွဲကျင်းပခဲ့ပြီးအမျိုးသားမိသားစုဝင်တစ်ဦးနှင့်အချင်းများခဲ့ပါတယ်။သူဟာယင်းညီအစ်ကိုဝမ်းကွဲကိုဓားဖြင့်ထိုးခဲ့တဲ့အပြင်ဒဏ်ရာများစွာရရှိအောင်လည်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ပရိုမက်စ်ရဲ့ရှေ့နေကအခင်းဖြစ်ပွားချိန်တွင်ပရိုမက်စ်မှာယင်းနေရာတွင်ရှိမနေကြောင်းကြေညာခဲ့ပါတယ်။

ပရိုမက်စ်ဟာအေဂျက်စ်အတွက်ပွဲ၅၀ကစားခဲ့သူဖြစ်ပြီးယခုနှစ်ဖေဖော်ဝါရီလတုန်းကစပါးတပ်မော်စကိုသို့ပြောင်းခဲ့သူဖြစ်ပါတယ်။ဆီဗီလာကစားသမားဟောင်းဟာနယ်သာလန်အသင်းအတွက်ပွဲ၅၀ကစားထားသူဖြစ်ပြီးယူရို၂၀၂၀ပြိုင်ပွဲတွင်ပါဝင်ကစားခဲ့ပါတယ်။

ZawGyi

လူသတ္ရန္ႀကိဳးပမ္းမႈေၾကာင့္ ေထာင္နန္းစံရဖို႔ ေသခ်ာေနတဲ့ ေအဂ်က္စ္စတားေဟာင္း

ေအဂ်က္စ္စတားေဟာင္းကြင္စီပ႐ိုမက္စ္ဟာလူသတ္ရန္ႀကိဳးပမ္းမႈ၊တိုက္ခိုက္မႈတို႔ေၾကာင့္ေထာင္နန္းစံရဖို႔ေသခ်ာေနၿပီျဖစ္ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္ဟာ၂၀၂၀ခုႏွစ္၊ဇူလိုင္လတုန္းကမိသားစုေတြ႕ဆုံပြဲတြင္ညီအစ္ကိုဝမ္းကြဲအားဓားျဖင့္ထိုးမႈေၾကာင့္ ဒီဇင္ဘာလတြင္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

သူဟာ၂ရက္ၾကာထိန္းသိမ္းျခင္းခံခဲ့ရၿပီးေနာက္ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။ဒါေပမယ့္ရဲတပ္ဖြဲ႕ကယင္းအမႈကိုဆက္လက္စုံစမ္းစစ္ေဆးမႈျပဳလုပ္ခဲ့ပါတယ္။

ယခုအခါမွာေတာ့တရား႐ုံးတြင္သူ႔ကိုစြဲခ်က္တင္လိုက္ၿပီျဖစ္ပါတယ္။ဒါေပမယ့္ဘယ္ေတာ့ၾကားနာစစ္ေဆးမယ္ဆိုတာမသိရပါေသးပါဘူး။

ပ႐ိုမက္စ္ဟာ၂၀၂၀ခုႏွစ္၊ဇူလိုင္လတုန္းကမိသားစုေတြ႕ဆုံစားေသာက္ပြဲက်င္းပခဲ့ၿပီးအမ်ိဳးသားမိသားစုဝင္တစ္ဦးႏွင့္အခ်င္းမ်ားခဲ့ပါတယ္။သူဟာယင္းညီအစ္ကိုဝမ္းကြဲကိုဓားျဖင့္ထိုးခဲ့တဲ့အျပင္ဒဏ္ရာမ်ားစြာရရွိေအာင္လည္းတိုက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။

ပ႐ိုမက္စ္ရဲ႕ေရွ႕ေနကအခင္းျဖစ္ပြားခ်ိန္တြင္ပ႐ိုမက္စ္မွာယင္းေနရာတြင္ရွိမေနေၾကာင္းေၾကညာခဲ့ပါတယ္။

ပ႐ိုမက္စ္ဟာေအဂ်က္စ္အတြက္ပြဲ၅၀ကစားခဲ့သူျဖစ္ၿပီးယခုႏွစ္ေဖေဖာ္ဝါရီလတုန္းကစပါးတပ္ေမာ္စကိုသို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။ဆီဗီလာကစားသမားေဟာင္းဟာနယ္သာလန္အသင္းအတြက္ပြဲ၅၀ကစားထားသူျဖစ္ၿပီးယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ပါဝင္ကစားခဲ့ပါတယ္။