လူးကပ်စ်လေဗာကို အနိုင်ကျင့်ခဲ့တဲ့ အီဘရာဟီမိုဗစ်ကို ဘယ်လာဇီယိုကစားသမားမှ ရန်မမူရဲခဲ့

ဇလာတန်အီဘရာဟီမိုဗစ်ဟာမနေ့ညတုန်းကလာဇီယိုအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဒဏ်ရာမှပြန်လည်ကောင်းမွန်ပြီးပထမဆုံးပွဲအဖြစ်ဝင်ရောက်ကစားခဲ့ရာမှာခြေစွမ်းပြခဲ့တဲ့အပြင်လက်စွမ်းလည်းပြခဲ့ပါတယ်။

အသက်၃၉နှစ်ရှိအေစီမီလန်တိုက်စစ်မှူးဟာတနင်္ဂနွေနေ့ညတုန်းကလာဇီယိုပွဲစဉ်မှာရုန်းရင်ဆန်ခတ်ဖြစ်စဉ်တွင်အဓိကနေရာမှပါဝင်ခဲ့ပါတယ်။

သူဟာပွဲချိန်မိနစ်၆၀တွင်လူစားဝင်ရောက်ကစားပြီးနောက်၇မိနစ်အကြာမှာဘဲမီလန်အတွက်ဒုတိယအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ဆွီဒင်တိုက်စစ်မှူးဟာရီဘစ်ရဲ့အနိမ့်ဘောဖြတ်တင်ပေးမှုကနေအနီးကပ်ပိတ်သွင်းပြီးဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာလေးလကြာဒဏ်ရာမှအနားယူပြီးနောက်ပထမဆုံးပြန်ကစားနိုင်တဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့တာဖြစ်သလိုယင်းဂိုးကြောင့်စီးရီးအေသမိုင်းတွင်အသက်အကြီးဆုံးဂိုးသွင်းယူနိုင်သူဖြစ်ပါတယ်။

ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာတော့မန်ယူကစားသမားဟောင်းအီဘရာဟီမိုဗစ်နှင့်လီဗာပူးကစားသမားဟောင်းလူးကပ်စ်လေဗာတို့အကြားပြဿနာတက်ခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာသူ့ကိုဘောလုံးလုစဉ်ခန္ဓာကိုယ်ဖြင့်တွန်းခဲ့တဲ့လူးကပ်စ်လေဗာရဲ့လည်ပင်းကိုဆွဲကာဝှေ့ယမ်းခဲ့ပါတယ်။ယင်းနောက်အီဘရာဟီမိုဗစ်ကစကားအနည်းငယ်ပြောခဲ့ပါတယ်။လာဇီယိုကစားသမားများဟာလူးကပ်စ်လေဗာကိုအနိုင်ကျင့်မှုပြုလုပ်တဲ့အီဘရာဟီမိုဗစ်ကိုတစ်စုံတစ်ရာမပေါက်ကွဲရဲခဲ့တာတွေ့ရပါတယ်။

ဒါပေမယ့်အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးလာဇီယိုနည်းပြဆာရီအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ZawGyi

လူးကပ္စ္ေလဗာကို အႏိုင္က်င့္ခဲ့တဲ့ အီဘရာဟီမိုဗစ္ကို ဘယ္လာဇီယိုကစားသမားမွ ရန္မမူရဲခဲ့

ဇလာတန္အီဘရာဟီမိုဗစ္ဟာမေန႔ညတုန္းကလာဇီယိုအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဒဏ္ရာမွျပန္လည္ေကာင္းမြန္ၿပီးပထမဆုံးပြဲအျဖစ္ဝင္ေရာက္ကစားခဲ့ရာမွာေျခစြမ္းျပခဲ့တဲ့အျပင္လက္စြမ္းလည္းျပခဲ့ပါတယ္။

အသက္၃၉ႏွစ္ရွိေအစီမီလန္တိုက္စစ္မႉးဟာတနဂၤေႏြေန႔ညတုန္းကလာဇီယိုပြဲစဥ္မွာ႐ုန္းရင္ဆန္ခတ္ျဖစ္စဥ္တြင္အဓိကေနရာမွပါဝင္ခဲ့ပါတယ္။

သူဟာပြဲခ်ိန္မိနစ္၆၀တြင္လူစားဝင္ေရာက္ကစားၿပီးေနာက္၇မိနစ္အၾကာမွာဘဲမီလန္အတြက္ဒုတိယအႏိုင္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။ဆြီဒင္တိုက္စစ္မႉးဟာရီဘစ္ရဲ႕အနိမ့္ေဘာျဖတ္တင္ေပးမႈကေနအနီးကပ္ပိတ္သြင္းၿပီးဂိုးသြင္းခဲ့တာျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ဟာေလးလၾကာဒဏ္ရာမွအနားယူၿပီးေနာက္ပထမဆုံးျပန္ကစားႏိုင္တဲ့ပြဲမွာဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္သလိုယင္းဂိုးေၾကာင့္စီးရီးေအသမိုင္းတြင္အသက္အႀကီးဆုံးဂိုးသြင္းယူႏိုင္သူျဖစ္ပါတယ္။

ပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုမွာေတာ့မန္ယူကစားသမားေဟာင္းအီဘရာဟီမိုဗစ္ႏွင့္လီဗာပူးကစားသမားေဟာင္းလူးကပ္စ္ေလဗာတို႔အၾကားျပႆနာတက္ခဲ့ပါတယ္။

အီဘရာဟီမိုဗစ္ဟာသူ႔ကိုေဘာလုံးလုစဥ္ခႏၶာကိုယ္ျဖင့္တြန္းခဲ့တဲ့လူးကပ္စ္ေလဗာရဲ႕လည္ပင္းကိုဆြဲကာေဝွ႔ယမ္းခဲ့ပါတယ္။ယင္းေနာက္အီဘရာဟီမိုဗစ္ကစကားအနည္းငယ္ေျပာခဲ့ပါတယ္။လာဇီယိုကစားသမားမ်ားဟာလူးကပ္စ္ေလဗာကိုအႏိုင္က်င့္မႈျပဳလုပ္တဲ့အီဘရာဟီမိုဗစ္ကိုတစ္စုံတစ္ရာမေပါက္ကြဲရဲခဲ့တာေတြ႕ရပါတယ္။

ဒါေပမယ့္အနည္းငယ္႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၿပီးလာဇီယိုနည္းျပဆာရီအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။