လူးဝစ်ဆွာရက်ဇ်မိတ်ဆက်ပွဲသို့ ဂရီမီယိုပရိသတ် ၃၀၀၀၀ တက်ရောက်ကြိုဆိုခဲ့ကြ

လူးဝစ်ဆွာရက်ဇ်ရဲ့ဂရီမီယိုကစားသမားသစ်အဖြစ်မိတ်ဆက်ပွဲကို ပရိသတ်၃၀၀၀၀အထိတက်ရောက်ခဲ့ကြပါတယ်။

လီဗာပူးနှင့်ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီကစားသမားဘဝစတင်ရာဥရုဂွေးကလပ်နေစီယွန်နယ်မှထွက်ခွာလာခဲ့သူဖြစ်ပါတယ်။

သူဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ခရစ္စမတ်နှင့်နှစ်သစ်ကူးကာလတို့ကိုအာဂျင်တီးနားတွင်သူငယ်ချင်းဖြစ်သူလီယွန်နယ်မက်ဆီမိသားစုနှင့်အတူဖြတ်သန်းပြီးနောက် ပြီးခဲ့တဲ့အပတ်တုန်းကဂရီမီယိုနှင့်စာချုပ်ချုပ်ဆိုလိုက်ကြောင်းကြေညာခဲ့ပါတယ်။

ယနေ့မှာတော့ဂရီမီယိုဟာလူးဝစ်ဆွာရက်ဇ်ကိုကစားသမားအဖြစ်မိတ်ဆက်လာပြီဖြစ်ပါတယ်။

လူးဝစ်ဆွာရက်ဇ်ရဲ့ကစားသမားသစ်အဖြစ်မိတ်ဆက်ပွဲသို့ဂရီမီယိုပရိသတ်၃၀၀၀၀အထိတက်ရောက်ခဲ့ပါတယ်။

အသက်၃၅နှစ်ရှိလူးဝစ်ဆွာရက်ဇ် ဥမင်လှိုဏ်ခေါင်းမှ ကွင်းသို့အတွင်းထွက်လာချိန်တွင်ဂရီမီယိုပရိသတ်များဟာအကြီးအကျယ်စိတ်လှုပ်ရှားကာကျယ်လောင်စွာအော်ဟစ်အားပေးခဲ့ကြပါတယ်။

လူးဝစ်ဆွာရက်ဇ်ဟာဂရီမီယိုပရိသတ်များရဲ့စိတ်လှုပ်ရှားဖွယ်ကြိုဆိုမှုကြောင့်အကြီးအကျယ်ပီတိဖြစ်နေပါတယ်။

လူးဝစ်ဆွာရက်ဇ်ဟာနေစီယွန်နယ်တွင်ကစားသမားဘဝစတင်ပြီးနောက်ဥရောပကစားသမားဘဝကိုနယ်သာလန်ရှိဂရိုနင်ဂျင်၊အေဂျက်စ်တို့တွင်စတင်ပြီးလီဗာပူး၊ဘာစီလိုနာနှင့်အက်သလက်တီကိုတို့တွင်ကစားခဲ့ပါတယ်။

ZawGyi

လူးဝစ္ဆြာရက္ဇ္မိတ္ဆက္ပြဲသို႔ ဂရီမီယိုပရိသတ္ ၃၀၀၀၀ တက္ေရာက္ႀကိဳဆိုခဲ့ၾက

လူးဝစ္ဆြာရက္ဇ္ရဲ႕ဂရီမီယိုကစားသမားသစ္အျဖစ္မိတ္ဆက္ပြဲကို ပရိသတ္၃၀၀၀၀အထိတက္ေရာက္ခဲ့ၾကပါတယ္။

လီဗာပူးႏွင့္ဘာစီလိုနာတိုက္စစ္မႉးေဟာင္းဟာကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီကစားသမားဘဝစတင္ရာဥ႐ုေဂြးကလပ္ေနစီယြန္နယ္မွထြက္ခြာလာခဲ့သူျဖစ္ပါတယ္။

သူဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ခရစၥမတ္ႏွင့္ႏွစ္သစ္ကူးကာလတို႔ကိုအာဂ်င္တီးနားတြင္သူငယ္ခ်င္းျဖစ္သူလီယြန္နယ္မက္ဆီမိသားစုႏွင့္အတူျဖတ္သန္းၿပီးေနာက္ ၿပီးခဲ့တဲ့အပတ္တုန္းကဂရီမီယိုႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ေၾကာင္းေၾကညာခဲ့ပါတယ္။

ယေန႔မွာေတာ့ဂရီမီယိုဟာလူးဝစ္ဆြာရက္ဇ္ကိုကစားသမားအျဖစ္မိတ္ဆက္လာၿပီျဖစ္ပါတယ္။

လူးဝစ္ဆြာရက္ဇ္ရဲ႕ကစားသမားသစ္အျဖစ္မိတ္ဆက္ပြဲသို႔ဂရီမီယိုပရိသတ္၃၀၀၀၀အထိတက္ေရာက္ခဲ့ပါတယ္။

အသက္၃၅ႏွစ္ရွိလူးဝစ္ဆြာရက္ဇ္ ဥမင္လႈိဏ္ေခါင္းမွ ကြင္းသို႔အတြင္းထြက္လာခ်ိန္တြင္ဂရီမီယိုပရိသတ္မ်ားဟာအႀကီးအက်ယ္စိတ္လႈပ္ရွားကာက်ယ္ေလာင္စြာေအာ္ဟစ္အားေပးခဲ့ၾကပါတယ္။

လူးဝစ္ဆြာရက္ဇ္ဟာဂရီမီယိုပရိသတ္မ်ားရဲ႕စိတ္လႈပ္ရွားဖြယ္ႀကိဳဆိုမႈေၾကာင့္အႀကီးအက်ယ္ပီတိျဖစ္ေနပါတယ္။

လူးဝစ္ဆြာရက္ဇ္ဟာေနစီယြန္နယ္တြင္ကစားသမားဘဝစတင္ၿပီးေနာက္ဥေရာပကစားသမားဘဝကိုနယ္သာလန္ရွိဂ႐ိုနင္ဂ်င္၊ေအဂ်က္စ္တို႔တြင္စတင္ၿပီးလီဗာပူး၊ဘာစီလိုနာႏွင့္အက္သလက္တီကိုတို႔တြင္ကစားခဲ့ပါတယ္။