လူးဝစ်ဖီဂိုရဲ့ဘာစီလိုနာမှ ရီးရဲလ်မက်ဒရစ်သို့ အငြင်းပွားဖွယ်အပြောင်းအရွှေ့ မှတ်တမ်းရုပ်ရှင်ထွက်လာမည်

Netflix ဟာဘောလုံးလောကရဲ့အငြင်းပွားဖွယ်အပြောင်းအရွှေ့များထဲမှတစ်ခုဖြစ်တဲ့လူးဝစ်ဖီဂိုရဲ့ဘာစီလိုနာမှရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့မှုအားမှတ်တမ်းရုပ်ရှင်ထုတ်လွှင့်လာပါမယ်။

ယင်းမှတ်တမ်းရုပ်ရှင်ကို El Caso Figo လို့အမည်ပေးထားပါတယ်။အင်္ဂလိပ်လိုဆိုရင် The Figo Affair ဖြစ်ပါတယ်။ယင်းမှတ်တမ်းရုပ်ရှင်တွင်ဘောလုံးသမိုင်းတွင်အငြင်းပွားဖွယ်အကောင်းဆုံးအပြောင်းအရွှေ့နှင့်ပတ်သက်ပြီးပရိသတ်များရဲ့အမြင်ကိုလည်းထည့်သွင်းလာပါမယ်။

ဒါ့အပြင်ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်၊မန်စီးတီးနည်းပြနှင့်ဘာစီလိုနာနည်းပြဟောင်းဂွါဒီယိုလာတို့ရဲ့အင်တာဗျူးလည်းပါဝင်ပါမယ်။

ယင်းမှတ်တမ်းရုပ်ရှင်ရဲ့အဓိကဇာတ်ကောင်ဖြစ်လာမယ့်လူးဝစ်ဖီဂိုက ယင်းအပြောင်းအရွှေ့နှင့်ပတ်သက်ပြီးပရိသတ်များမသိသေးတဲ့နောက်ကွယ်မှအသေးစိတ်အချက်အလက်များကိုလည်းပြောကြားလာပါမယ်။

ယင်းမှတ်တမ်းရုပ်ရှင်ကို Pitch Production ရဲ့ဒါရိုက်တာများဖြစ်ကြတဲ့ဒေးဗစ်ထရိုင်ဟွန်းနှင့်ဘင်နီကိုလပ်စ်တို့ကဖန်တီးလာပါမယ်။ Pitch Production ဟာယခင်တုန်းက Netflix ရဲ့ပီလီအတ္ထုပ္ပတ္တိကိုလည်းဖန်တီးခဲ့ပါတယ်။

ယခု၎င်းတို့ဟာ Netflix နှင့်ပူးပေါင်းကာ ဖီဂိုရဲ့ဘောလုံးသမိုင်းတွင် အငြင်းပွားစရာအကောင်းဆုံးအပြောင်းအရွှေ့ကိုမှတ်တမ်းရုပ်ရှင်အဖြစ်တင်ပြလာမှာလည်းဖြစ်ပါတယ်။

လူးဝစ်ဖီဂိုဟာဘာစီလိုနာမှခါးသီးတဲ့ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားပြီးနောက် နူးကမ့်တွင်ဘာစီလိုနာနှင့်ရင်ဆိုင်ရတဲ့ပထမဆုံးပွဲတွင်ဝက်ခေါင်းပြတ်ဖြင့်ပစ်ပေါက်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

El Caso Figo ကိုဩဂုတ်လ၂၅ရက်နေ့တွင်ထုတ်လွှင့်လာမှာလည်းဖြစ်ပါတယ်။

ZawGyi

လူးဝစ္ဖီဂိုရဲ႕ဘာစီလိုနာမွ ရီးရဲလ္မက္ဒရစ္သို႔ အျငင္းပြားဖြယ္အေျပာင္းအေ႐ႊ႕ မွတ္တမ္း႐ုပ္ရွင္ထြက္လာမည္

Netflix ဟာေဘာလုံးေလာကရဲ႕အျငင္းပြားဖြယ္အေျပာင္းအေ႐ႊ႕မ်ားထဲမွတစ္ခုျဖစ္တဲ့လူးဝစ္ဖီဂိုရဲ႕ဘာစီလိုနာမွရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕မႈအားမွတ္တမ္း႐ုပ္ရွင္ထုတ္လႊင့္လာပါမယ္။

ယင္းမွတ္တမ္း႐ုပ္ရွင္ကို El Caso Figo လို႔အမည္ေပးထားပါတယ္။အဂၤလိပ္လိုဆိုရင္ The Figo Affair ျဖစ္ပါတယ္။ယင္းမွတ္တမ္း႐ုပ္ရွင္တြင္ေဘာလုံးသမိုင္းတြင္အျငင္းပြားဖြယ္အေကာင္းဆုံးအေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီးပရိသတ္မ်ားရဲ႕အျမင္ကိုလည္းထည့္သြင္းလာပါမယ္။

ဒါ့အျပင္ရီးရဲလ္မက္ဒရစ္ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္၊မန္စီးတီးနည္းျပႏွင့္ဘာစီလိုနာနည္းျပေဟာင္းဂြါဒီယိုလာတို႔ရဲ႕အင္တာဗ်ဴးလည္းပါဝင္ပါမယ္။

ယင္းမွတ္တမ္း႐ုပ္ရွင္ရဲ႕အဓိကဇာတ္ေကာင္ျဖစ္လာမယ့္လူးဝစ္ဖီဂိုက ယင္းအေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီးပရိသတ္မ်ားမသိေသးတဲ့ေနာက္ကြယ္မွအေသးစိတ္အခ်က္အလက္မ်ားကိုလည္းေျပာၾကားလာပါမယ္။

ယင္းမွတ္တမ္း႐ုပ္ရွင္ကို Pitch Production ရဲ႕ဒါ႐ိုက္တာမ်ားျဖစ္ၾကတဲ့ေဒးဗစ္ထ႐ိုင္ဟြန္းႏွင့္ဘင္နီကိုလပ္စ္တို႔ကဖန္တီးလာပါမယ္။ Pitch Production ဟာယခင္တုန္းက Netflix ရဲ႕ပီလီအတၳဳပၸတၱိကိုလည္းဖန္တီးခဲ့ပါတယ္။

ယခု၎တို႔ဟာ Netflix ႏွင့္ပူးေပါင္းကာ ဖီဂိုရဲ႕ေဘာလုံးသမိုင္းတြင္ အျငင္းပြားစရာအေကာင္းဆုံးအေျပာင္းအေ႐ႊ႕ကိုမွတ္တမ္း႐ုပ္ရွင္အျဖစ္တင္ျပလာမွာလည္းျဖစ္ပါတယ္။

လူးဝစ္ဖီဂိုဟာဘာစီလိုနာမွခါးသီးတဲ့ၿပိဳင္ဘက္ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕သြားၿပီးေနာက္ ႏူးကမ့္တြင္ဘာစီလိုနာႏွင့္ရင္ဆိုင္ရတဲ့ပထမဆုံးပြဲတြင္ဝက္ေခါင္းျပတ္ျဖင့္ပစ္ေပါက္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

El Caso Figo ကိုဩဂုတ္လ၂၅ရက္ေန႔တြင္ထုတ္လႊင့္လာမွာလည္းျဖစ္ပါတယ္။