လေဆိပ်အနီးတွင် စစ်ကျန်ဗုံးတွေ့မှုကြောင့် ဘရီမင်တွင် ဘိုင်ယန်ပိတ်မိနေခဲ့

ဘိုင်ယန်မြူးနစ်ဟာဘရီမင်လေဆိပ်အနီးတွင်ဒုတိယကမ္ဘာစစ်ကျန် မပေါက်သေးတဲ့ဗုံးတစ်လုံးတွေ့ရှိမှုကြောင့်ဘရီမင်တို့ပိတ်မိနေခဲ့ပြီးမြူးနစ်သို့အပြန်နောက်ကျခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာဗုဒ္ဓဟူးနေ့တုန်းကဘရီမင်သို့သွားရောက်ကာဘရီမာအက်စ်ဗွီနှင့်ဂျာမန်ပိုကယ်ဖလားရှုံးပွဲသွားရောက်ကစားခဲ့ရပါတယ်။ယင်းပွဲမှာဘိုင်ယန်မြူးနစ်ဟာ၁၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့်ဘိုင်ယန်မြူးနစ်ဟာဘရီမင်လေဆိပ်အနီးတွင်သက်တမ်းနှစ်၇၀သက်တမ်းရှိ ဒုတိယကမ္ဘာစစ်လက်ကျန်မပေါက်ကွဲသေးတဲ့ဗုံးတစ်လုံးတွေ့ရှိမှုနဲ့အတူပိတ်မိနေခဲ့ပါတယ်။

၅၀၀ကီလိုဂရမ်လေးတဲ့ဒုတိယကမ္ဘာ့စစ်ကျန်ဗုံးမှာဒုတိယကမ္ဘာစစ်တုန်းကအမေရိကန်ကြဲခဲ့တဲ့ဗုံးတစ်လုံးလို့ယူဆရပါတယ်။

အဆိုပါဗုံးကိုဟီဘန်ဟူဆန်ဧရိယာတွင်တွေ့ရှိခဲ့တာပါ။ယင်းဗုံးကိုကြာသပတေးနေ့နံနက်ပိုင်းတွင်စနစ်တံဖြုတ်ရန်ကြိုးပမ်းခဲ့ပါတယ်။ဒါကြောင့်လည်းဘိုင်ယန်မြူးနစ်အသင်းသားများဟာမြူးနစ်သို့မပြန်နိုင်ဘဲအသင်းတည်းခိုရာဟိုတယ်တွင်ပင်စောင့်ဆိုင်းနေခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာစနေနေ့မှာဟာသာဘာလင်အားအိမ်ကွင်းမှာဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ်ဧည့်ခံကစားရပါမယ်။

ZawGyi

ေလဆိပ္အနီးတြင္ စစ္က်န္ဗုံးေတြ႕မႈေၾကာင့္ ဘရီမင္တြင္ ဘိုင္ယန္ပိတ္မိေနခဲ့

ဘိုင္ယန္ျမဴးနစ္ဟာဘရီမင္ေလဆိပ္အနီးတြင္ဒုတိယကမာၻစစ္က်န္ မေပါက္ေသးတဲ့ဗုံးတစ္လုံးေတြ႕ရွိမႈေၾကာင့္ဘရီမင္တို႔ပိတ္မိေနခဲ့ၿပီးျမဴးနစ္သို႔အျပန္ေနာက္က်ခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာဗုဒၶဟူးေန႔တုန္းကဘရီမင္သို႔သြားေရာက္ကာဘရီမာအက္စ္ဗြီႏွင့္ဂ်ာမန္ပိုကယ္ဖလားရႈံးပြဲသြားေရာက္ကစားခဲ့ရပါတယ္။ယင္းပြဲမွာဘိုင္ယန္ျမဴးနစ္ဟာ၁၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဒါေပမယ့္ဘိုင္ယန္ျမဴးနစ္ဟာဘရီမင္ေလဆိပ္အနီးတြင္သက္တမ္းႏွစ္၇၀သက္တမ္းရွိ ဒုတိယကမာၻစစ္လက္က်န္မေပါက္ကြဲေသးတဲ့ဗုံးတစ္လုံးေတြ႕ရွိမႈနဲ႔အတူပိတ္မိေနခဲ့ပါတယ္။

၅၀၀ကီလိုဂရမ္ေလးတဲ့ဒုတိယကမာၻ႔စစ္က်န္ဗုံးမွာဒုတိယကမာၻစစ္တုန္းကအေမရိကန္ႀကဲခဲ့တဲ့ဗုံးတစ္လုံးလို႔ယူဆရပါတယ္။

အဆိုပါဗုံးကိုဟီဘန္ဟူဆန္ဧရိယာတြင္ေတြ႕ရွိခဲ့တာပါ။ယင္းဗုံးကိုၾကာသပေတးေန႔နံနက္ပိုင္းတြင္စနစ္တံျဖဳတ္ရန္ႀကိဳးပမ္းခဲ့ပါတယ္။ဒါေၾကာင့္လည္းဘိုင္ယန္ျမဴးနစ္အသင္းသားမ်ားဟာျမဴးနစ္သို႔မျပန္ႏိုင္ဘဲအသင္းတည္းခိုရာဟိုတယ္တြင္ပင္ေစာင့္ဆိုင္းေနခဲ့ရပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာစေနေန႔မွာဟာသာဘာလင္အားအိမ္ကြင္းမွာဘြန္ဒက္စ္လီဂါပြဲစဥ္အျဖစ္ဧည့္ခံကစားရပါမယ္။