လေဗာကူဆင်နည်းပြဘဝကို အနိုင်ဖြင့် စတင်နိုင်ခဲ့တဲ့ အလွန်ဆို

လီဗာပူးနှင့်ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်းဇာဘီးအလွန်ဆိုဟာလေဗာကူဆင်နည်းပြဘဝကိုနိုင်ပွဲဖြင့်စတင်နိုင်ခဲ့ပါတယ်။ဇာဘီးအလွန်ဆိုဟာစီနီယာအသင်းပထမဆုံးနည်းပြတဲ့ပွဲအဖြစ်မနေ့ညတုန်းကရှော်လ်ကေးနှင့်ဘွန်ဒက်စ်လီဂါပွဲစဉ်တွင်၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အသက်၄၀နှစ်ရှိဇာဘီးအလွန်ဆိုဟာယခင်တုန်းကဆိုစီဒက်(ခ)အသင်းကိုကိုင်တွယ်ခဲ့သူဖြစ်ပြီးဗုဒ္ဓဟူးနေ့တုန်းကလေဗာကူဆင်နည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

မနေ့ညတုန်းကရှော်လ်ကေးနှင့်ပွဲစဉ်တွင်လေဗာကူဆင်အတွက်အနိုင်ဂိုးများကိုဒီယာဘီ၊ဖရင်းပေါင်(၂ဂိုး)၊ဖယ်ဟိုတို့ကသွင်းယူပေးသွားခဲ့ကြပါတယ်။

လေဗာကူဆင်အတွက်ရှော်လ်ကေးနိုင်ပွဲမှာယခုရာသီဒုတိယမြောက်နိုင်ပွဲဖြစ်ပြီးယင်းနိုင်ပွဲကြောင့်ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအဆင့်၁၄နေရာသို့တက်လှမ်းလာနိုင်ပါတယ်။

ZawGyi

ေလဗာကူဆင္နည္းျပဘဝကို အႏိုင္ျဖင့္ စတင္ႏိုင္ခဲ့တဲ့ အလြန္ဆို

လီဗာပူးႏွင့္ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားေဟာင္းဇာဘီးအလြန္ဆိုဟာေလဗာကူဆင္နည္းျပဘဝကိုႏိုင္ပြဲျဖင့္စတင္ႏိုင္ခဲ့ပါတယ္။ဇာဘီးအလြန္ဆိုဟာစီနီယာအသင္းပထမဆုံးနည္းျပတဲ့ပြဲအျဖစ္မေန႔ညတုန္းကေရွာ္လ္ေကးႏွင့္ဘြန္ဒက္စ္လီဂါပြဲစဥ္တြင္၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အသက္၄၀ႏွစ္ရွိဇာဘီးအလြန္ဆိုဟာယခင္တုန္းကဆိုစီဒက္(ခ)အသင္းကိုကိုင္တြယ္ခဲ့သူျဖစ္ၿပီးဗုဒၶဟူးေန႔တုန္းကေလဗာကူဆင္နည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

မေန႔ညတုန္းကေရွာ္လ္ေကးႏွင့္ပြဲစဥ္တြင္ေလဗာကူဆင္အတြက္အႏိုင္ဂိုးမ်ားကိုဒီယာဘီ၊ဖရင္းေပါင္(၂ဂိုး)၊ဖယ္ဟိုတို႔ကသြင္းယူေပးသြားခဲ့ၾကပါတယ္။

ေလဗာကူဆင္အတြက္ေရွာ္လ္ေကးႏိုင္ပြဲမွာယခုရာသီဒုတိယေျမာက္ႏိုင္ပြဲျဖစ္ၿပီးယင္းႏိုင္ပြဲေၾကာင့္ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားအဆင့္၁၄ေနရာသို႔တက္လွမ္းလာႏိုင္ပါတယ္။