လေဗာကူဆင်နည်းပြသစ်အဖြစ် လီဗာပူးစတားဟောင်းအလွန်ဆိုခန့်အပ်ခြင်းခံရ

လီဗာပူး၊ရီးရဲလ်မက်ဒရစ်နှင့်ဘိုင်ယန်မြူးနစ်နည်းပြဟောင်းဇာဘီးအလွန်ဆိုဟာလေဗာကူဆင်နည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံလာရပါတယ်။

လေဗာကူဆင်ဟာယခုရာသီတွင်ဘွန်ဒက်စ်လီဂါတွင်နိုင်ပွဲတစ်ပွဲတည်းသာရရှိပြီးနောက်နည်းပြဂီရာဒိုဆီအိုအာနီကိုထုတ်ပယ်လိုက်ပြီးနောက် အလွန်ဆိုကို၂၀၂၄ခုနှစ်နွေရာသီအထိစာချုပ်ဖြင့်ခန့်အပ်လာတာလည်းဖြစ်ပါတယ်။

အလွန်ဆိုဟာဆိုစီဒက်(ခ)အသင်းကိုကိုင်တွယ်လာသူဖြစ်ပြီးနည်းပြဘဝတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်စီနီယာအသင်းကိုကိုင်တွယ်ခွင့်ရလာတာလည်းဖြစ်ပါတယ်။

အသက်၄၀နှစ်ရှိအလွန်ဆိုက “ဂျာမနီမှာကစားကတည်းကလေဗာကူဆင်ကိုအရမ်းကောင်းတဲ့ကလပ်ဆိုတာသိထားပြီးသားပါ။ဒီကလပ်ကကစားသမားကောင်းတွေအမြဲပိုင်ဆိုင်လာတဲ့အသင်းဖြစ်ပါတယ်။အခုအသင်းကလည်းအရည်အသွေးတွေအများကြီးရှိတယ်။ကလပ်နဲ့ဆွေးနွေးပြီးတဲ့နောက်အခုအချိန်မှာခက်ခဲတဲ့ကာလဖြတ်ကျော်ရပေမဲ့ရည်မှန်းချက်တွေဖြစ်မြောက်လာနိုင်သေးတာရှင်းရှင်းလင်းလင်းသိခွင့်ရလာပါတယ်”လို့ ပြောကြားသွားပါတယ်။

အလွန်ဆိုဟာဆိုစီဒက်(ခ)အသင်းကိုသုံးနှစ်တိုင်တိုင်ကိုင်တွယ်လာခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်တွင်သုံးရာသီကြာကစားခဲ့စဉ်အတွင်းဘွန်ဒက်စ်လီဂါဖလားသုံးကြိမ်ရရှိခဲ့သလိုလီဗာပူး၊ရီးရဲလ်မက်ဒရစ်တို့နှင့်အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့ပါတယ်။

သူဟာစပိန်အသင်းနှင့်အတူယူရို၂၀၀၈၊ယူရို၂၀၁၂နှင့်၂၀၁၀ကမ္ဘာ့ဖလားတို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ေလဗာကူဆင္နည္းျပသစ္အျဖစ္ လီဗာပူးစတားေဟာင္းအလြန္ဆိုခန႔္အပ္ျခင္းခံရ

လီဗာပူး၊ရီးရဲလ္မက္ဒရစ္ႏွင့္ဘိုင္ယန္ျမဴးနစ္နည္းျပေဟာင္းဇာဘီးအလြန္ဆိုဟာေလဗာကူဆင္နည္းျပသစ္အျဖစ္ခန႔္အပ္ျခင္းခံလာရပါတယ္။

ေလဗာကူဆင္ဟာယခုရာသီတြင္ဘြန္ဒက္စ္လီဂါတြင္ႏိုင္ပြဲတစ္ပြဲတည္းသာရရွိၿပီးေနာက္နည္းျပဂီရာဒိုဆီအိုအာနီကိုထုတ္ပယ္လိုက္ၿပီးေနာက္ အလြန္ဆိုကို၂၀၂၄ခုႏွစ္ေႏြရာသီအထိစာခ်ဳပ္ျဖင့္ခန႔္အပ္လာတာလည္းျဖစ္ပါတယ္။

အလြန္ဆိုဟာဆိုစီဒက္(ခ)အသင္းကိုကိုင္တြယ္လာသူျဖစ္ၿပီးနည္းျပဘဝတစ္ေလွ်ာက္ပထမဆုံးအႀကိမ္အျဖစ္စီနီယာအသင္းကိုကိုင္တြယ္ခြင့္ရလာတာလည္းျဖစ္ပါတယ္။

အသက္၄၀ႏွစ္ရွိအလြန္ဆိုက “ဂ်ာမနီမွာကစားကတည္းကေလဗာကူဆင္ကိုအရမ္းေကာင္းတဲ့ကလပ္ဆိုတာသိထားၿပီးသားပါ။ဒီကလပ္ကကစားသမားေကာင္းေတြအၿမဲပိုင္ဆိုင္လာတဲ့အသင္းျဖစ္ပါတယ္။အခုအသင္းကလည္းအရည္အေသြးေတြအမ်ားႀကီးရွိတယ္။ကလပ္နဲ႔ေဆြးေႏြးၿပီးတဲ့ေနာက္အခုအခ်ိန္မွာခက္ခဲတဲ့ကာလျဖတ္ေက်ာ္ရေပမဲ့ရည္မွန္းခ်က္ေတြျဖစ္ေျမာက္လာႏိုင္ေသးတာရွင္းရွင္းလင္းလင္းသိခြင့္ရလာပါတယ္”လို႔ ေျပာၾကားသြားပါတယ္။

အလြန္ဆိုဟာဆိုစီဒက္(ခ)အသင္းကိုသုံးႏွစ္တိုင္တိုင္ကိုင္တြယ္လာခဲ့သူျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္တြင္သုံးရာသီၾကာကစားခဲ့စဥ္အတြင္းဘြန္ဒက္စ္လီဂါဖလားသုံးႀကိမ္ရရွိခဲ့သလိုလီဗာပူး၊ရီးရဲလ္မက္ဒရစ္တို႔ႏွင့္အတူ ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးခဲ့ပါတယ္။

သူဟာစပိန္အသင္းႏွင့္အတူယူ႐ို၂၀၀၈၊ယူ႐ို၂၀၁၂ႏွင့္၂၀၁၀ကမာၻ႔ဖလားတို႔ဆြတ္ခူးႏိုင္ခဲ့ပါတယ္။