လေဗာကူဆင်သို့ သုံးနှစ်ခွဲစာချုပ်ဖြင့် မန်ယူပါရမီရှင်နောက်ခံလူပြောင်းရွှေ့

မန်ယူရဲ့နယ်သာလန်လက်ရွေးစင်နောက်ခံလူတီမိုသီဖိုဆူမန်ဆာဟာလေဗာကူဆင်သို့သုံးနှစ်ခွဲစာချုပ်ဖြင့်ပြောင်း ရွှေ့သွားခဲ့ပါတယ်။

အသက်၂၃နှစ်ရှိကစားသမားဟာအေဂျက်စ်တွင်ကစားသမားဘဝစတင်ခဲ့သူဖြစ်ပြီး၂၀၁၄ခုနှစ်တွင်မန်ယူအကယ်ဒမီသို့ပြောင်းခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်မှာလေဗာကူဆင်နှင့်မန်ယူတို့ကမန်ဆာရဲ့ပြောင်းရွှေ့ကြေးကိုကြေညာသွားခဲ့ခြင်းမရှိပေမယ့်ပေါင်၁.၈သန်းဝန်းကျင်ဖြစ်လာဖို့ရှိတယ်လို့သိရပါတယ်။

လေဗာကူဆင်ဟာဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားမှာအဆင့်၃နေရာမှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။

ZawGyi




သူဟာမန်ယူအတွက်၂၀၁၆ခုနှစ်မှာပထမဆုံးပွဲကိုကစားခွင့်ရရှိခဲ့ပြီးမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်တွင်ပွဲ၃၀ကစားခွင့် ရရှိခဲ့ပါတယ်။နောက်တန်းတွင်နေရာစုံမှာကစားနိုင်တဲ့မန်ဆာဟာမန်ယူတွင်ကစားစဉ်အတွင်းခရစ္စတယ်ပဲလေ့စ်၊ ဖူလ်ဟမ်အသင်းများသို့အငှားဖြင့်ပြောင်းကစားခဲ့သူလည်းဖြစ်ပါတယ်။

