လောင်းကစားကုမ္ပဏီတွင်ပါဝင်မှုကြောင့် အီဘရာဟီမိုဗစ် ယူရို၅၀၀၀၀ ဒဏ်ရိုက်ခံရ

ယူအီးအက်ဖ်အေဟာအေစီမီလန်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်အားလောင်းကစားကုမ္ပဏီတစ်ခုနှင့်ပတ်သက်နေမှုအတွက်ယူရို၅၀၀၀၀ဒဏ်ရိုက်လိုက်ပြီးအေစီမီလန်ကိုလည်းယူရို၂၅၀၀၀ဒဏ်ရိုက်ခဲ့ပါတယ်။

ဆွီဒင်တိုက်စစ်မှူးဟာမော်တာအခြေစိုက်လောင်းကစားဝက်ဘ်ဆိုက် Bethard တွင်ရှယ်ယာ၁၀ရာခိုင်နှုန်းပိုင်ဆိုင်ထားပါတယ်။

ယူအီးအက်ဖ်အေဟာပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်းကတည်းကအီဘရာဟီမိုဗစ်ရဲ့ဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက်ယူရို၅၀၀၀၀ဒဏ်ရိုက်လိုက်ပြီဖြစ်ပါတယ်။

အသက်၃၉နှစ်ရှိအီဘရာဟီမိုဗစ်ဟာစီးရီးအေရာသီနှောင်းပိုင်းတွင်ဒူးဒဏ်ရာရရှိခဲ့မှုကြောင့်ဆွီဒင်ရဲ့ယူရို၂၀၂၀ပြိုင်ပွဲတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

သူဟာ၂၀၂၀-၂၁ဘောလုံးရာသီတုန်းကအေစီမီလန်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၇ဂိုးသွင်းယူကာအေစီမီလန်ကိုအမှတ်ပေးဇယားအဆင့်၂နေရာတွင်ရပ်တည်နိုင်အောင်ကူညီခဲ့ပါတယ်။

ZawGyi

ေလာင္းကစားကုမၸဏီတြင္ပါဝင္မႈေၾကာင့္ အီဘရာဟီမိုဗစ္ ယူ႐ို၅၀၀၀၀ ဒဏ္႐ိုက္ခံရ

ယူအီးအက္ဖ္ေအဟာေအစီမီလန္တိုက္စစ္မႉးဇလာတန္အီဘရာဟီမိုဗစ္အားေလာင္းကစားကုမၸဏီတစ္ခုႏွင့္ပတ္သက္ေနမႈအတြက္ယူ႐ို၅၀၀၀၀ဒဏ္႐ိုက္လိုက္ၿပီးေအစီမီလန္ကိုလည္းယူ႐ို၂၅၀၀၀ဒဏ္႐ိုက္ခဲ့ပါတယ္။

ဆြီဒင္တိုက္စစ္မႉးဟာေမာ္တာအေျခစိုက္ေလာင္းကစားဝက္ဘ္ဆိုက္ Bethard တြင္ရွယ္ယာ၁၀ရာခိုင္ႏႈန္းပိုင္ဆိုင္ထားပါတယ္။

ယူအီးအက္ဖ္ေအဟာၿပီးခဲ့တဲ့ဧၿပီလေႏွာင္းပိုင္းကတည္းကအီဘရာဟီမိုဗစ္ရဲ႕ျဖစ္ရပ္ကိုစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ၿပီးေနာက္ယူ႐ို၅၀၀၀၀ဒဏ္႐ိုက္လိုက္ၿပီျဖစ္ပါတယ္။

အသက္၃၉ႏွစ္ရွိအီဘရာဟီမိုဗစ္ဟာစီးရီးေအရာသီေႏွာင္းပိုင္းတြင္ဒူးဒဏ္ရာရရွိခဲ့မႈေၾကာင့္ဆြီဒင္ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

သူဟာ၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကေအစီမီလန္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၇ဂိုးသြင္းယူကာေအစီမီလန္ကိုအမွတ္ေပးဇယားအဆင့္၂ေနရာတြင္ရပ္တည္ႏိုင္ေအာင္ကူညီခဲ့ပါတယ္။