လောင်းကစားစွဲနေခဲ့မှုကြောင့် ပွဲပယ်လျှော့ပေါ့ခံလာခဲ့ရတဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူးအိုင်ဗန်တိုနေး

ဘရန့်ဖို့ဒ်တိုက်စစ်မှူးအိုင်ဗန်တိုနေးဟာ လောင်းကစားစွဲနေခဲ့မှုကြောင့် ပွဲပယ်ပြစ်ဒဏ်အား လျှော့ပေါ့ ချမှတ်ခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရပါတယ်။

အိုင်ဗန်တိုနေးဟာ လွန်ခဲ့တဲ့တစ်ပတ်ကျော်တုန်းက အက်ဖ်အေရဲ့လောင်းကစားစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုကြောင့် ၈ လပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

အမှန်တကယ်တွင် အိုင်ဗန်တိုနေးဟာ ၁၁ လပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာဖြစ်ပြီး စိတ်ပညာကျွမ်းကျင်သူတစ်ဦးက အင်္ဂလန်တိုက်စစ်မှူးမှာ လောင်းကစားစွဲနေသူဖြစ်ကြောင်း သက်သေထွက်ဆိုမှုနှင့်အတူ ၃ လလျှော့ကာ ၈ လသာ ပွဲပယ်ခံရတာ ဖြစ်ပါတယ်။

အိုင်ဗန်တိုနေးဟာ အခြားအားကစားနည်းများကို လောင်းမှု စွဲနေတာမဟုတ်ဘဲ ဘောလုံးပွဲများကို လောင်းကစားခြင်း စွဲလန်းနေခဲ့တာလည်း ဖြစ်ပါတယ်။

တဖက်တွင် အက်ဖ်အေဟာ လောင်းကစားစည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် စွဲချက်ပေါင်း ၂၃၂ ခု စွဲချက်တင်ခြင်းခံခဲ့ရတဲ့ အိုင်ဗန်တိုနေးကို ၁၅ လအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အိုင်ဗန်တိုနေးဟာ အက်ဖ်အေရဲ့ အင်တာဗျူးခြင်းခံရချိန်တွင် လိမ်လည်ထွက်ဆိုများဆက်တိုက်ပြုလုပ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ အက်ဖ်အေဟာ အိုင်ဗန်တိုနေးမှာ လောင်းကစားစွဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုခံယူခဲ့ရကြောင်း စိတ်ပညာတစ်ဦးက ထွက်ဆိုလာမှုနှင့်အတူ ပွဲပယ်ပြစ်ဒဏ်ကို လျှော့ခဲ့ပြီး ၈ လသာချမှတ်ခဲ့ပါတယ်။