လောင်းကစားအရှုပ်တော်ပုံပြဿနာကြုံနေတဲ့ ချဲလ်ဆီးစတားဟောင်းကော့စတာ

ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဒီယေဂိုကော့စတာဟာဘရာဇီးရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုပြုလုပ်နေတဲ့လောင်းကစားအရှုပ်တော်ပုံတွင်ပါဝင်ပတ်သက်နေကြောင်းသိရပါတယ်။

အသက်၃၂နှစ်ရှိစပိန်တိုက်စစ်မှူးဟာဘရာဇီးကလပ်အက်သလက်တီကိုမီနိုင်းရိုးတွင်ကစားနေသူဖြစ်ပြီးဘရာဇီးရဲတပ်ဖွဲ့ကစစ်ဆေးမှုပြုလုပ်နေတဲ့လောင်းကစားအရှုပ်တော်ပုံတွင်ပါဝင်နေတဲ့သူများထဲတစ်ဦးဖြစ်နေကြောင်းဘရာဇီးမီဒီယာများကရေးသားနေပါတယ်။

ဘရာဇီးရဲတပ်ဖွဲ့ကတော့လောင်းကစားအရှုပ်တော်ပုံတွင်ပါဝင်နေသူများတွင်ဒီယေဂိုကော့စတာပါဝင်ကြောင်းလူသိရှင်ကြားကြေညာခြင်းတော့မရှိသေးပါဘူး။ဒါပေမယ့်၎င်းတို့ကဘောလုံးသမားတစ်ဦးလည်းပါဝင်ပတ်သက်နေကြောင်းဆိုထားပါတယ်။

ဘရာဇီးရဲတပ်ဖွဲ့ဟာလောင်းကစားဝက်ဘ်ဆိုက် Esportnet နှင့်ပါဝင်ပတ်သက်တဲ့သူများကိုစစ်ဆေးမှုပြုလုပ်နေတာဖြစ်ပြီးယင်းလူများမှာငွေကြေးခဝါချခြင်း၊နိုင်ငံခြားလဲလှယ်ခြင်းတို့အပြင်ဒုစရိုက်မှုများနှင့်ဆက်စပ်နေကြောင်းဆိုထားပါတယ်။

ဘရာဇီးမီဒီယာအချို့တို့ကရဲတပ်ဖွဲ့ဝင်များဟာဒီယေဂိုကော့စတာရဲ့နေအိမ်ကိုစီးနင်းရှာဖွေမှုများပြုလုပ်ထားကြောင်းဖော်ပြနေပါတယ်။ဘရာဇီးရဲတပ်ဖွဲ့ဟာအထက်ပါအမှုနှင့်ဆက်စပ်နေသူများထံပေါင်ပေါင်၁.၇၇သန်းသိမ်းဆည်းရမိထားကြောင်းသိရပါတယ်။

ZawGyi

ေလာင္းကစားအရႈပ္ေတာ္ပုံျပႆနာႀကဳံေနတဲ့ ခ်ဲလ္ဆီးစတားေဟာင္းေကာ့စတာ

ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဒီေယဂိုေကာ့စတာဟာဘရာဇီးရဲတပ္ဖြဲ႕ကစုံစမ္းစစ္ေဆးမႈျပဳလုပ္ေနတဲ့ေလာင္းကစားအရႈပ္ေတာ္ပုံတြင္ပါဝင္ပတ္သက္ေနေၾကာင္းသိရပါတယ္။

အသက္၃၂ႏွစ္ရွိစပိန္တိုက္စစ္မႉးဟာဘရာဇီးကလပ္အက္သလက္တီကိုမီႏိုင္း႐ိုးတြင္ကစားေနသူျဖစ္ၿပီးဘရာဇီးရဲတပ္ဖြဲ႕ကစစ္ေဆးမႈျပဳလုပ္ေနတဲ့ေလာင္းကစားအရႈပ္ေတာ္ပုံတြင္ပါဝင္ေနတဲ့သူမ်ားထဲတစ္ဦးျဖစ္ေနေၾကာင္းဘရာဇီးမီဒီယာမ်ားကေရးသားေနပါတယ္။

ဘရာဇီးရဲတပ္ဖြဲ႕ကေတာ့ေလာင္းကစားအရႈပ္ေတာ္ပုံတြင္ပါဝင္ေနသူမ်ားတြင္ဒီေယဂိုေကာ့စတာပါဝင္ေၾကာင္းလူသိရွင္ၾကားေၾကညာျခင္းေတာ့မရွိေသးပါဘူး။ဒါေပမယ့္၎တို႔ကေဘာလုံးသမားတစ္ဦးလည္းပါဝင္ပတ္သက္ေနေၾကာင္းဆိုထားပါတယ္။

ဘရာဇီးရဲတပ္ဖြဲ႕ဟာေလာင္းကစားဝက္ဘ္ဆိုက္ Esportnet ႏွင့္ပါဝင္ပတ္သက္တဲ့သူမ်ားကိုစစ္ေဆးမႈျပဳလုပ္ေနတာျဖစ္ၿပီးယင္းလူမ်ားမွာေငြေၾကးခဝါခ်ျခင္း၊ႏိုင္ငံျခားလဲလွယ္ျခင္းတို႔အျပင္ဒုစ႐ိုက္မႈမ်ားႏွင့္ဆက္စပ္ေနေၾကာင္းဆိုထားပါတယ္။

ဘရာဇီးမီဒီယာအခ်ိဳ႕တို႔ကရဲတပ္ဖြဲ႕ဝင္မ်ားဟာဒီေယဂိုေကာ့စတာရဲ႕ေနအိမ္ကိုစီးနင္းရွာေဖြမႈမ်ားျပဳလုပ္ထားေၾကာင္းေဖာ္ျပေနပါတယ္။ဘရာဇီးရဲတပ္ဖြဲ႕ဟာအထက္ပါအမႈႏွင့္ဆက္စပ္ေနသူမ်ားထံေပါင္ေပါင္၁.၇၇သန္းသိမ္းဆည္းရမိထားေၾကာင္းသိရပါတယ္။