လောင်းကြေးရှုံးမှုကြောင့် သတင်းစာရှင်းလင်းပွဲသို့ ပဝါပတ်ပြီး အဝတ်မဲ့တက်ခဲ့ရတဲ့ ရွိုင်ရယ်အန့်ဝတ်နည်းပြ

ရွိုင်ယန်အန့်ဝတ်နည်းပြဘရိုင်ယန်ပရီစကီးဟာသတင်းစာရှင်းလင်းပွဲသို့အဝတ်မဲ့တက်ရောက်ခဲ့ပြီးအားလုံးကိုဖွင့်ချပြခဲ့ပါတယ်။

အသက်၄၄နှစ်ရှိနည်းပြဟာယူရိုပါလိဂ်အုပ်စုအဆင့်သို့တက်ရောက်လျှင်ပွဲပြီးသတင်းစာရှင်းလင်းပွဲသို့အဝတ်မဲ့တက်ရောက်မယ်လို့ကစားသမားများကိုကတိပြုခဲ့မှုနဲ့အတူ ယင်းသို့ပြုလုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ရွိုင်ရယ်အန့်ဝတ်ဟာယူရိုပါလိဂ်ပလေးအော့ဖ်အဆင့်ပထမအကျော့တွင်အေစီအိုမိုနီယာအား၄-၂ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဒုတိယအကျော့တွင်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။၎င်းတို့ဟာပင်နယ်တီအဆုံးအဖြတ်တွင်၃-၂ဖြင့်အနိုင်ရရှိကာအုပ်စုအဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်းဒိန်းမတ်လူမျိုးနည်းပြဟာပွဲပြီးသတင်းစာရှင်းလင်းပွဲသို့ပါဝါလေးအောက်ပိုင်းတွင်ပတ်ကာအဝတ်မဲ့တက်ရောက်ခဲ့ပါတယ်။

ဒိန်းမတ်အတွက်၂၄ပွဲကစားခဲ့တဲ့၎င်းက “တောင်းပန်ပါတယ်ဗျ။ပွဲမတိုင်ခင်တုန်းကကစားသမားတွေနဲ့လောင်းကြေးစားကြေးလုပ်ခဲ့တယ်။အနိုင်ရရင်သတင်းစာရှင်းလင်းပွဲသို့အဝတ်မဲ့တက်မယ်လို့ကတိပေးခဲ့တယ်။ကျွန်တော်တို့လုပ်နိုင်ခဲ့တယ်”လို့ပြောကြားသွားခဲ့ပါတယ်။

ဒိန်းမတ်လက်ရွေးစင်ကစားသမားဟောင်းဟာ၂၀၀၅-၀၆ဘောလုံးရာသီတုန်းကပို့စ်မောက်မှာကစားခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

ဘယ်လ်ဂျီယံကလပ်ဟာယူရိုပါလိဂ်အုပ်စုအတွင်းမှာအိုလံပီယာကို့စ်၊ဖရန့်ဖတ်၊ဖီနာဘာချီတို့နှင့်အတူအုပ်စုကျပ်အတွင်းကျရောက်နေပါတယ်။

ZawGyi

ေလာင္းေၾကးရႈံးမႈေၾကာင့္ သတင္းစာရွင္းလင္းပြဲသို႔ ပဝါပတ္ၿပီး အဝတ္မဲ့တက္ခဲ့ရတဲ့ ႐ြိဳင္ရယ္အန႔္ဝတ္နည္းျပ

႐ြိဳင္ယန္အန႔္ဝတ္နည္းျပဘ႐ိုင္ယန္ပရီစကီးဟာသတင္းစာရွင္းလင္းပြဲသို႔အဝတ္မဲ့တက္ေရာက္ခဲ့ၿပီးအားလုံးကိုဖြင့္ခ်ျပခဲ့ပါတယ္။

အသက္၄၄ႏွစ္ရွိနည္းျပဟာယူ႐ိုပါလိဂ္အုပ္စုအဆင့္သို႔တက္ေရာက္လွ်င္ပြဲၿပီးသတင္းစာရွင္းလင္းပြဲသို႔အဝတ္မဲ့တက္ေရာက္မယ္လို႔ကစားသမားမ်ားကိုကတိျပဳခဲ့မႈနဲ႔အတူ ယင္းသို႔ျပဳလုပ္ခဲ့ရတာလည္းျဖစ္ပါတယ္။

႐ြိဳင္ရယ္အန႔္ဝတ္ဟာယူ႐ိုပါလိဂ္ပေလးေအာ့ဖ္အဆင့္ပထမအေက်ာ့တြင္ေအစီအိုမိုနီယာအား၄-၂ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဒုတိယအေက်ာ့တြင္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။၎တို႔ဟာပင္နယ္တီအဆုံးအျဖတ္တြင္၃-၂ျဖင့္အႏိုင္ရရွိကာအုပ္စုအဆင့္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဒိန္းမတ္လူမ်ိဳးနည္းျပဟာပြဲၿပီးသတင္းစာရွင္းလင္းပြဲသို႔ပါဝါေလးေအာက္ပိုင္းတြင္ပတ္ကာအဝတ္မဲ့တက္ေရာက္ခဲ့ပါတယ္။

ဒိန္းမတ္အတြက္၂၄ပြဲကစားခဲ့တဲ့၎က “ေတာင္းပန္ပါတယ္ဗ်။ပြဲမတိုင္ခင္တုန္းကကစားသမားေတြနဲ႔ေလာင္းေၾကးစားေၾကးလုပ္ခဲ့တယ္။အႏိုင္ရရင္သတင္းစာရွင္းလင္းပြဲသို႔အဝတ္မဲ့တက္မယ္လို႔ကတိေပးခဲ့တယ္။ကြၽန္ေတာ္တို႔လုပ္ႏိုင္ခဲ့တယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ဒိန္းမတ္လက္ေ႐ြးစင္ကစားသမားေဟာင္းဟာ၂၀၀၅-၀၆ေဘာလုံးရာသီတုန္းကပို႔စ္ေမာက္မွာကစားခဲ့ဖူးတဲ့သူျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံကလပ္ဟာယူ႐ိုပါလိဂ္အုပ္စုအတြင္းမွာအိုလံပီယာကို႔စ္၊ဖရန႔္ဖတ္၊ဖီနာဘာခ်ီတို႔ႏွင့္အတူအုပ္စုက်ပ္အတြင္းက်ေရာက္ေနပါတယ္။