လော့ဒေါင်းစည်းမျဉ်းချိုးဖောက်မှု၍ ဘယ်လ်ဂျီယံတိုက်စစ်မှူး မော်စကိုအပို့ခံရ
ဘယ်လ်ဂျီယံတိုက်စစ်မှူးဒရစ်ကဟာလော့ဒေါင်းစည်းမျဉ်းချိုးဖောက်ကာပါတီပွဲပြုလုပ်မှုအတွက်ထောင်နန်းစံမြန်းရတော့မှာဖြစ်ပါတယ်။ဘရုဂျက်နှင့်ဘယ်လ်ဂျီယံယူ-၂၁တိုက်စစ်မှူးဟောင်းဟာလက်ရှိအချိန် တွင် KVC Westerlo မှာကစားနေသူဖြစ်ပါတယ်။
ဒရစ်ဟာကိုဗစ်စည်းမျဉ်းချိုးဖောက်မှုကြောင့်ထောင်ဒဏ်၁လချမှတ်ခြင်းခံခဲ့ရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကရဲတပ်ဖွဲ့ဝင်များဟာအိမ်နီးချင်းများရဲ့တိုင်ကြားမှုကြောင့်အန့်ဝတ်ရှိတိုက်စစ်မှူးရဲ့တိုက်ခန်းကိုဝင် ရောက်စီးနင်းခဲ့ပါတယ်။
ဒရစ်ရဲ့တိုက်ခန်းတွင်အခြားဘောလုံးသမားလေးဦး၊နယ်သာလန်မှအမျိုးသမီးသုံးဦးအပါအဝင်စုစုပေါင်း၁၄ ဦးတို့ဟာပါတီပွဲပြုလုပ်နေခဲ့ကြတာပါ။
အစိုးရရှေ့နေကဒရစ်ကိုထောင်ဒဏ်၃လနှင့်ဒဏ်ငွေပေါင်၃၆၀၀ချမှတ်ရန်တောင်းဆိုခဲ့သော်လည်းတရားသူကြီးကထောင်ဒဏ်တစ်လနှင့်ပေါင်၇၀၀ဒဏ်ရိုက်ရန်သာဆုံးဖြတ်ခဲ့ပါတယ်။
ZawGyi